BREAKING
January 14, 2025

သတင်း

တနင်္သာရီရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်တို့ တိုက်ခိုက်ခံရ

Dawei Watch

August 26, 2024

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို တစ်ရက်အတွင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှသိရသည်။ ဩဂုတ်လ ၂၄ရက် နံနက် ၈နာရီခွဲခန့်တွင် အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၅၇ တပ်ရင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၉နာရီခန့်တွင် တနင်္သာရီမြို့အဝင်ရှိ တံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။ ခမရ (၅၅၇) တိုက်ခိုက်မှုတွင် ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ညနေ ၃ နာရီခွဲခန့်တွင် တနင်္သာရီမြို့အဝင် ဗိုလ်ချုပ်ကြေးရုပ်အရှေ့ တောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ်၂၀ခန့် တိုက်ပွဲဖြစ်ပွားကြောင်း […]

လောင်းလုံး ကျေးရွာအချို့တွင် ကာလရှည်အရေပြားရောဂါဖြစ်

Dawei Watch

August 26, 2024

လောင်းလုံးမြို့နယ်ရှိ အောက်ကျောက်ဝပ်၊ ညောပြင်ကျေးရွာအပါအဝင် အနီးအနား ကျေးရွာတို့တွင် အရေပြားရောဂါ ကူးစက်မှုဖြစ်ပွားနေကြောင်း ဒေသခံတို့က ပြောသည်။ ဇွန်လကတည်းက အရေပြားတွင် အပူဖုလိုမျိုး ထွက်ရာကနေ အရေပြားယားယံလာပြီး သုံးလခန့်အကြာ ယနေ့ အချိန်အထိ ရောဂါဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါအရေပြားရောဂါအဖြစ်အများဆုံးမှာ အောက်ကျောက်ဝပ်နှင့် ညောပြင်ကျေးရွာတို့တွင်ဖြစ်ပြီး ကလေး၊ လူကြီး အားလုံးနီးပါးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “စဖြစ်ဖြစ်ချင်းတုန်းကဆိုရင် (ရွာမှာ) အားလုံးနီးပါးမှာကိုဖြစ်တာ။ ၈၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျွန်တော်အိမ်မှာတောင် လူခြောက်ယောက်ရှိတာ ငါးယောက်ဖြစ်တယ်” ဟု အောက်ကျောက်ဝပ်ရွာသားတစ်ဦးက ပြောသည်။ အရေပြားယားနာနှင့်အတူ တုပ်ကွေးရောဂါလည်း ကူးစက်ပျံ့နှံ့နေကြောင်း ဒေသခံတို့က ဆိုသည်။ အရေပြားနှင့် တုပ်ကွေးရောဂါကို ဒေသတွင်းတော်လှန်ရေးအဖွဲ့ရှိ ဆေးအဖွဲ့တို့က လာရောက်ကုသပေးသဖြင့် သက်သာသူ အချို့ရှိနေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ရောဂါမသက်သာသေးသူများ ကျန်နေသေးကြောင်း […]

မြေအောက်ရထားလမ်းပြိုကျမှုတွင် ပိတ်မိနေသည့် မြန်မာတစ်ဦးအပါအဝင်သုံးဦး အသက်ရှင်နေကြောင်း လက္ခဏာတွေ့

Dawei Watch

August 26, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စမြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိနေသော မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် သုံးဦးကို ရှာဖွေကယ်ဆယ်နေရာ ယနေ့ နံနက်ပိုင်းတွင် အသက်ရှင်နေသေးသည်ဟု ယုံကြည်ရသော လက္ခဏာ (vital signs) ကို စစ်ဆေးတွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၄ ရက် ည ၁၁ နာရီခွဲခန့်က မြေအောက်ရထားလမ်းလုပ်ငန်းခွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ မြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိသွားသော အလုပ်သမားသုံးဦးကို မြေတူးစက်များဖြင့် ရှာဖွေကယ်ဆယ်နေရာ တစ်ရက်ကျော်အကြာ ယနေ့ ဩဂုတ်လ ၂၆ရက် နံနက် ၄ နာရီခွဲခန့်က အသက်ရှင်နေသေးသော လက္ခဏာများကို ရေဒါက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အထဲပိတ်မိနေသူများကို ရေဒါစနစ်ဖြင့် ရှာဖွေနေရာ ရေဒါတွင် ပိတ်မိနေသူ သုံးဦးစလုံး အသက်ရှင်နေသေးသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း သတင်းများတွင် ဖော်ပြသည်။ လက်ရှိတွင် ရေဒါတွင် […]

