BREAKING
February 26, 2025

သတင်း

ကိုရိုနာ ဂယက်အပေါ် ကျေးရွာများ၏ တုံ့ပြန်မှု

diz_admin

March 30, 2020

တနင်္သာရီတိုင်းရှိ ခရိုင်အဆင့် မြို့များတွင် ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်ရေး အတွက် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း များက နည်းလမ်းအမျိုးမျိုးဖြင့် ဆောင် ရွက်နေကြသလို ထားဝယ်ခရိုင်ရှိ ကျေးရွာ တို့ကလည်း ကိုယ့်နည်း၊ ကိုယ့်ဟန် နည်းလမ်းများဖြင့် တုံ့ပြန်ဆောင်ရွက် နေကြသည်။ ထားဝယ်ခရိုင်ရှိ ကျေးရွာများသည် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းများအပြင် ရပ်ရွာ အတွင်း ရန်ပုံငွေရှာဖွေကာ အခြားနည်း လမ်းအမျိုးမျိုးဖြင့်လည်း ယင်းဗိုင်းရပ်စ် ကို တုံ့ပြန်ဆောင်ရွက်နေကြသည်။ ညနေပိုင်းများတွင် ရပ်ရွာအတွင်း ဗိုင်းရပ်စ်ကာကွယ်ရေး လှည့်လည်အသိ ပညာပေးခြင်း၊ နိုင်ငံခြားမှ နေရပ်ပြန် လာသူများစာရင်း ကောက်ယူရန်၊ ကျေးရွာ တွင် တာဝန်ကျနေသည့် ကျန်းမာရေဝန် ထမ်းများနှင့်ပူးပေါင်းကာ နေရပ်ပြန်များ နှင့် ဆက်စပ် မိသားစုများကို ကျန်းမာ […]

မြိတ်ကျွန်းခရီးစဉ်များ တစ်လကျော်ပိတ်

diz_admin

March 30, 2020

မြိတ်ခရိုင်အတွင်းရှိ ကျွန်းခရီးစဉ် များကို တစ်လကျော် ယာယီပိတ်သိမ်း လိုက်ပြီ ဖြစ်သည်။ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ ယာယီ ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု မြိတ်ခရိုင်ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှူး ဦးနိုင်လင်းဇော်က ပြောသည်။ ကမ္ဘာအနှံ့ ဖြစ်ပွားလျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ် နိုင်တင်း ကူးစက်ရောဂါ ပျံ့ပွားခြင်း မရှိစေရန် မြိတ်ခရိုင်အတွင်းရှိ လူအသွား အလာများသော ကျွန်းများကို ပိတ်သိမ်း လိုက်ခြင်း ဖြစ်သည်။ “အဓိကကတော့ နိုင်ငံခြားသားနဲ့ တခြားပြင်ပက ဝင်ရောက်လာမဲ့ ဧည့် သည်တွေကို ပိတ်ဖို့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ”ဟု ၎င်းကပြောသည်။ မြိတ်ခရိုင် ကိုဗစ်နိုင်တင်းရောဂါကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့မှ မတ်လ ၂၇ ရက်နေ့က အစည်းအဝေး ပြုလုပ်ပြီး ယင်းသို့ ပိတ်သိမ်းရန် ဆုံး ဖြတ်ခဲ့ကြောင်း […]

ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေများ တစ်လကျော် ပိတ်မည်

diz_admin

March 30, 2020

ကမ္ဘာအနှံ့ ဖြစ်ပွားလျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ရောဂါ ပျံ့ပွားခြင်း မရှိစေရန် ထားဝယ်ခရိုင် အတွင်းရှိ လူအသွားအလာများသော ကမ်းခြေများကို မတ်လ ၂၇ ရက်မှ စ၍ ပိတ်သိမ်းရန် အစိုးရက ညွှန်ကြားလိုက်သည်။ ပိတ်သိမ်းလိုက်သော လောင်းလုံး မြို့နယ်အတွင်းရှိ နာမည်ကျော် မောင်းမကန်၊ စမ်းလှမ်း၊ တီဇစ်၊ ပညစ်၊ ဆင်ထောက်၊ ဖိုးဖိုးကျောက်၊ မြင်းခွာ အော်၊ ပါရာဒိုက် ကမ်းခြေများ အပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေအားလုံး ပါဝင်သည်။ မတ်လ ၂၇ ရက်မှ ဧပြီလ ၃၀ ရက် အထိ ယာယီပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။ ရပ်ဝေးမှ ခရီးသွားများ လူစုလူဝေး ဖြင့် လာရောက်မည်စိုးသောကြောင့် ထိုသို့ ပိတ်သိမ်းရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း […]

နွေရာသီ အားလပ်ရက်ကိစ္စ ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂ မကျေနပ်

diz_admin

March 30, 2020

ယခုနှစ် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ပေးသော နွေရာသီအားလပ်ရက် ကိစ္စကို မကျေနပ်သဖြင့် ယင်းကိစ္စအား နိုင်ငံတော် မူဝါဒနှင့်အညီ ပြင်ဆင်သတ် မှတ်ပေးရန် ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂက မတ်လ ၂၈ ရက်က ကြေညာချက်ထုတ်ပြန် လိုက်သည်။ ပုံမှန်အားဖြင့် တက္ကသိုလ်ဆရာ၊ ဆရာများများကို သင်္ကြန်ဆယ်ရက်ပိတ် ပြီးပါက ဧပြီလ ၁၈ ရက်မှ မေလ ၁၈ ရက် အထိ တစ်လကို နွေရာသီအားလပ်ရက် အဖြစ် ထပ်ပိတ်ပြီး ပိတ်ရက် စုစုပေါင်း ရက်လေးဆယ်ရှိကြောင်း ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာရီရီရွှေက ပြောသည်။ ယခုနှစ်တွင်မူ ကိုရိုနာဂယက်ကြောင့် ဟုဆိုကာ မတ်လ ၃၀ ရက်မှ ဧပြီလ ၂၉ ရက်အထိ စုစုပေါင် ၃၁ […]

မင်္ဂလာဆောင်၊ အလှူ၊ ဘာသာရေးအခမ်းအနားများ လုံး၀မလုပ်ရ၊ ဥပဒေအရ စတင်အရေးယူမည်

diz_admin

March 30, 2020

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီး ရေးနိုင်ရေးအတွက် မင်္ဂလာဆောင်၊ အလှူနှင့် ဘာသာရေးအခမ်းအနားများ လုံး၀မလုပ်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က မတ်လ ၂၈ ရက်နေ့က ညွှန်ကြားလိုက်သည်။ ထိုညွှန်ကြားချက်ကို မလိုက်နာပါ က ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေးဥပဒေဖြင့် အရေးယူမည့်အကြောင်း ကျယ်ပြန့်စွာ အသိပေးသွားမည်ဖြစ် ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ “မင်္ဂလာဆောင်တို့၊ ပွဲလမ်းသဘင် တို့ ဘာတို့မလုပ်ဖို့ပေါ့။ လုံး၀မလုပ်ဖို့ ပေါ့။ လုပ်မယ်ဆိုရင် ကူးစက်ရောဂါ ဥပဒေရှိတာပဲ။ အဲဒီဥပဒေနဲ့ အရေးယူမှာပေါ့။ အဓိကကတော့ သူတို့လည်း လိုက်နာဖို့လိုတယ်လေ။ ဒီကိစ္စကို ဒီအချိန်မှာ”ဟု ၎င်းကဆိုသည်။ ဘာသာရေး အခမ်းအနားဆိုသည် မှာ ဘာသာအလိုက် စုပေါင်းရှိခိုး ဝတ်ပြု ခြင်းများ၊ ဘုရားထီးတင်ပွဲ၊ ရဟန်းခံ ရှင်ပြုခြင်း စသည့် […]

