BREAKING
February 27, 2025

သတင်း

လယ်မြေပေါ်ဆောက်ထားသည့် နေအိမ် ငါးဆယ်နီးပါး ဖျက်ရမည်

diz_admin

February 20, 2020

ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက် (စောမိညိုလယ်ကွင်း)ရှိ လယ်ယာမြေ ပေါ် မြေဖို့ထားခြင်း၊ အိမ်ဆောက်ခြင်း ပြုထားသူ ငါးဆယ်နီးပါးကို ၁၅ ရက် အတွင်း ပြန်ဖျက်ရန် ထားဝယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဖေဖော်ဝါရီ လ ၄ ရက်က ညွှန်ကြားလိုက်သည်။ စောမိညိုလယ်ကွက်ပေါ်တွင် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် မရှိဘဲ ဆောက်ထားသည့် နေအိမ် ၄၈ လုံးနှင့် မြေဖို့ထားခြင်းကို စာထုတ်သည့် နေ့မှ ၁၅ ရက်အတွင်း ပြန်လည်ဖယ်ရှား ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။ အဆိုပါ နေအိမ်များကို သတ်မှတ် ရက်အတွင်း မဖယ်ရှားပါက ၂၀၁၂ လယ်ယာမြေဥပဒေအရ အရေးယူဆောင် ရွက်မည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(လယ်စီ) အတွင်းရေးမှူးက ဆိုသည်။ လယ်ယာမြေဥပဒေ-၁၉ အရ အခြား နည်းအသုံးပြုခွင့်မရှိဘဲ […]

ကလပ်အသင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ မြိတ်အသင်း အဆင့်ရှစ်တွင် ရပ်တည်

diz_admin

February 20, 2020

မြိတ်စစ်တုရင်အသင်းမှ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ဆဋ္ဌမအကြိမ် မြောက် မြန်မာနိုင်ငံကလပ်အသင်း ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွင် မြိတ် စစ်တုရင်ကလပ်က အဆင့်ရှစ်နေရာဖြင့် ရပ်တည်ခဲ့ကြောင်း မြိတ်စစ်တုရင်ကလပ် ဥက္ကဋ္ဌ ဦးကိုကိုဦးထံမှ သိရသည်။ အဆိုပါပြိုင်ပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်မှ ၂၆ ရက်အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမည မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် ပြည်နယ်တိုင်း အသီးသီး မှ စစ်တုရင်ကလပ် ၂၇ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ “တစ်ဦးချင်း ခုံအလိုက်မှာတော့ ပထမရတယ်”ဟု မြိတ်စစ်တုရင်ကလပ် ဥက္ကဋ္ဌ ဦးကိုကိုဦးက ပြောသည်။ ခုံအလိုက်ပြိုင်ပွဲတွင် မြိတ်စစ်တုရင် ကလပ်မှ ကိုကျော်ဇေယျာက ခုံနံပါတ် လေးတွင် ပထမဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကလပ်အသင်းပေါင်းစုံ […]

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားတစ်စု ငါးခြောက်လှန်းစက် စမ်းသပ်တီထွင်

diz_admin

February 20, 2020

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားလူငယ်တစ်စုက ဒေသတွင်း အသုံးပြုနိုင်မည့် Dry Machine ဟုခေါ်သော ငါးခြောက်လှန်းစက်ကို စမ်းသပ်တီထွင်ခဲ့ကြောင်း ယင်းစီမံကိန်း တွင် ပါဝင်သည့် ကိုအောင်ခန့်ကိုက ပြောသည်။ ဇန်နဝါရီလက ပြုလုပ်သည့် ကျောင်း Project Show တစ်ခုတွင် သူငယ်ချင်း ၈ ယောက်ဖြင့် Dry Machine ဟု ခေါ်သော ငါးခြောက်လှန်းစက်ကို ပြုလုပ် ပြသခဲ့ခြင်းဖြစ်သည်ဟု ကိုအောင်ခန့်ကို က ပြောသည်။ ငါးခြောက်လှန်းရာတွင် နေရောင် ရှိသည့် နေ့ဘက်တွင်သာလှန်းနိုင်ပြီး ညဘက်တွင်ပါ လှန်းနိုင်ရန် လျှပ်စစ်မီး ကို အသုံးပြုကာ ငါးခြောက်လှန်းသည့် စက်ကို တီထွင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ “လက်ရှိမှာဆိုတော့ အထက်မြန်မာ ပြည်က ရင်းနှီးမြှုပ်နှံသူတွေနဲ့ စကား ပြောဆိုထားတာတွေရှိတယ်။ သူတို့ အနေနဲ့ […]

