ရေးတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက်က အထိနာနေဟုဆို
Dawei Watch
January 16, 2025မွန်ပြည်နယ်၊ ရေးမြို့၊ ကျုံလောင်းရွာဟောင်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာနေသည်ဟု ဒေသတွင်းတိုက်ပွဲအခြေအနေကို လေ့လာစောင့်ကြည့်နေသူများနှင့် တော်လှန်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) နှင့် ၄ မိုင်ခန့်သာ ကွာဝေးသည့် ကျုံလောင်းရွာအနီးတဝိုက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် မွန်၊ ကရင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကျုံလောင်းရွာဟောင်းဘက် စကခ – ၁၉ လက်အောက်ခံ တပ်ရင်းများမှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိသည့်အတွက် တိုက်ပွဲသည် ဇန်နဝါလ ၁၆ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ “တိုက်ပွဲက ဒီနေ့အထိဖြစ်နေတယ်။ အခြေအနေကတော့ စစ်တပ်ကလည်း ဝင်လာနေတယ်။ ဒီဘက် တော်လှန်ရေးဘက်ကလည်း ဆက်ရှိနေမယ်ဆိုရင် […]