BREAKING
April 21, 2025

သတင်း

ရနောင်း-ကော့သောင်းလမ်းမှ ပြန်လိုသူများ သံအရာရှိထံ စာရင်းပေး ပြန်နိုင်

diz_admin

June 1, 2020

ရနောင်း-ကော့သောင်းလမ်းမှ နေရပ်ပြန်လိုသော ထိုင်းရောက်မြန်မာများနှင့် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံရုံးတွင် စာရင်းပေးသွင်းကာပြန်နိုင်ကြောင်း မြန်မာအလုပ်သမားသံအရာရှိ(ထိုင်းတောင်ပိုင်း) ဦးကျော်စိုးဝေက ပြောသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ထိုင်း-မြန်မာနယ်ခြား ရနောင်း-ကော့သောင်းနယ်စပ်ဖြတ်ကျော်ဂိတ်ကို ယာယီပိတ်ထားရာ ယင်းလမ်းမှအိမ်ပြန်လိုသော မြန်မာများအနေဖြင့် ရနောင်းမြို့ရှိ မြန်မာအလုပ်သမားသံရုံးတွင်စာရင်းပေးကာ အိမ်ပြန်နိုင်မည် ဖြစ်သည်။ ရနောင်းသံရုံးနှင့် အလှမ်းဝေးကွာသူများအနေဖြင့် မိမိနေထိုင်ရာဒေသရှိ အလုပ်သမားအရေးကူအညီပေးသည့် အသင်းအဖွဲ့များနှင့် ဆက်သွယ်၍လည်းကောင်း၊ Myanmar Labour Attaché Office – ThailandFacebook စာမျက်နှာသို့အချက်အလက်များ ပေးပို့လျှောက်ထားနိုင်ကြောင်း ဦးကျော်စိုးဝေက ပြောသည်။ ပေးပို့ရမည့်အချက်အလက်များမှာ အမည်၊ နိုင်ငံကူးလက်မှတ်/မှတ်ပုံတင်အမှတ်၊ ထိုင်းတွင်လုပ်ကိုင်သည့် အလုပ်အမျိုးအစား၊ အလုပ်သမားအမျိုးအစား (MOU၊ CI၊ PJ၊ PV၊ Boder Pass၊ အထောက်အထားမဲ့)၊ ထိုင်းတွင် နေထိုင်သည့်လိပ်စာ၊ အလုပ်ရှင်အမည်၊ မြန်မာပြည်တွင် နေထိုင်သည့်လိပ်စာ၊ […]

မောတောင်တရားမဝင် လမ်းကြောင်းများ ကိုဗစ်ကာကွယ်ရေး စိန်ခေါ်မှုဖြစ်နေ

diz_admin

June 1, 2020

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင်တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်လျှောက်ရှိ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်မှု ရှိနေသည့်အတွက် ကိုဗစ်အတွက် စိန်ခေါ် မှုတစ်ခုဖြစ်နေရကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဆိုင်ကယ်ကယ်ရီမောင်းသူတချို့က ထိုင်းနိုင်ငံပရာကျွတ်မြို့မှ တောလမ်းအတိုင်းဖြတ်သန်းကာ မောတောင်သို့ ပို့ဆောင်မှုများရှိနေခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပြသည်။ “ခိုးလမ်းကနေ တက်လာတာ အတော်အန္တရာယ်များတယ်။ တက်လာတဲ့သူရော သူ့နေရပ်ရော မိသားစုအတွက်ပါ အန္တရာယ်များတယ်” ဦးအောင်ကျော်ဟိန်းက ပြောသည်။ ယင်းကဲ့သို့ ကိုဗစ်ကာလအတွင်း တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာကြပြီး နေရပ်သို့ပြန်လည်ရောက်ရှိသည့် ဦးရေမည်မျှရှိမည်ကိုမူ မသိနိုင်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။ မေလ ၁၂ ရက်နေ့က တရားမဝင်လမ်းကြောင်းမှဝင်လာသော ရွှေ့ပြောင်းအလုပ်သမားတွင် ကိုယ်အပူချိန်မြင့်မားနေသဖြင့် မောတောင်တိုက်နယ်ဆေးရုံတွင် အသွားအလာကန့်သတ်ကာ စောင့်ကြည့်ထားသည်။ မောတောင်နယ်စပ်တစ်လျှောက်တွင် တရားမဝင်လမ်းကြောင်းမှာ နေရာအများအပြားရှိနေကြောင်း […]