အမှိုက်ခွဲပစ်သည့် ပစ္စည်းအပါအဝင် နည်းပညာထုတ်ကုန် သုံးဆယ်နီးပါး ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ပြသ

diz_admin

February 20, 2020

ထားဝယ်ကွန်ပျူတာ တက္ကသိုလ်တွင် ကျင်းပသည့် နည်းပညာထုတ်ကုန်ပြပွဲတွင် အမှိုက်ခွဲခြားပစ်သည့် ထုတ်ကုန်ပစ္စည်း အပါအဝင် ထုတ်ကုန်၂၇ မျိုးကို ယင်းတက္ကသိုလ်ကျောင်းသားများက ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၅ ရက်အထိ နှစ်ရက်တာ ခင်းကျင်း ပြသခဲ့သည်။ ရော်ဘာစက်ရုံများတွင် အသုံးပြုရမည့် Inventory Management System၊ ဒေသတွင်း ခရီးသွားလုပ်ငန်း များတွင် အသုံးဝင်သည့် ravel with me ၊ ကျောင်းများတွင် အသုံးဝင်သည့် Student Management System for Private School စသည့် ဝက်ဘ်fဆိုက် ခြောက်ခုကို ပြသခဲ့သည်။ ယင်းအပြင် ထားဝယ်ဒေသအတွင်း ရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ရဲစခန်းများ စသည်တို့ကို အလွယ်တကူ သွားလာ ဆက်သွယ်နိုင်မည့် Dawei Directory၊ […]

ကော့သောင်းတွင် LED မီးတိုင် ငါးတိုင်မှ ဆယ်တိုင်ကြား တပ်ဆင်မည်

diz_admin

February 20, 2020

ကော့သောင်းမြို့တွင် သာမန် မီးတိုင်များထက်မြင့်ပြီး အလင်းအား ပိုကောင်းသော LED မီးတိုင် အနည်းဆုံး ငါးတိုင်မှ ဆယ်တိုင်ကြား ယခု ဘဏ္ဍာနှစ်ကုန်ခါနီးတွင် တပ်ဆင်မည် ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ယင်းမီးတိုင် တပ်ဆင်မည့်နေရာများကို အတိအကျ မသတ်မှတ်ရသေး သော်လည်း ကော့သောင်းမြို့ရှိ လမ်းဆုံ၊ လမ်းခွများ အဝိုင်းပတ်များတွင် တပ်ဆင်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ ရေး ကော်မတီဝင် ဦးသိန်းနိုင်ဦး(ခ) ဦးမိုးတိမ်က ပြောသည်။ “ဒီမီးတိုင်တွေတပ်ဖို့ကိုတော့ သေချာသွားပြီ။ ဘတ်ဂျက်ကတော့ ဘဏ္ဍာနှစ်နောက်ဆုံးလမှ ရမယ်လို့ ပြောတယ်။ လုပ်တော့မယ်ဆိုရင်တော့ အပြင်က စီးပွားရေးလုပ်ငန်းရှင်တွေကို တင်ဒါပေး ပြီးလုပ်မှာ”ဦးသိန်းနိုင်ဦးက ပြောသည်။ စုံစမ်းမေးမြန်းချက်အရ ထားဝယ်နှင့် မြိတ်မြို့တို့တွင် တပ်ဆင်ထားသည့် LED မီးတိုင်များ၏ ဈေးနှုန်းမှာ တစ်ခု […]

