BREAKING
February 27, 2025

သတင်း

တိုင်စာကိစ္စ ကိုယ်စားလှယ် အမေး၊ ဝန်ကြီးအဖြေ

diz_admin

March 5, 2020

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် ပြည်သူလူထု၏ တိုင်ကြားစာများကို မည်သို့ဆောင်ရွက်နေကြောင်း တနင်္သာရီ မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက မေးမြန်းခဲ့သည်။ နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ နှင့်အညီ တိုင်တန်းသူ၏ တရားဝင်ခံစား ခွင့်ရှိသော အခွင့်အရေးကို အပြည့်အဝ ရရှိစေရေး မည်သို့ဆောင်ရွက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က မေးမြန်းခဲ့ခြင်းသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ပြည်သူ လူထု၏ တိုင်ကြားစာများကို ကိုင်တွယ် ဖြေရှင်းရာတွင် လချီကြာမြင့်သည်အထိ တိုင်ကြားသူထံ တစ်စုံတရာ ဖြေရှင်း အကြောင်းမှု မရှိသည်များ ရှိနေကြောင်း ဦးရဲမြင့်ဆွေက လွှတ်တော်တွင် ပြောဆို ခဲ့သည်။ နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ ပုဒ်မ ၆ တွင် “တိုင်တန်းလွှာပါ နစ်နာချက်များသည် တရားဝင်ခံစားခွင့်ရှိသော အခွင့်အရေးနှင့် […]

ဆရာမအား ကတ်ကြေးထောက် လုယက်သူ နောက်ထပ် လုယက်မှုတစ်ခု ထပ်ကျူးလွန်

diz_admin

March 5, 2020

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာ အထက်တန်းကျောင်း(ခွဲ) ယာယီကျောင်း အုပ်ဆရာမကို ကတ်ကြေးထောက် လုယက်သွားသူ အမျိုးသားသည် နောက်ထပ် အလားတူ လုယက်မှုတစ်ခုကို ထပ်မံဖြစ်ပွားပြီးနောက် ဖမ်းမိသွားကြောင်း လောင်းလုံးမြို့ မြို့မရဲစခန်းနှင့် မောင်းမကန်နယ်မြေ ရဲစခန်းထံမှ သိရသည်။ ရခိုင်ပြည်နယ်မှ အသက် ၂၇ နှစ် အရွယ်အမျိုးသားသည် ဖေဖော်ဝါရီလ ၁၂ ရက်က ဝေဒီ အထက်တန်းကျောင်း(ခွဲ) မှ ယာယီကျောင်းအုပ် ဆရာမထံမှ ဖုန်းနှစ်လုံးနှင့် ငွေကျပ်တစ်သိန်းနှစ် သောင်းကို ကတ်ကြေးထောက် လုယူခဲ့ သည်။ ယင်းလုယက်မှုဖြစ်ပြီး နောက်ထပ် ခြောက်ရက်အကြာ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရေဖြူမြို့နယ် ရလိုင်ကျေးရွာသူ တစ်ဦးထံတွင် ဓားထောက်လုယက်ခဲ့ခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့မစခန်းမှူး ဒုရဲမှူး ဝင်းလွင်က ပြောသည်။ ရလိုင်ကျေးရွာသူအား လုယက်ရာ တွင်လည်း […]

လမ်းထိပ်တွင် ထိုင်နေသူထံမှ စိတ်ကြွဆေး ငါးဆယ်ကျော် ဖမ်းမိ

diz_admin

March 5, 2020

ကော့သောင်းမြို့၊ အောင်သုခ ရပ်ကွက်ရှိ လမ်းထိပ်တွင် ထိုင်နေသည့် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ငါးဆယ်ကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၁ ရက် ညနေပိုင်းက အဆိုပါရပ်ကွက်ရှိ အနော်ရထာ ၁ လမ်းထိပ်တွင် ထိုင်နေသည့် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို မသင်္ကာသဖြင့် စစ်ဆေးရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ယင်းနောက် ၎င်းအနီးထိုင်နေသည့် အခြားအမျိုးသားတစ်ဦးက အထုပ်တစ်ထုပ်ကို ရေမြောင်းအတွင်း ပစ်ချလိုက်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါအထုပ်ကို စစ်ဆေးရာ စိတ်ကြွဆေး ၁၅ ပြား တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ အဆိုပါစိတ်ကြွဆေးများကို အသက် ၁၇ နှစ်အရွယ် အထက်ပါ အမျိုးသားထံမှ ဝယ်ယူထားသည်ဟု […]