မြိတ်တွင် စိတ်ကြွရူးသွပ်ဆေး ‌ကျပ်သိန်း ၁၂၀၀ကျော်ဖိုးဖမ်းမိ

Dawei Watch

August 25, 2024

မြိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား လေးသောင်းကျော် တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၂၆၀ဖိုး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ၏ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန် သည်။ မြိတ်မြို့နယ် ဆင်ဝင်းကျေးရွာအနီး ဩဂုတ်လ ၂၂ ရက် ညနေ ၄နာရီခန့်တွင် သတင်းအရ အမျိုးသားနှစ်ဦးစီးလာသည့် ဆိုင်ကယ်ကို မူယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာရာ စိတ်ကြွရူးသွပ်ဆေးပြား နှစ်ထောင် ဖမ်းမိကြောင်း ဖော်ပြသည်။ ဆိုင်ကယ်ကို ဦးသက်နိုင်ဦး (ခေါ်) ဦးတင့်နိုင်ဦး မောင်းနှင်လာကာ ဦးကြည်လွင် (ခေါ်) ဦးငွေဆန်းလိုက်ပါလာပြီး ၎င်းတို့ နှစ်ဦးကို စစ်ဆေးချက်အရ ယင်းနေ့ ညနေ ၅နာရီခွဲတွင်လည်း နောက်ထပ်အမျိုးသားနှစ်ဦးကို မူးယစ်ဆေးများဖြင့် ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဆိုင်ကယ်စီးလာသည့် ဦးသက်ဝေနှင့် ဦးထွန်းဝင်း (ခေါ်) […]

ထိုင်းတွင် ဆောက်လက်စ မြေအောက်ရထားလမ်းပြိုကျပြီး မြန်မာတစ်ဦးအပါအဝင် သုံးဦးပိတ်မိ

Dawei Watch

August 25, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စ မြေအောက်ရထားလမ်း လုပ်ငန်းခွင်တစ်ခု ပြိုကျပြီး မြန်မာအလုပ်သမားတစ်ဦး အပါအဝင် အလုပ်သမား သုံးဦး ပိတ်မိနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြေအောက်ရထားလမ်း လုပ်ငန်းခွင်ထဲတွင် ဘက်ဟိုးနှင့် ထရပ်ကားများဖြင့် မြေတူးနေကြစဉ် ဩဂုတ်လ ၂၄ ရက် ည ၁၁ နာရီခွဲခန့်တွင် လမ်းပြိုကျခြင်းဖြစ်သည်။ ပြိုကျမှုဖြစ်ခဲ့သော လုပ်ငန်းခွင်သည် တရုတ်-ထိုင်း မြန်နှုန်းမြင့် မြေအောက်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်ဖြစ်သည်။ မြေပြိုသည့်အချိန် မိုးရွာခြင်းမရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ မြေပြိုမှုကြောင့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် ထရပ်ကားမောင်းသည့် မြန်မာနိုင်ငံသားတစ်ဦး ပိတ်မိနေပြီး ယနေ့ နေ့လယ်ပိုင်းအထိ ပြန်မတွေ့သေးကြောင်း ဆိုသည်။ လှိုင်ခေါင်းဝင်ပေါက်နှင့် ၄ ကီလိုမီတာခန့်အကွာတွင် ပြိုကျခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက မြေတူးစက်များဖြင့် အထဲသို့ ရောက်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သတင်းများတွင် […]