သတင်းတိုများ

diz_admin

March 30, 2020

ပုလောမှာ ပါဆယ်သာ ရောင်းရမည် ပုလောမြို့နယ်အတွင်းရှိ စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များ အပါအဝင် အစားအသောက်နှင့် ပတ်သက်သည့်ဆိုင်များတွင် မတ်လ ၂၉ ရက်နေ့မှစပြီး ဆိုင်အတွင်း တည်ခင်းရောင်းခြင်းမပြုဘဲ ပါဆယ်ထုတ် စနစ်ဖြင့်သာ ရောင်းချရန် ပုလောမြို့နယ် စည်ပင်သာယာရေးကော်မတီက မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ မြိတ်မြိုပေါ် ဟိုတယ်များ ပိုးသတ်ဆေးဖြန်း မြိတ်မြို့ပေါ်ရှိ ဟိုတယ်များတွင် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ပိုးသတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် Regent Hotel ကို မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့အထိ၊ Green Eyes Hotel ကို မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ၊ အိမ်တော်ဖြူ […]

ရေထွက်ပစ္စည်း ဈေးနှုန်းကျဆင်း

diz_admin

March 30, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရေထွက်ပစ္စည်းဈေးနှုန်း ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသ ဖြစ်သည့် မောတောင်နှင့် ထီးခီးနယ်စပ်ဂိတ် ဝင်ပေါက်ထွက်ပေါက်များကို ပိတ်လိုက် သဖြင့် ကော့သောင်း-ရနောင်းလမ်းမှ လှေဖြင့်ဝင်ကာ ထိုင်းဘက်သို့ ရေထွက် ပစ္စည်းတင်ပို့ ရောင်းချနေရသည်ဟု ယင်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးကျော်ကျော် သက်က ပြောသည်။ “ကမ်းဝေး ငါးလုပ်ငန်းရှင်များကတော့ ယိုးဒယားက ပိတ်ချလိုက်မှာကို ကြောက် နေတယ်။ ရေလမ်းကတော့ ရနေသေးတယ်။ ဝယ်နေသေးတယ်၊ ဈေးကတော့ကျတာ ပေါ့။ ဝယ်လိုအားက စင်ထက်ကို ရောက် သွားတယ်။ ရောင်းသမားက ရတဲ့ဈေးနဲ့ ရောင်းရတယ်ဆိုတော့ ရောင်းသမားက ဒုက္ခရောက်တယ်ပေါ့နော်”ဟု ဦးကျော် ကျော်သက်က ဆိုသည်။ ရေထွက်ပစ္စည်းဈေးနှုန်းများမှာ ယခု မတ်လမှ စတင်ကျဆင်းလာပြီး ကားလမ်းပိတ်ထားသဖြင့် […]

တနင်္သာရီတိုင်းအတွင်း လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့

diz_admin

March 30, 2020

တနင်္သာရီတိုင်းအတွင်းတွင် မတ် လ ၂၈ ရက်က ဆေးရုံသို့ တင်ပို့ထား သော လူနာအသစ်နှစ်ဦး ကိုရိုနာရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ သိရှိနိုင်ရန် ဓာတ်ခွဲ နမူနာကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ထားဝယ်ဆေးရုံကြီးရှိ အမျိုးသား လူနာတစ်ဦးနှင့် မြိတ်ဆေးရုံရှိ အမျိုးသမီး လူနာတစ်ဦးတို့၏ ဓာတ်ခွဲနမူနာများ ပို့ထားခြင်းဖြစ်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။ ထိုကြောင့် တနင်္သာရီတိုင်းအတွင်း မှ ဓာတ်ခွဲနမူနာပို့ထားသူ စုစုပေါင်း လေးဦးရှိပြီဖြစ်သည်။ ယခင်နေ့များက ဓာတ်ခွဲခန်း နမူနာပေးပို့ထားသူ နှစ်ဦး အနက် တစ်ဦးတွင် ပိုးမရှိကြောင်း အစိုးရ က ထုတ်ပြန်ထားပြီး ဖြစ်သည်။ အခြား တစ်ဦးမှာ အဖြေစောင့်နေဆဲ ဖြစ်သည်။ ထိုကြောင့် […]