တစ်ရက်အတွင်း အမျိုးသားသုံးဦး ကြိုးဆွဲချ သတ်သေ

diz_admin

March 5, 2020

ပုလော၊ လောင်းလုံးနှင့် ကော့ သောင်းမြို့တို့တွင် ဖေဖော်ဝါရီလ ၁၃ ရက်က အမျိုးသားသုံးဦး ကြိုးဆွဲချ သတ်သေခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပုလောမြို့တွင် အသက် ၃၇ နှစ် အရွယ် အမျိုးသားက ဓနိတောအတွင်း ကြိုးဆွဲချသတ်သေခဲ့ပြီး ၎င်းမှာ ယခင်က အရက်အလွန်အကျွံ သောက်သုံးလေ့ ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။ လောင်းလုံးမြို့တွင် ကြိုးဆွဲချ သတ်သေသည့် အမျိုးသားမှာ အသက် ၂၆ နှစ်အရွယ်ရှိသူဖြစ်ပြီး ၎င်းနေထိုင် သည့်အိမ်၌ပင် ကြိုးဆွဲချသတ်သေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ကော့သောင်းမြို့နယ်၊ အော်ကြီး ကျေးရွာအနီး ရော်ဘာခြံအတွင်း ကြိုးဆွဲချသတ်သေသည့် အမျိုးသားမှာ အသက် ၂၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မြိတ် မြို့နယ် အင်္ဂမော်ကျေးရွာတွင် နေထိုင်သူ […]

တနင်္သာရီတိုင်းအတွင်း ဟိုတယ်လုပ်ငန်းတွင်အများဆုံး ရင်းနှီးမြှုပ်နှံ

diz_admin

March 5, 2020

တနင်္သာရီတိုင်းအတွင်း ရင်းနှီမြှုပ်နှံ မှုလုပ်ငန်းများအနက် ဟိုတယ်လုပ်ငန်းတွင် အများဆုံးရင်းနှီးမြှုပ်နှံကြကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(TRIC) စတင်ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ လက်ရှိအချိန်ထိ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၃၀ ခုကို လုပ်ကိုင် ခွင့်ပြု(အတည်ပြုမိန့် ထုတ်ပေး)ခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ ယင်းခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများ အနက် ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် အတည်ပြုမိန့် ၁၆ ခုကို ခွင့်ပြု ပေးခဲ့သည်။ အဆိုပါ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ တွင် ကျပ်သန်းပေါင်း နှစ်သောင်းခွဲခန့် နှင့် အမေရိကန်ဒေါ်လာ လေးသန်းနီးပါး ကို ရင်းနှီးမြှုပ်နှံထားသည်။ “ရေရှည်မှာ ခရီးသွားတွေအတွက် မျှော်မှန်းပြီးတော့ပေါ့နော်၊ ဟိုတယ်လုပ်ငန်းတွေကို အဓိက အများဆုံး လုပ်တာပေါ့”ဟု […]

လေညာကြိုးဝိုင်းအတွင်း တောင်ငုံးရင်မဲငှက် စားကျက်တွင် ဧကရာချီ တောခုတ်မီးရှို့နေ

diz_admin

March 4, 2020

ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင် မြို့မှ ရတနာပုံကျေးရွာသွားသည့်လမ်း ၂၇ မိုင်ရွာအနီး ဘုရားထံဒေသ၊ လေညာ သစ်တော ကြိုးဝိုင်း(အဆိုပြုအမျိုးသား ဥယျာဉ်)အတွင်း တောင်ငုံးရင်မဲငှက်တို့ ကျက်စားသည့်တောတွင် ဧကရာချီ တောခုတ် မီးရှို့နေကြောင်း ထားဝယ် သုတေသနအဖွဲ့မှ ကိုရှိန်းသူလွင်က ပြောသည်။ ကိုရှိန်းသူလွင်နှင့် ငှက်ကြည့်အဖွဲ့ တို့ ယင်းတောသို့သွားသည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် မီးရှို့ထားသည့်နေရာများ၊ သစ်ခုတ် တောရှင်းနေသည်များ တွေ့ခဲ့ရ ပြီး ပြန်လာသည့် ၂၅ ရက်အထိ ငှက်ကြည့်သည့်နေရာ နံဘေးတွင်ပင် သစ်ခုတ်နေသည်ကို တွေ့ခဲ့ရသည်ဟု ၎င်းက ပြောသည်။ ယင်းသို့ မီးရှို့ထားသည့် ပမာဏမှာ ဧက ရာချီသည်ဟု ကိုရှိန်းသူလွင်က ခန့်မှန်းသည်။ “ခန့်မှန်းပေါ့။ ဒါက အဲဒီနေရာ တစ်ကွက်ပဲ ရှိသေးတယ်။ တခြားနေရာ မှာ […]

