BREAKING
February 24, 2025

သတင်း

ထားဝယ်မြစ်ကူးတံတားအသစ်ဆောက်ရန် မြေသားစတင်စမ်းသပ်

diz_admin

January 29, 2020

ထားဝယ်မြစ်ကူးတံတား အသစ် ဆောက်ရန် မြေသားစမ်းသပ်သည့် လုပ်ငန်းများကို ယခုလအစောပိုင်းတွင် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)ထံမှ သိရသည်။ မြစ်ကူးတံတားအသစ်ကို DDPC ဈေးဝယ်စင်တာနှင့် ကမြောကင်းတံတား အကြားနေရာတွင် တည်ဆောက်ရန်အတွက် မြေသားနမူနာယူသည့်စက်ဖြင့် လုပ်ဆောင်နေကြောင်း တည်ဆောက်ရေး အဖွဲ့(၄)မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်းက ဆိုသည်။ ယင်းနေရာရှိ မြေသားနမူနာများကို ကုန်းပေါ်နှင့် ရေအောက်ရှိ နေရာ ၇ ခု တွင် ယူရမည်ဖြစ်ပြီး လက်ရှိတွင် ကုန်းပေါ်ရှိနေရာ ၂ ခုတွင် ယူပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ “တံတားပုံစံကို ဒီမြေသားအပေါ်မှာ မူတည်ပြီးတော့ ပုံစံထုတ်ရမှာပါ”ဟု ဦးကျော်မျိုးထွန်းက ပြောသည်။ ထားဝယ်မြစ်ကူးတံတား အသစ် ဆောက်ရန် မြေသားစမ်းသပ်ခြင်း၊ တံတားပုံ ထုတ်ခြင်း၊ စီမံကိန်းဧရိယာသတ်မှတ် ရှင်းလင်းခြင်း […]

ပျောက်ဆုံးအမျိုးသမီး အချိန်တစ်လကြာအထိ ပြန်မတွေ့သေး

diz_admin

January 29, 2020

ထားဝယ်မြို့ရှိ နေအိမ်မှ ပျောက်ဆုံးသွားပြီး ၎င်းအဖမ်းခံထားရသည်ဟု ဖုန်းဆက်ပြောဆိုလာသည့် အမျိုးသမီးကို အချိန်တစ်လကြာသည်အထိ ပြန်မတွေ့ သေးကြောင်း မိသားစုဝင်များထံမှ သိရသည်။ သင်္ဘောဆိပ်ရပ်ကွက်နေ အသက် ၂၂ နှစ်အရွယ်ရှိ မယုဇနဝေ ခေါ် ညီမလေးသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် ညနေပိုင်းက နေအိမ်မှ ပျောက်ဆုံးသွားခဲ့သည်။ ပျောက်ဆုံးပြီး တစ်ပတ်အကြာတွင် Mytel ဆင်းကတ်ဖြင့် ၎င်းမှာ မည်သည့်နေရာကို ရောက်ရှိနေမှန်းမသိဘဲ ပင်လယ်ကမ်းခြေကိုသာ မြင်တွေ့ရသည်ဟု မိခင်ဖြစ်သူကို ငိုယိုပြီးပြောဆိုခဲ့သည်ဟု ဆိုသည်။ အမျိုးသမီးငယ်ပျောက် ဆုံးမှုနှင့် ပတ်သက်၍ ရဲစခန်းတွင် လူပျောက်မှုဖြင့် အမှုဖွင့်ထားသည်။ ရဲစခန်းသို့ တိုင်ကြားထားမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းနေသည် ဟုဆိုသော်လည်း ပျောက်ဆုံးပြီးအချိန် တစ်လကြာသည်အထိ ထူးခြားမှုမရှိသေးကြောင်း ပျောက်ဆုံးနေသည့် မိန်းကလေး၏ […]

