BREAKING
February 27, 2025

သတင်း

နှစ်ရာချီသက်တမ်းရှိ ရွှေကျောင်းကြီးကို မည်သည့်ပုံစံပြန်ပြင်မည် မသိသေး

diz_admin

March 3, 2020

ထားဝယ်မြို့ရှိ နှစ်ရာချီသက်တမ်း ရှိနေပြီဖြစ်သော ရွှေကျောင်းကြီးကို ပြန်လည်ပြင်ဆင်ရာတွင် ရှေးမူလက်ရာ အတိုင်း သို့မဟုတ် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့်ပုံစံနှစ်ခု အနက် မည်သည့်ပုံစံဖြင့် ပြန်လည်ပြင် ဆင်မည်ကို မဝေခွဲရသေးကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီးက ပြောသည်။ ရွှေကျောင်းကြီး ပြန်လည်ပြုပြင်ရေး အတွက် တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် ဦးဆောင်သည့် ကော်မတီတစ်ရပ်ကို ယမန်နှစ်ကတည်းက ဖွဲ့စည်းထားခဲ့ သည်။ “အခုက ဝိဝါဒမကွဲသေးဘဲနဲ့ ဘယ်လို လုပ်ရမယ်ဆိုတာ မသိသေးဘူး။ မဆုံး ဖြတ်ရသေးဘူး ကော်မတီထဲမှာလေ”ဟု ဦးဟိုပင်က ဆိုသည်။ ခရီးသွားဧည့်သည်များ စိတ်ဝင်စား နိုင်သည့် ပုံစံအတိုင်း ပြည်လည်ပြင်ဆင် မည်ဆိုပါက ရွှေကျောင်းကြီးအတွင်း ဘုရင်အသုံးအဆောင်ပစ္စည်းဖြစ်သည့် ရာဇပလ္လင်၊ ဘုရင် သို့မဟုတ် မိဘုရား […]

မောင်းမကန်ကမ်းခြေ ဘန်ဂလိုတွင် တည်းခိုနေသူများထံမှ မူးယစ်ဆေးများ ဖမ်းမိ

diz_admin

March 3, 2020

မောင်းမကန်ကမ်းခြေရှိ ဘန်ဂလို တစ်ခုတွင် တည်းခိုနေသူများထံမှ စိတ်ကြွဆေးနှင့် ICE မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁ နာရီခွဲခန့်တွင် မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေရာ အခန်းအတွင်း တည်းခိုနေသည့် ထားဝယ်မြို့၊ ကြက်စား ပြင်ရပ်ကွက်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတို့ကို တွေ့ရကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။ အဆိုပါ အမျိုးသားတွင် ICE မူးယစ်ဆေး ၂ ဂရမ်ခန့်ကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုအမျိုးသားကို စစ်ဆေးရာ ဖမ်းမိ သည့်မူးယစ်ဆေးကို သရက်ချောင်းမြို့ နယ်နေ ပဲဒက်ကျေးရွာနေ […]

သင်္ကြန်ကာလတွင် သံတံတား သွားလာခွင့်ရမည် မဟုတ်သေး

diz_admin

March 3, 2020

သံတံတားကြီးဟု လူသိများသော ထားဝယ်မြို့တွင်းမှ ကြက်စားပြင်ရပ်ကွက်ဘက်သို့ ချိတ်ဆက်ပေးထား သည့် တံတားသည် သင်္ကြန်ကာလ ရောက်သည်အထိ သွားလာခွင့်ရမည် မဟုတ်သေးကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။ ယင်းတံတားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ပထမအပတ်ကစပြီး ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်သည်။ ဧပြီလကုန်တွင် တည်ဆောက်ရေးလုပ်ငန်းပြီးစီးနိုင်သော်လည်း တံတားအပြီး ၂၈ ရက်ကြာမှ ဖြတ်သန်းသွား လာရမည် ဖြစ်ကြောင်း အထက်ပါအဖွဲ့ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ပြော သည်။ သင်္ကြန်ကာလအတွင်း ယခု ဆောက် လုပ်နေဆဲ သံတံတားအရှေ့ဘက် (ဓမ္မစကြာ ကျောင်းအနီး)ရှိ တံတားနှင့် အနောက် ဘက်ရှိ တံတားဖြူလေးတို့မှ ဖြတ်သန်း သွားလာနိုင်သည်။ ယင်းသံတံတားကြီးကို ရန်ပုံငွေ ကျပ်သန်းနှစ်ရာကျော် (၂၅၉ […]

