တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၈၊ ညနေ ၆ နာရီခွဲ)
diz_admin
March 28, 2020လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ သိနိုင်ရန် လူနာအသစ်နှစ်ဦး၏ ဓာတ်ခွဲနမူနာကို မတ်လ ၂၈ ရက်နေ့(ယနေ့)က ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ထားဝယ်ဆေးရုံကြီးရှိ အမျိုးသားလူနာတစ်ဦးနှင့် မြိတ်ဆေးရုံရှိ အမျိုးသမီးလူနာတစ်ဦးတို့၏ ဓာတ်ခွဲနမူနာများ ပို့ထားခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ ထိုကြောင့် တနင်္သာရီတိုင်းအတွင်းမှ ဓာတ်ခွဲနမူနာပို့ထားသူ စုစုပေါင်း လေးဦးရှိပြီဖြစ်သည်။ အထက်ပါ ဓာတ်ခွဲနမူနာပို့ထားသူမျာအနက် တစ်ဦးတွင် ပိုးမတွေ့ကြောင်း အစိုးရက ထုတ်ပြန်ထားပြီး ဖြစ်သည်။ ယခင်က ဓာတ်ခွဲနမူနာ ပို့ထားသူ တစ်ဦးမှာ အဖြေစောင့်နေဆဲ ဖြစ်သည်။ လက်ရှိတွင် တိုင်းအတွင်း ဆေးရုံများတွင် စောင့်ကြည့်လူနာ ၇ ဦးရှိပြီး ထားဝယ်တွင် ၄ ဦး၊ မြိတ်တွင် ၂ ဦးနှင့် ကော့သောင်းတွင် […]