မောင်းမကန်တွင် တရားမဝင် တည်းခိုခန်းများကို အရေးယူမည်ဟုဆို

diz_admin

January 29, 2020

ထားဝယ်ဒေသ၏ နာမည်ကြီးမောင်း မကန်ကမ်းခြေအနီးတစ်ဝိုက်တွင် တရား မဝင် ဖွင့်လှစ်ထားသော တည်းခိုခန်း များကို အရေးယူမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောကြားလိုက်သည်။ မောင်းမကန်ကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ဟိုတယ်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ် ၃ ခုရှိပြီး စည်ပင်သာယာရေးလိုင်စင်ဖြင့် ဖွင့်ထားသည့် တည်းခိုခန်း ၃ ခုရှိကြောင်း သက်ဆိုင်ရာ ဌာနများထံမှ သိရသည်။ မောင်းမကန်ကမ်းခြေတွင် တည်းခိုခန်း၊ ဘန်ဂလို၊ ဟိုတယ် အမည်တပ် တည်းခိုခန်းပေါင်းများစွာ ရှိသော်လည်း လိုင်စင်ရသူမှာ အနည်းငယ်သာ ရှိသည်။ ယင်းကဲ့သို့ တရားဝင်လိုင်စင်မရှိဘဲ ဖွင့်ထားသည့် တည်းခိုခန်းများကို စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူနိုင်ရန် အစိုးရက ပြောဆိုလာခြင်း ဖြစ်သည်။ “သူ့ကိုပဲ ပြန်ပြီးအရေးယူခိုင်းရ မယ်ပေါ့။ စည်ပင်ဥပဒေအရပေါ့နော်”ဟု ဦးကံထူးက ဆိုသည်။ လက်ရှိ […]

ကျိုက်မရောရှိ ရှေးဟောင်းသမိုင်းဝင် ခရုံဂူ ပြုပြင်မွမ်းမံမည်

diz_admin

January 29, 2020

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ သဘာ၀ထုံးကျောက်လိုဏ်ဂူတစ်ခုဖြစ် သည့် ခရုံဂူကို ပြုပြင်မွမ်းမံမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(မော်လမြိုင်ဌာနခွဲ)ထံမှ သိရသည်။ သဘာ၀ထုံးကျောက်လိုဏ်ဂူအမျိုး အစားဖြစ်သည့် ခရုံဂူကို ၁၉၇၅ ခုနှစ် မှစကာ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်ဦးစီးဌာနတို့က ထိန်းသိမ်းထားသည်။ နှစ်ကာလကြာမြင့်လာပြီး ပြုပြင်ထိန်းသိမ်းမှုအားနည်းသောကြောင့် ခရုံဂူအတွင်းရှိ ရှေးဟောင်းဘုရားဆင်းတု တော်များ ပျက်စီးယိုယွင်းလာနေသည့် အပြင် ဂူအတွင်း အပြင်ဝန်းကျင်တွင်လည်း သန့်ရှင်းမှုမရှိကြောင်း ဒေသခံနှင့် ဂေါပကအဖွဲ့တို့ထံမှ သိရသည်။ “ဂူရဲ့ သဘာ၀အရ လင်းနို့တွေ ခိုအောင်းမယ်။ စွတ်စိုထိုင်းမှိုင်းမှုတွေ ရှိမယ်ဆိုတဲ့အတွက်ကြောင့် ဆင်းတုတော်တွေမှာ ချေးညှော်ကပ်ငြိမှုတွေများလာ တဲ့အတွက်ကြောင့် ကြည်ညိုဖွယ်အဆင်း ဖြစ်အောင် ပြန်လည်ပြုပြင်မွမ်းမံရမယ့် အနေအထားမျိုး ရှိပါတယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မော်လမြိုင်ဌာနခွဲ)တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဟန်က […]