ကော့သောင်းက ဆလုံငါးဆယ်ကျော်ကို မှတ်ပုံတင်ထုတ်ပေး

diz_admin

March 4, 2020

ကော့သောင်းမြို့နယ် ဇာဒက်ကြီး ကျွန်းတွင် နေထိုင်သည့် ဆလုံတိုင်းရင်းသား ငါးဆယ်ကျော်ကို ဖေဖော်ဝါရီလ ၂၅ ရက်က နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ထုတ်ပေးခဲ့ကြောင်း ယင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာန(လ၀က)ထံမှ သိရသည်။ ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဇာဒက်ကြီးကျွန်းမှ ဆလုံတိုင်းရင်း သားများအား မှတ်ပုံတင်ပြုလုပ်ပေးရန် အကြောင်း ကြားလာသဖြင့် ယင်းတိုင်းရင်း သားများကို ကော့သောင်းမြို့ကို ခေါ်ယူ ကာ နေ့ချင်းပြီး မှတ်ပုံတင် ပြုလုပ်ပေးခဲ့ ခြင်းဖြစ်ကြောင်း အထက်ပါဌာန ဦးစီးမှူး ဦးစောဝင်းကြည်က ပြောသည်။ “လာလုပ်တဲ့သူတွေကတော့ မှတ် ပုံတင် လုံး၀မရှိသေးတဲ့သူတွေလဲ ပါတယ်။ တချို့က အသက်ပြည့်လို့ ပြန်လဲတဲ့ သူလဲ ပါတယ်”ဟု ဦးစောကြည်ဝင်းက ပြောသည်။ ယင်းကဲ့သို့ ထုတ်ပေးရာ မှတ်ပုံတင်ပါ […]

ပြည်ကြီးမဏ္ဍိုင်ရှိ အငြင်းပွား ယုဇနဆီအုန်းခြံ ပြန်တိုင်း

diz_admin

March 4, 2020

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင် မြို့အနီးရှိ ယုဇနဆီအုန်းခြံကို ပြန်လည် ကွင်းဆင်းတိုင်းတာနေကြောင်း ဘုတ်ပြင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဆွေမြင့်က ပြောသည်။ ဘုတ်ပြင်းမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ ၏ အဖွဲ့ဝင် လည်းဖြစ်သည့် ဦးမန်းဆွေမြင့်အပါအဝင် ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်မှ မြေစာရင်းနှင့် ဌာနဆိုင်ရာများကထို ဆီအုန်းခြံနေရာသို့ ဖေဖော်ဝါရီလ ၂၀ ရက်က ကွင်းဆင်းခဲ့ကြသည်။ ယင်းသို့ ကွင်းဆင်းတိုင်းတာကြရာ တွင် မြေပြင်အခြေအနေနှင့် ဆီအုန်းခြံ မြေပုံအညွှန်းက ကွဲလွဲနေသဖြင့် မြေစာရင်း ဌာနအား ဆီအုန်းခြံမြေပုံ အမှန်ရရန် ထပ်မံ ကွင်းဆင်းခိုင်းထားကြောင်း ဦးမန်းဆွေမြင့်က ပြောသည်။ ထိုဆီအုန်းခြံမှာ ပြည်ကြီးမဏ္ဍိုင် မြို့ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ငါးရွာသားများ ဝင်ကျူးကျော် နေထိုင် စိုက်ပျိုးထားသည်ဟု ပြောဆိုကာ တရားရင်ဆိုင်ရသည့်အထိ အမှု အခင်း […]