ကိုရိုနာရောဂါပိုးနှင့် ထားဝယ်ဒေသရှိ တက္ကသိုလ်များ၏ စာမေးပွဲဖြေဆိုသည့် အခြေအနေ
diz_admin
March 24, 2020မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး ရှိသည့် ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိရသေးသော်လည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျင်းပနေ သော စာမေးပွဲအသီးသီးကို တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအများစု၏ သဘောဆန္ဒအရ ဝင်ရောက်ဖြေဆိုနိုင်သည်ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနက မတ်လ ၁၈ ရက်နေ့က ညွှန်ကြားထားသည်။ လက်ရှိကျင်းပနေသော စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူများသည် စာမေးပွဲ ပြီးဆုံးသည်အထိ ဖြေဆိုရမည်ဖြစ်ပြီး မဖြေဆိုလိုသူများအတွက် မေလ သို့မဟုတ် ဇွန်လတွင် အစားထိုးစာမေးပွဲပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်အားလုံးကို ညွှန်ကြား ထားသည်။ စာမေးပွဲကျင်းပရာတွင်လည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် လိုက်နာဆောင်ရွက်ရန် အချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ရောဂါပိုး အခြေအနေ ပေါ်မူတည်၍ တက္ကသိုလ်ပြန်လည်ဖွင့် […]