မြိတ်တွင် လက်ဖက်ရည်နှင့် စားသောက်ဆိုင် ငါးရာကျော်ဆိုင်ထိုင် ပြန်ရောင်းရန် ပြင်ဆင်

diz_admin

June 1, 2020

မြိတ်ရှိ လက်ဖက်ရည်နှင့်စားသောက်ဆိုင် ငါးရာကျော်ဆိုင်ထိုင် ပြန်လည်ရောင်းချရန် ပြင်ဆင်နေကြောင်းဆိုင်ရှင်များနှင့် မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ မြိတ်မြို့တွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် စုစုပေါင်းငါးရာကျော်မှာ ဧပြီလ၁ရက်နေ့မှ စတင်ကာဆိုင်ထိုင်စနစ်ရပ်နားကာ ပါဆယ်စနစ်ဖြင့်သာရောင်းချခဲ့ရသည်။ ယခုအခါယင်းဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့်ပြန်လည်ရောင်းချနိုင်ရေး ပြင်ဆင်နေကြောင်းမြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးက ပြောသည်။ “ရောင်းချလိုတဲ့ ဆိုင်တွေစည်းကမ်းနဲ့အညီ စနစ်တကျရောင်းချနိုင်ရေးအတွက် ကျွန်တော်တို့ကလည်းစိစစ်ပြီးတော့မှ ရောင်းချခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အရ စည်းကမ်းနှင့်အညီရောင်းချနိုင်ရေးအတွက် မေလ ၂၅ရက်က မြိတ်မြို့ပုလဲရတနာခန်းမတွင် တာဝန်ရှိသူများနှင့် လက်ဖက်ရည်ဆိုင်စားသောက်ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆိုင်ထိုင်စနစ်ပြန်ဖွင့်နိုင်ရေးပြင်ဆင်ရန် ဆယ်ရက်အချိန်ပေးထားပြီး ညွှန်ကြားချက်အတွင်း၌ ဆိုင်အတွင်းစားပွဲထားသိုရမည့် အနေအထား၊ စားသုံးသူနှင့် ရောင်းချသူဝန်ထမ်းများလိုက်နာရမည့် အချက်အလက်များပါဝင်ပြီး အချက်အလက်အနည်းငယ်သာ လိုက်နာရန် အခက်အခဲရှိကြောင်း မြိတ်မြို့မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးအောင်ဇော်ဝင်းက ပြောကြားသည်။ “ဝန်ထမ်းတွေပြန်ခေါ်ဖို့ အခက်အခဲတော့ ရှိတယ်။ […]

ကိုဗစ်ရောဂါ ဖြစ်ပွားသူ လေးဦးနှင့်အထက်ရှိသည့်မြို့များမှ မြိတ်သို့လာသူများ ကျူဝင်ရမည်

diz_admin

June 1, 2020

ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားသူ ၄ ဦးနှင့်အထက်ရှိသည့်မြို့များမှ မြိတ်သို့လာသူများအနေဖြင့် မေလ ၁၉ ရက်နေ့မှစပြီး အသားအလာကန့်သတ်စောင့်ကြည့်မှု ခံယူ (Quarantine ဝင်) ရမည်ဖြစ်ကြောင်း မြိတ်ဒေသ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုကော်မတီ အထွေထွေအတွင်းရေးမှူး (၁) ဦးဥက္ကာမင်းထံမှ သိရသည်။ အသားအလာကန့်သတ် စောင့်ကြည့်မှုခံယူရခြင်း (Quarantine ဝင်ခြင်း)ကို အရပ်စကားဖြင့် အင်္ဂလိပ်စာလုံး၏ အရှေ့တစ်လုံးကိုအတိုကောက်ယူကာ ကျူဝင်သည်ဟု ပြောကြသည်။ ရောဂါပိုးတွေ့ရှိသူ လေးဦးနှင့်အထက်ရှိသည့်မြို့များမှလွှဲပြီး အခြားမြို့များမှ လာသူများအနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေး၊ မြို့နယ်များတွင် နေထိုင်သူဖြစ်ကြောင်း ထောက်ခံချက်နှင့် ကျန်းမာရေးဌာန၏ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း ဦးဥက္ကာမင်းက ပြောသည်။ “ထောက်ခံစာတွေ ပြပေးလိုက်တော့ Quarantine မဝင်ရတော့ဘူး” ဟု ဇေယျာသီရိ ၂ ရပ်ကွက်နေ အသက် ၃၀ နှစ်ကျော်ရှိ […]