ယာဉ်တိုက်မှုထက်ဝက်ကျော် ဆိုင်ကယ်ကြောင့်

diz_admin

January 29, 2020

မွန်ပြည်နယ်အတွင်း ဖြစ်ပွားသော ယာဉ်တိုက်မှုဖြစ်စဉ်များအနက် ၅၉ ရာခိုင်နှုန်းသည် မော်တော်ဆိုင်ကယ်များကြောင့် ဖြစ်ကြောင်း အမှတ်(၁၂) ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး(မွန်)ထံမှ သိရသည်။ မော်တော်ဆိုင်ကယ်မောင်းနှင်သူအများစုသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အသိပညာအားနည်းခြင်းနှင့် စည်းကမ်းမလိုက်နာ ခြင်းကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားမှု ပိုများလာကြောင်း အထက်ပါရုံးမှ ဒုရဲမှူးထွန်းထွန်းက ပြောသည်။ “ဆိုင်ကယ်ဆိုတာက ကီလို ၄၀၊ ၅၀ လောက်ပဲမောင်းတာ အကောင်းဆုံးပါ။ ကိုယ့်ရှေ့မှာ တစ်ခုခုကို ရုတ်တရက် ဖြစ်လာရင် ဘရိတ်အုပ်နိုင်ဖို့ ခက်တယ်။ အခုတော့ အရှိန်နဲ့ မောင်းတယ်။ လမ်းပြည့် မောင်းတယ်။ မီးနီ ဖြတ်မောင်းတယ်။ ဦးထုပ်လည်း မဆောင်းဘူး။ နောက် မူးပြီး မောင်းတယ်။ လူပိုတင်မောင်းနေတာတွေ ကြောင့်ဖြစ်တယ်။ ယာဉ်စည်း ကမ်းနားမလည်တာ ယာဉ်စည်းကမ်း မလိုက်နာတာတွေကြောင့် […]

မွန်ပါတီ အမတ်လောင်း အမျိုးသမီးနှင့် လူငယ်များကို ဦးစားပေးမည်

diz_admin

January 29, 2020

၂၀၂၀ ခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်များအား ဦးစားပေး ရွေးချယ်သွားမည်ဟု မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်တို့က ပြောကြားသည်။ မွန်ညီညွတ်ရေးပါတီတွင် အမျိုးသမီးနှင့် လူငယ်ကို ဦးစားပေးသည့် မူဝါဒရှိပြီး ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်လျှောက်တင်လာသည့်အရေ အတွက်ပေါ် မူတည်ပြီး ဦးစားပေးရွေးချယ်သွားမည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။ “ကျွန်တော်တို့ကတော့ ဖိတ်ခေါ် ထားတယ်”ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။ မွန်ညီညွတ်ရေးပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို စိစစ်ရွေး ချယ်နိုင်ရေးအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ (ဗဟို)ကို အဖွဲ့ဝင် ၁၆ ဦးတို့နှင့် ဇန်နဝါရီလ ၁၂၊ ၁၃ ရက်တို့တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဖွဲ့စည်းခဲ့ပြီ ဖြစ်သည်။ […]

