ထားဝယ်တွင် သီဟိုရာသီ အဖွင့်စျေးကောင်း
Dawei Watch
January 16, 2025ထားဝယ်တွင် သီဟို(သီဟိုဠ်)သီး စထွက်ချိန် သီဟိုစေ့အဖွင့်စျေးမှာ မနှစ်ကထက် စျေးကောင်းပိုရနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယမန်နှစ်က သီဟိုစေ့ ရာသီအဖွင့်စျေးမှာ တစ်ပိသာ ကျပ် ၅၅၀၀ ဖြင့်စျေးစဖွင့်ခဲ့သော်လည်း ယခုနှစ်ဇန်နဝါရီလဝက်တွင် တစ်ပိသာ ၆၅၀၀ ကျပ်ဖြင့် ပွဲရုံအချို့ စျေးစဖွင့်၍ ဝယ်ယူနေသည်။ ယခုနှစ်သီဟိုအဖွင့်စျေးမှာ ယမန်နှစ် ထက် သီဟိုစေ့တစ်ပိဿာ ကျပ် ၁၀၀၀ စျေးပိုလာခြင်း ဖြစ်သည်။ “ဒါကတောပွဲ ရုံစျေးပေါ့နော် စက်ရုံရှင်တွေက နောက် နှစ်ပတ်လောက်ကြာမှ စျေးဖွင့်တာများတယ် အသီးအခြေနေဆိုတာကလည်း ၂ လပိုင်းကုန်ခါနီး ၃လပိုင်း လောက်မှ ခန့်မှန်းလို့ရမယ်”ဟု ထားဝယ်မြို့ ရှိ သီဟိုစေ့လုပ်စက်ရုံလုပ်ငန်းရှင် တစ်ဦးကပြောသည်။ ထားဝယ် ဒေသရှိ သီဟိုရာသီမှာ ရာသီဥတုအလိုက် အစောဆုံး ဒီဇင်ဘာနောက်ဆုံးပတ်မှ နှစ်စဉ်သင်္ကြန် ကာလပြီးချိန်အထိ အရောင်းအဝယ်ပြုလုပ်လေ့ […]