လွတ်လပ်ရေးကျောက်တိုင်ရင်ပြင် မြေကာနံရံကို အင်ဂျင်နီယာက ငွေစိုက်ပြန်ပြင်ရမည်

diz_admin

February 20, 2020

ကော့သောင်း လွတ်လပ်ရေး ကျောက်တိုင် ရင်ပြင်ပြုပြင်ခြင်းနှင့် မြေကာနံရံပြုပြင်ခြင်းတွင် မြေကာနံရံ ဆောက်ပြီးမှ အပါ်ပိုင်း တစ်ဝက်နီးပါး ပြန်ဖျက်ခဲ့သည်။ မြေကာ အုတ်စီနံရံ ပြန်ဖျက်ခဲ့ရခြင်းမှာ ၁၀ ပေခန့်အမြင့်ကို တစ်ဆက်တည်း လုပ်ထားခြင်းကြောင့် မြေဖိအားကို မခံနိုင်ဘဲ လဲပြိုကျမည်ကို စိုးရိမ်ရသော ကြောင့်ဖြစ်ပြီး လှေကားထစ်ပုံစံလုပ်ရန် ပြန်ဖျက်ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။ ထိုသို့ ပြန်ဖျက်၍ ပြန်ဆောက်ခြင်း အတွက် ငွေထပ်ချပေးမည်မဟုတ်ဘဲ ၎င်းလုပ်ငန်းကို တာဝန်ယူဆောက်လုပ်နေသည့် အင်ဂျင်နီယာကသာ တာဝန်ခံ ပြန်လည်ပြုပြင်ရမည်ဖြစ်ကြောင်း ဦးတင်မြင့်က ပြောသည်။ “အင်ဂျင်နီယာက တာဝန်ယူမှု တာဝန်ခံမှုနဲ့ပေါ့။ ချထားပေးပြီးသား ဘတ်ဂျက်နဲ့ပဲ လုပ်ရမှာပေါ့။ သူ့ဟာသူ ပြန်ဖြိုပြီး သူ့ဟာသူ ပြန်လုပ်ရမှာပေါ့ဗျာ”ဟု ဦးတင်မြင့်က ပြောသည်။ ထိုသို့ ပြန်ဖျက်ရခြင်းမှာ စဆောက် […]

အသက်ခြောက်ဆယ်ကျော် ယောက္ခမကို သမက်က မုဒိမ်းကျင့်ရန် အားထုတ်

diz_admin

February 20, 2020

ကော့သောင်းမြို့နယ်တွင် အသက် ခြောက်ဆယ်ကျော်အရွယ်ရှိ ယောက္ခမကို သမက်ဖြစ်သူက မုဒိမ်းကျင့်ရန်အား ထုတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်လုံးဖောကြီးကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ယောက္ခမဖြစ်သူက အသက် ၂၉ နှစ်အရွယ်သမက်နှင့် အဆိုပါအမျိုးသား၏ဖခင်တို့နှင့်အတူ ဝါးခုတ်ရန်တောထဲသို့ သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ဝါးခုတ်သွားစဉ် အေးချမ်းသာ ကျေးရွာအုပ်စုရှိ တောထဲတွင် တဲဆောက် ရန်ပြင်ဆင်ပြီး ချက်ပြုတ်စားသောက်ကာတစ်ည အိပ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့အိပ်နေစဉ် ည ၈ နာရီခန့်တွင် မြေကြီးပေါ်အိပ်ပျော်နေသည့် ယောက္ခမ ကိုယ်ပေါ်တက်ခွပြီး သမက်ဖြစ်သူက မုဒိမ်းကျင့်ရန် အားထုတ်ရာ ယောက္ခမ ဖြစ်သူနိုးလာပြီး အော်ဟစ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့အော်ဟစ်ရာ သမက်ဖြစ်သူ ၏ ဖခင်ရောက်လာချိန်တွင် ထွက်ပြေး […]

ကော့သောင်းရေလုပ်သားတို့ ဆန္ဒပြရန် ဆိုင်းငံ့

diz_admin

February 20, 2020

အမျိုးသားလွှတ်တော်ကော်မတီနှင့် ဝန်ကြီးဌာနတို့ ကြားနာညှိနှိုင်းမှုအဖြေ စောင့်ကြည့်မည် ကော့သောင်းရေပြင် ငါးဖမ်းလုပ်ကွက် အချို့ နှစ်အကန့်အသတ်မဲ့ ပိတ်လိုက် ခြင်းကို ပြန်ဖွင့်ပေးရေး ရေလုပ်သားတို့ ဆန္ဒပြမည့်အစီအစဉ်ကို ဆိုင်းငံ့ထား ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောသည်။ ကော့သောင်းအခြေစိုက် ရေလုပ်သားများ ကော့သောင်းခရိုင် ငါးဦးစီးရုံး ရှေ့၌ ဖေဖော်ဝါရီလ ၉ ရက်တွင် စုဝေး ဆန္ဒပြရန် စီစဉ်ထားခြင်းကို ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးတိုးတက်ရေး ရေးရာကော်မတီနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ရေလုပ်ငန်းနှင့်ဆက်စပ် သော ဝန်ကြီးဌာနများ တွေ့ဆုံကြားနာ ညှိနှိုင်းမည့်ပွဲမှ ထွက်ရှိလာမည့် အဖြေ ကို စောင့်ဆိုင်းသွားမည်ဟု ဦးမင်းလွင် က ပြောသည်။ ဦးမင်းလွင်နှင့် ကော့သောင်းရေ လုပ်သားကိုယ်စားလှယ်တို့က […]