ထီးခီးလမ်း သာမန်ပြင်ထိန်းစရိတ် ရန်ပုံငွေ သိန်းတစ်ရာရရှိ

diz_admin

June 1, 2020

ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် ထီးခီးလမ်းကို သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ရန်ပုံငွေကျပ်သိန်းတစ်ရာရရှိထားကြောင်း ထားဝယ်ခရိုင်လမ်းဦးစီးဌာနထံမှ သိရသည်။ မိုးရာသီတွင် အဆိုပါလမ်းရှိနေရာအချို့၌ ပျက်စီးမှုများဖြစ်လေ့ရှိပြီး ကားများခက်ခဲစွာ သွားရလေ့ရှိသည်။ ရရှိသည့်ရန်ပုံငွေဖြင့် ပြီးခဲ့သည့်နှစ်က တောင်ပြိုထားသည့်နေရာများကို ရှင်းလင်းခြင်း၊ ဖုန်ထူနေသည့်နေရာများကို ကျောက်ရောမြေခင်းခြင်းများ ဆောင်ရွက်နေကြောင်း လမ်းဦးစီးဌာန ထားဝယ်ခရိုင်ဦးစီးမှူး ဦးနေအောင်ထူးက ဆိုသည်။ “ဖုန်တွေတအားထူသွားတဲ့ နေရာတွေ အဲဒါတွေဗွက်တန်းဖြစ်မှာစိုးလို့၊ အဲဒါတွေကို ရေမဝပ်အောင် ကျောက်ရောမြေတွေ ပြန်ဖို့တာရှိတယ်” ဟု ဦးနေအောင်ထူးက ပြောသည်။ယင်းအပြင် အဆိုပါလမ်းပိုင်း မတ်စောက်သည့်နေရာများရှိ ချိုင့်ခွက်များကိုလည်း ကျောက်ရောမြေဖြင့် ဖြည့်နေကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကလည်း ရန်ပုံငွေကျပ် သိန်းသုံးထောင်ကျော်သုံးစွဲကာ ပြုပြင်ထိန်းသိမ်းခဲ့သည်။ အဆိုပါထီးခီးလမ်းကို အဆင့်မြှင့်ရန် ထိုင်းနိုင်ငံထံမှချေးငွေယူရန် မြန်မာအစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကာ ချေးငွေရယူရေးအတွက် အဆင့်ဆင့်လုပ်ဆောင်နေဆဲဖြစ်သည်။ ယင်းလမ်းကို ထိုင်းနိုင်ငံ၏ စံနှုန်းဖြစ်သည့် […]

ကမြောကင်းတံတားအသစ် မြေကြီးစမ်းသပ်တိုင်းတာရေးဘတ်ဂျက် ထက်ဝက်ကျော် ပြန်အပ်

diz_admin

June 1, 2020

ကိုဗစ်ကပ်ဘေးကြောင့် ထားဝယ်မြစ်ကူးတံတားအသစ်တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းအတွက် ချထားပေးသည့် ဘတ်ဂျက်ထက်ဝက်ကျော် ပြန်အပ်လိုက်ရကြောင်း တံတားဦးစီးဌာနတည်ဆောက်ရေးအဖွဲ့(၄) ထံမှ သိရသည်။ မြစ်ကူးတံတားအသစ်ကို DDPC ဈေးဝယ်စင်တာနှင့် ကမြောကင်းတံတားအကြားနေရာ အဆိုပြုနေရာ ၁ (Alignment-1) တွင် တည်ဆောက်ရန်အတွက် မြေသားနမူနာယူခြင်း၊ တံတားပုံစံထုတ်ခြင်းစသည့် အကြိုအင်ဂျင်နီယာလုပ်ငန်းများအတွက် လက်ရှိဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်းပေါင်း ၅၀ဝ ခွင့်ပြုထားသည်။ လက်ရှိ ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်တွင် ပြည်ထောင်စုအစိုးရကဌာနများအတွက် ခွင့်ပြုပြီးဘတ်ဂျက်အချို့ကို ပြန်အပ်ခိုင်းရာ ကမြောကင်းတံတားအသစ် အကြိုအင်ဂျင်နီယာလုပ်ငန်းအတွက် ခွင့်ပြုဘတ်ဂျက်မှ ကျပ်သိန်း ၃၀ဝ ကို ပြန်အပ်လိုက်ရကြောင်း တည် ဆောက်ရေးအဖွဲ့ ၄ မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်းက ဆိုသည်။ “သန်းနှစ်ဆယ်က လုံလောက်ပါတယ်။ ကျွန်တော်တို့က မြေစမ်းတာနဲ့ ပုံထုတ်တာပဲလေ” ဟု ဦးကျော်မျိုးထွန်းက ပြောသည်။ လက်ရှိတွင် မြေသားစမ်းသပ်သည့် […]