မြိတ် တည်းခိုခန်းတွင် အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

August 25, 2024

မြိတ်မြို့ ၊ ဆိပ်ငယ်ရပ်ကွက် ပန်းကမ္ဘာတည်းခိုခန်းတွင် ဩဂုတ်လ ၂၄ ရက် ယမန်နေ့ ညနေပိုင်းက သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိကြောင်း ချစ်ကြည်ရေးပရဟိတအသင်း-မြိတ်ထံမှ သိရသည်။ သေဆုံးသူသည် ငှားရမ်း‌နေထိုင်ခဲ့သည့် အခန်းအတွင်း ခုတင်အောက်တွင် ဝမ်းလျားမှောက်၍ ပြင်ပဒဏ်ရာဒဏ်ချက်မရှိဘဲ သေဆုံးနေသည်ကိုတွေ့ရကြောင်း ချစ်ကြည်ရေးပရဟိတအသင်း တာဝန်ရှိသူက ပြောသည်။ “(သေဆုံးသူ)ဆိုင်ကယ်ငှားသွားတာ ပြန်လာမပေးသေးလို့ ဆိုင်ကယ်ပိုင်ရှင်က လိုက်သွားမှ သေဆုံးနေတာကိုတွေ့ရတာ” ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။ သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ်ရှိ ကိုနေလင်းဖြစ်ပြီး တည်းခိုခန်းတွင် လွန်ခဲ့သည့် ၁၀ ရက်ခန့်ကစပြီး လာရောက် တည်းခိုနေထိုင်သူဖြစ်ကြောင်း သိရသည်။ “သူက စိတ်ဓာတ်ကျနေပုံရတယ်။ ထမင်းမစားဘဲနဲ့ ကိုကာကိုလာတွေ တော်တော်များများ သောက်ထားပုံလည်းရတယ်။ ဘူးခွံတွေလည်း အများကြီးတွေ့ရတယ်။ သူနဲ့ နီးစပ်သူတွေကဆီကတော့ မိသားစုနဲ့ သိပ်အဆင်မပြေဘူးလို့သိရတယ်။ […]

တယ်လီဂရမ်တည်ထောင်သူ ပြင်သစ်တွင် ဖမ်းဆီးခံရ

Dawei Watch

August 25, 2024

မြန်မာနိုင်ငံတွင် လူသုံးများသော ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် တယ်လီဂရမ် (Telegram) တည်ထောင်သူ Pavel Durov ကို ပြင်သစ်လေဆိပ်တွင် စနေနေ့ ညပိုင်းတွင် ဖမ်းဝရမ်းထုတ်ဖမ်းဆီးလိုက်သည်။ ဘီလီယံနာသူဌေးကြီးဖြစ်သည့် တယ်လီဂရမ်အက်ပလီကေးရှင်းတည်ထောင်သူ Pavel Durov သည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် နိုင်ငံခြားခရီးသွားနေစဉ် ပြင်သစ်မြို့တော် ပဲရစ်မြို့အပြင်ဘက်ရှိ Bourget လေဆိပ်တွင် ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပြင်သစ်မီဒီယာများဖြစ်သော TF1 နှင့် BFM တို့၏ အဆိုအရ တယ်ရီဂရမ်မှ တစ်ဆင့် ရာဇဝတ်မှု ကျူးလွန်ခြင်း တို့အပေါ် ထိန်းချုပ်ခြင်း မရှိသဖြင့် ရဲတပ်ဖွဲ့က ထိုသို့ ဖမ်းဆီးစစ်ဆေးခံရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် စစ်ကောင်စီ လော်ဘီများသည် လူထုကို ခြိမ်းခြောက်ခြင်း၊ ဗုံးကြဲရန် လှုံ့ဆော်ခြင်းတို့ကို တယ်လီဂရမ်ချန်နယ်မှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်။ […]

ဖူးခက်တွင် မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ ၈ ဦးအပါအဝင် ၁၃ ဦး သေဆုံး

Dawei Watch

August 25, 2024

ထိုင်းတောင်ပိုင်း၊ ဖူးခက်မြို့တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ ၈ ဦးအပါအဝင် သေဆုံးသူ ၁၃ ဦးအထိရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော ဖူးခက်နေ ထားဝယ်ဒေသခံများထံမှ သိရသည်။ ဖူခက်မြို့တွင် တစ်ညလုံး မိုးကြီးခဲ့ပြီးနောက် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကတရပ်ကွက်ရှိ တောင်ကုန်း မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦးနှင့် ထိုင်းနိုင်ငံသား ၃ ဦး၊ ရုရှားနိုင်ငံသား ၂ ဦးတို့ သေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော Andaman Friendship Association AFA အဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် သေဆုံးသူများ၏ အလောင်းများကို ဆေးရုံမှ ထုတ်ယူရန် စောင့်ဆိုင်းနေကြကြောင်း ကူညီဆောင်ရွက်ပေးနေသော ထားဝယ်ဒေသခံတစ်ဦးက ဆိုသည်။ […]