မွန်လူငယ်များ ရွေးကောက်ပွဲတွင် မဲပေးရန် ယခင်ထက် စိတ်ဝင်စား

diz_admin

March 3, 2020

မွန်လူငယ်များအကြား ၂၀၂၀ ခုနှစ် အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် မဲပေးရန် ယခင်ထက် စိတ်ဝင်စား နေကြသည်ဟု မွန်လူငယ်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနေသည့် မွန်လူငယ်များထံမှ သိရသည်။ အဆိုပါ သုံးသပ်ချက်သည် ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းစဉ်များ လုပ်ရင်း တွေ့ရှိသည်များကို သုံးသပ်ခြင်းဖြစ်ပြီး သီးခြား သုတေသနပြုထားသည့် တွေ့ရှိချက် မဟုတ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် စိတ်ဝင်စားမှု ပိုများစေသည့် အကြောင်း ရင်းများအနက် မွန်တစ်ပါတီတည်း ဖြစ်သွားသည့် အခြေအနေကလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း မွန်လူငယ် အဖွဲ့အစည်းများက ပြောသည်။ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ ပိုမိုရရှိလာခြင်းနှင့် နိုင်ငံရေးအပေါ် စိတ်ဝင်စားလာခြင်း ကြောင့်လည်း မွန်လူငယ်များ မဲပေးရန် စိတ်ဝင်စားလာကြခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးဆင်း နေသည့် ရေးမြို့နယ် မွန်လူငယ်ကွန်ရက် […]

ရက် ၉၀ နေရုံဖြင့် မဲပေးခွင့်ပြုသည့်ကိစ္စ တိုင်းရင်းသားပါတီများကို ဂရုမစိုက်သည့်သဘောဟု မွန်ညီညွတ်ရေးပါတီ ဝေဖန်

diz_admin

March 3, 2020

လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒ နယ်ပြင်ပရောက်သူများအနေဖြင့် အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲပေးခွင့်ပြုသည့်ကိစ္စသည် တိုင်းရင်းသားပါတီများကို ဂရုမစိုက်သည့်သဘောဟု မွန်ညီညွတ်ရေး ပါတီက ဝေဖန်ပြောဆိုလိုက်သည်။ မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)တွင် ပါရှိသော “အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း” ဆိုသည့်စကားရပ်ကို “အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင် ချက်အား ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်က မဲခွဲအတည်ပြု လိုက်သည်။ အဆိုပါကိစ္စသည် တိုင်းရင်းသား ပါတီတို့က ကန့်ကွက်နေသည့်ကြားမှပင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က တရားဝင်နိုင်ငံရေးပါတီတို့နှင့် တစ်စုံ တစ်ရာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း မရှိ ဘဲ ရွေးကောက်ပွဲနည်းဥပဒေကို ပြင်ဆင်ကာ လွှတ်တော်ကိုတင်လိုက်ခြင်းသည် […]

တိုက်ပွဲရှောင် နေရပ်ပြန် တိုင်းရင်းသားများအတွက် သွပ်ပြားနှင့် အခြားပစ္စည်းများတိုင်းအစိုးရထောက်ပံ့

diz_admin

March 3, 2020

တနင်္သာရီတိုင်းအတွင်းရှိ တိုက်ပွဲ ရှောင်နေရပ်ပြန် ကရင်တိုင်းရင်းသား များအတွက် တိုင်းအစိုးရက ငွေကြေးနှင့် အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး တိုင်း ရင်းသားရေးရာဝန်ကြီးထံမှ သိရသည်။ အဆိုပါဒေသသို့ သွားရောက်ချိန် တွင် ဝါးအိမ်အချို့ကို တာလပတ်မိုး ထားသည်ကို တွေ့ရသဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ပစ္စည်းများ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးစောလုကာက ပြောသည်။ ထီးခီးနယ်စပ်အနီးရှိ မောထကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၉ ရွာနေ နေရပ် ပြန်သူများအတွက် သွပ်ပြားအချပ်ရေ တစ်ထောင်နှင့် အခြားပစ္စည်းများကို ဖေဖော်ဝါရီလ ၁၆ ရက်က ထောက်ပံ့ ပေးခဲ့ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာက ဆိုသည်။ အထက်ပါ ကျေးရွာတစ်ရွာလျှင် အိမ်ထောင်စု ၃၀ ဝန်းကျင်ခန့်ရှိကြောင်း ၎င်းက ပြောသည်။ မည်သည့်ရွာတွင် မည်မျှထောက်ပံ့ပေးခဲ့သည်ကို […]