စည်းကမ်းမလိုက်နာသည့် ဈေးဆိုင် ၅၀ကို စတင်အရေးယူ

diz_admin

June 1, 2020

မွန်ပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုမလိုက်နာသည့် ဈေးဆိုင်ခန်း၅၀ကို အရေးယူထားကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံ မှသိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ပြည်နယ်အတွင်းရှိ စားသောက်ကုန်ဆိုင်များမှလွဲပြီး ဈေးဆိုင်များအားလုံးကို သင်္ကြန်မတိုင်ခင်ကပိတ်ထားခဲ့ရာမှ မေလ၁၆ ရက်မှစပြီး ဈေးဆိုင်များအားလုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ ပြန်ဖွင့်ခွင့်ပေးရာတွင်ဈေးဆိုင်များအနေနှင့် သတ်မှတ်ထားသောဈေးဆိုင် ဧရိယာထက်ကျော်လွန်၍ ကျူးကျော်တည်ခင်းရောင်းချခြင်းမပြုရန်၊ ဆိုင်ခန်းတစ်ခန်းလျှင်ဆိုင်ရှင် အပါအဝင်အများဆုံး ၃ဦးသာရောင်းချရန်၊ ဈေးသည်များအားလုံးမဖြစ်မနေနှာခေါင်းစည်းတပ်ရန်စသည့် အချက်၈ချက်ပါစည်းကမ်းချက်ကို ဈေးဆိုင်ခန်းပိုင်ရှင်များက ခံဝန်ကတိ လက်မှတ်ရေးထိုးထားခဲ့ရသည်။ “စည်းကမ်းချက်အတိုင်း လိုက်နာမှုရှိမရှိကို ကျွန်တော်တို့ကွင်းဆင်း စစ်ဆေးတယ်။ ကွင်းဆင်းစစ်ဆေးတဲ့နှစ်ရက်အတွင်းမှာ ဖောက်ဖျက်သူ ၅၀ ကိုစာရင်း ကောက်ယူရရှိထားပါ တယ်။ သူတို့ကို ထုတ်ပြန်ထားတဲ့စည်းကမ်းချက်အတိုင်း အရေးယူထားတယ်” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဖက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။ စည်းကမ်းဖောက်ဖျက်သည့် ဈေးဆိုင်၅၀ကိုထုတ်ပြန်ထားသည့် စည်းကမ်းချက်ပါအတိုင်းပထမအကြိမ်အရေးယူမှုအဖြစ် ဈေးရောင်းချခွင့် ၃ ရက်ပိတ်သိမ်းစေခဲ့ကြောင်း […]

မြေပြိုနိုင်သည့်နေရာတွင် နေထိုင်သူများကို ကြိုတင် သတိပေးမည်

diz_admin

June 1, 2020

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းက မြေပြိုမှုဖြစ်နိုင်သည့်နေရာများတွင် နေထိုင်သူများကို မြေပြိုခြင်းနှင့် ပတ်သက်သည့် ကြိုတင်သတိပေးမှုများ လုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုဖြစ်ပွားပြီးနောက် ပေါင်မြို့နယ်အတွင်းရှိ တောင်တန်းများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဖွဲ့စည်းတာဝန်ပေးထားသည့် ဘူမိဗေဒကျွမ်းကျင်ပညာရှင်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ မြေပြိုမှုဖြစ်နိုင်သည့်နေရာ ၂၁ နေရာ တွေ့ရှိထားသည်။ အဆိုပါ နေရာများအနက် ၁၄ နေရာသည် ယခင်က မြေပြိုခဲ့ဖူးသည့်နေရာများဖြစ်ပြီး နောက်ထပ်မြေပြိုရန် အလားအလာပိုများသည့်နေရာများဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။ “မြေပြိုနိုင်တဲ့နေရာက ပြည်သူတွေကို သတိပေးနိုင်တဲ့အဆင့်လောက်ပဲ ပေးလို့ရမှာ။ ပတ်ဝန်းကျင် အားလုံးအကုန်လုံး ရွှေ့ပြောင်းဖို့ ဘာဖို့က လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ သို့သော် အဆိုပါနေရာ ၂၁ […]