သောကြာပြင်ရွာ ဟိုတယ်စီမံကိန်း ရပ်နားထား

diz_admin

January 29, 2020

လောင်းလုံးမြို့နယ်၊ သောကြာပြင် ကျေးရွာလမ်းဆုံအနီး လယ်ယာမြေပေါ်တွင် ဟိုတယ်ဆောက်လုပ်မည်ဟု ရည်မှန်းလုပ်ဆောင်နေသော စီမံကိန်းမှာ အခြားနည်းအသုံးပြုခွင့် မကျသေးသဖြင့် ရပ်နားထားကြောင်း ဟိုတယ်ဆောက်ရန် စီစဉ်နေသည့် ဦးအောင်ကျော်သက်က ပြောကြားသည်။ ရှင်ကိုးရှင်ဘုရားဖူးဧည့်သည်များနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကို လာရောက်မည့်သူများကို ရည်ရွယ်ကာ ဟိုတယ်ဆောက်လုပ်ရန် စီစဉ်ထားသော်လည်း လတ်တလော ရပ်နားထားကြောင်း ၎င်းက ဆိုသည်။ ယင်းလယ်မြေကို လွန်ခဲ့သော လပိုင်းကတည်းက မြေဖို့ခဲ့သည်။ “ကျွန်တော်အမြင်အရကတော့ သေချာစိစစ်ပြီးရင် ခွင့်ပြုချက်ပေးသင့်တယ်။ အခုက ဒီလိုမဟုတ်ဘူး။ လယ်မြေတွေဆိုရင် ဘယ်လိုဟာမျိုးပဲ လုပ်လို့ရတယ်ဆိုတဲ့ ထိန်းချုပ်မှုတွေရှိနေတာက အလုပ်လုပ်ရတာ တော်တော်ခက်ခဲစေတယ်”ဟု ဦးအောင်ကျော်သက်က ဆိုသည်။ ယင်းလယ်မြေတွင် အခြားနည်း အသုံးပြုခွင့်လျှောက်ထားသည်မှာ ဗဟိုအဆင့်သို့ရောက်ရှိနေပြီ ဖြစ်သော်လည်း အခြားနည်းအသုံးပြုခွင့်မကျသေးကြောင်း ထားဝယ်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့၊ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောကြားသည်။ ဟိုတယ်ဆောက်ရန် ခွင့်ပြုချက် […]

ရေကန်ဘောင်တွင်းသို့ ငါးများပြန်ပြောင်းရန် အခက်အခဲဖြစ်နေဟုဆို

diz_admin

January 29, 2020

မြိတ်မြို့မြစ်ငယ်ရပ်ကွက်ရှိရေ ကန်ဘောင် (မင်္ဂလာကန်တော်)တွင် အောင်ဆီဂျင်ပါဝင်နှုန်းနည်းနေသဖြင့်ငါးများပြန်လည်ပြောင်းရွှေ့ရန်အခက်အခဲဖြစ်နေရကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။ မြိတ်ကမ်းနားလမ်းရှိ ပုလဲရတနာ ခန်းမတွင် ဇန်နဝါရီလ၂၁ရက်က ပြုလုပ် သည့်၂၀၂၀-၂၀၂၁ခုနှစ်ဘဏ္ဍာနှစ် အတွက် ဘတ်ဂျတ်လုပ်ငန်းများ လျာထားရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရေပုန်းရပ်ကွက်နေသူတစ်ဦးက ရေပုန်းရပ်ရေကန်တွင် ငါးများသေဆုံး နေသည့်အတွက် ရေကန်ဘောင်သို့ပြန် လည်ပြောင်း‌ရွှေ့ပေးရန်အစည်းအဝေးတွင် တင်ပြသည့်ကိစ္စနှင့် ပတ်သက်၍ စည်ပင်ကော်မတီဥက္ကဋ္ဌက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ကန်ကြီးရေကန်ဘောင်မှာရှိတဲ့ ရေချိုရဲ့အောင်ဆီဂျင်ပါဝင်မှုနှုန်းက အင်မတန်မှ နည်းနေသေးပါတယ်”ဟု ဦးမြတ်ကိုကိုက ပြောသည်။ ရေကန်ဘောင်အားပြန်လည်ပြုပြင် ပြီးအဆင့်မြှင့်တင်ရေးလုပ်ငန်းများအား ပြီးခဲ့သည့် ၂ နှစ်ဝန်းကျင်ခန့်ကစတင်လုပ်ကိုင်စဉ်က ကန်အတွင်းရှိငါးများအား ရေပုန်းရပ်ကွက်ရှိ ရေကန်သို့ယာယီ ပြောင်းရွှေ့ထားသည်။ လက်ရှိတွင်ရပ်ကွက်နေသူတစ်ချို့က ရေကန်ဘောင်တွင်းသို့ ငါးများအား ဘေးမဲ့လွှတ်ပေးရာ အချိန်တိုအတွင်းသေ ဆုံးမှုများရှိနေသဖြင့်အကြောင်းရင်းအား ရှာဖွေရာ အောက်ဆီဂျင်ပါဝင်မှုနှုန်းနည်းနေပြီး […]