တိုင်းအဆင့် မသန်စွမ်းအသင်း မတ်လကုန် ဖွဲ့မည်

diz_admin

March 3, 2020

တနင်္သာရီတိုင်းဒေသကြီး မသန်စွမ်းအသင်းကို မတ်လကုန်ပိုင်းတွင် ဖွဲ့စည်း မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ကိုယ်အင်္ဂါ မသန်စွမ်းအသင်း၏ စည်းရုံး ရေးနှင့် ပြန်ကြားရေးတာဝန်ခံ ဦးထွန်း ဝင်းအောင်က ပြောသည်။ တိုင်းဒေသကြီးအသင်းကို မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းအောက်တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အသင်းဖွဲ့စည်းပြီးပါက မသန်စွမ်း အခွင့်အရေး မြှင့်တင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်ပြီး ဥပဒေ ကြောင်းအရ အစိုးရနှင့် ပူးပေါင်းဆောင် ရွက်ရန် စသည့်အချက်များ ညှိနှိုင်းလုပ် ဆောင်မည်ဖြစ်ကြောင်း ဦးထွန်းဝင်း အောင်က ပြောသည်။ “ဒီအသင်းပေါ်လာရင် အသင်းရဲ့ လုပ်ဆောင်ချက်နဲ့ တိုင်းတွင်းက မသန်စွမ်းတွေရဲ့လိုအပ်ချက်တွေ ကို ထဲထဲဝင်ဝင် ကူညီဆောင်ရွက်နိုင်ရေး အတွက်ပေါ့”ဟု ဦးထွန်းဝင်းအောင်က ဆိုသည်။ တိုင်းဒေသကြီးမသန်စွမ်းအသင်း ကို ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ဖွဲ့စည်းသွားမည်ဖြစ်ပြီး မသန်စွမ်း ကိုယ်စားလှယ်အဖြစ် […]

ဖုန်းနှင့် ဆက်စပ်ပစ္စည်းများတွင် အခွန်အမှတ်တံဆိပ်မကပ်က ဒဏ်ရိုက် အရေးယူမည်

diz_admin

March 3, 2020

လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်း များပေါ်တွင် QR စနစ်ထည့်သွင်းထား သည့် အခွန်အမှတ်တံဆိပ် မကပ်ပါက ယင်းပစ္စည်း၏ တစ်ရာ ရာခိုင်နှုန်းကို ဒဏ်တပ်ရိုက်မည်ဖြစ်ပြီး အကောက် အခွန်မဲ့ပစ္စည်းအဖြစ် မှတ်ယူကာ အကောက်ခွန် ဥပဒေအရလည်း အရေးယူမည်ဖြစ် ကြောင်း ပြည်တွင်အခွန်များ ဦးစီးဌာန က ထုတ်ပြန်လိုက်သည်။ ယင်းအတွက်ကြောင့် ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၊ ဖုန်း ပြုပြင်ဆိုင် လုပ်ငန်းရှင်များသည် ဖုန်း နှင့်ဆက်စပ် ပစ္စည်းများပေါ်တွင် QR စနစ်ထည့်သွင်းထားသည့် အခွန်အမှတ် တံဆိပ်များကို ကပ်နိုပ်ရောင်းချရမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ကုန်တွင် စတင်စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ QR စနစ်ပါသော အခွန်အမှတ် တံဆိပ်ကို ဖုန်း၊ ဆက်စပ်ပစ္စည်း၊ ဝန်ဆောင်မူ(ဘောင်ချာတွင် ကပ်သည့် အခွန်အမှတ်တံဆိပ်) ဟု သုံးမျိုး […]