BREAKING
February 25, 2025

သတင်း

ဟိုတယ် ခရီးသွားလုပ်ငန်း လိုင်စင်ကြေး တစ်နှစ်စာလျှော့ပေးမည်

diz_admin

April 27, 2020

ကိုဗစ်ကပ်ဘေးကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် လိုင်စင်ကြေးများကို တစ်နှစ်စာ လျှော့ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။ ယခုနှစ် ဧပြီလ ၁ ရက်မှ လာမည့်နှစ် မတ်လ ၃၁ ရက်အထိ တစ်နှစ်စာ လိုင်စင်ကြေး ကင်းလွတ်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။ ဟိုတယ်/တည်းခိုခန်းလိုင်စင်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ ဧည့်လမ်းညွှန်လိုင်စင်များကို တစ်နှစ်စာအတွက် ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။ “ကြိုသွင်းပြီးသားတွေရှိနေရင်လည်း လာမယ့်နှစ်ကျရင် သူ့ဟာသူ ပြန်ခုနှိမ်ပေးမယ်ပေါ့နော်။ အခုကတော့ တစ်နှစ်စာ လျှော့လိုက်တာပေါ့နော်”ဟု ဦးညိုအေးက ပြောသည်။ အထက်ပါလိုင်စင်မျာ၏ သက်တမ်းမှာ ၃ နှစ်ဖြစ်သည်။ ခရီးလှည့်လည်ရေးလိုင်စင်ကြေး ကို ကျပ်သုံးသိန်း၊ ဟိုတယ် အခန်း၂၀ အထိ ၄ သိန်း၊ ၂၁ ခန်းမှ […]

လောင်းလုံး ဥပဒေ အထောက်အကူပြုအဖွဲ့ထံ အမှုကိစ္စ အကူအညီ တောင်းခံသူနည်းသေး

diz_admin

April 27, 2020

နှစ်နှစ်ကျော်ကာလအတွင်း လောင်းလုံးမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ထံ လာရောက်အကူအညီတောင်းခံသည့်အမှု ၁၅ ခု သာရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ယင်းအဖွဲ့ရုံးခန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့သည်။ လာရောက်တောင်းခံသည့်အမှုများအနက် သုံးခုကို အခမဲ့အမှုလိုက်ပါ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဉာဏ်စိုးက ပြောသည်။ အခမဲ့လိုက်ပါဆောင်ရွက်ပေးခဲ့သည့် အမှုများမှာ လောင်းလုံးမြို့ပေါ်၊ သဗျာနှင့် ကဒက်ငယ်ထိန်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သည့် ခိုးမှု၊ အိမ်ကျော်နင်းမှု၊ မီးပေါ့ဆမှု တို့ဖြစ်ပြီး ကျန် အမှုများကိုမှု ဥပဒေဆိုင်ရာအကြံပေးပြီး သက်ဆိုင်ရာရဲစခန်းထံ ညွှန်းပို့ပေးခဲ့ကြောင်း ဦးဉာဏ်စိုးက ပြောသည်။ “အဲဒီ သုံးမှုစလုံး ကွင်းလုံးကျွတ် လွတ် သွားတယ်”ဟု ၎င်းက ဆိုသည်။လောင်းလုံးမြို့နယ်ရှိ ဒေသခံအချို့အား မေးမြန်းကြည့်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း ယင်းဥပဒေဆိုင်ရာ အထောက်အကူပြုဖွဲ့ ရုံးခန်း ဖွင့်လှစ်ထားသည်ကိုပင် သိရှိသူ […]

မြိတ်တွင်ညမထွက်ရ ဖောက်ဖျက်မှု လူ ၂၀ နီးပါးကို အရေးယူ

diz_admin

April 27, 2020

မြိတ်တွင်ညမထွက်ရအမိန့်ဖောက်ဖျက်မှုဖြင့် အရေးယူထားသူနှစ်ဆယ် နီးပါးရှိလာနေပြီဖြစ်ကြောင်း မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်နိုင်တင်းရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ရက် နေ့စွဲဖြင့်ထုတ်ပြန်ပြီးတစ်ပတ်အကြ ာအမျိုးသား ၁၇ ဦးအားအရေး ယူထားပြီးဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။ ည ၁၀နာရီနောက်ပိုင်း လမ်းပေါ် တွင်တွေ့ရှိသူ ကလွင်ကျေးရွာအုပ်စုမှ လူ ၁၂ဦးနှင့် မြိတ်တောင်ကျေးရွာအုပ်စုမှ ၅ ဦး စုစုပေါင်း ၁၇ဦးကို စစ်ဆေးအရေးယူပြီး တစ်ဦးလျှင်ဒဏ်ငွေကျပ်ငါးသောင်း စီပေးဆောင်စေခဲ့ကြောင်း အုပ်ချုပ်ရေး မှူးက ပြောပြသည်။ “မနေ့က (ဧပြီ၂၄ည) အထိအရေး ယူထားသူအားလုံးပေါင်းပေါ့”ဟု ဦးဝင်း သူအောင်က ပြောသည်။ ဥပဒေအရအမိန့်ချိုးဖောက်သူများအား ထောင်ဒဏ်ခုနစ်ရက်မှ ခြောက်လအထိချနိုင်ပြီး တစ်ဦးလျှင် ဒဏ်ငွေတစ်သိန်းအထိနှင့် ထောင်ဒဏ်နှင့်ငွေဒဏ်ပါ နှစ်ခုစလုံးချမှတ်နိုင်သည်ဟု အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။ ဧပြီလ […]

ဧပြီလကုန် အထိ မိုးရွာမည်

diz_admin

April 27, 2020

တနင်္သာရီတိုင်းအတွင်း ဧပြီ ၃၀ ရက်နေ့အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေထုပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပေါ်နေခြင်းကြောင့် မိုးရွာနိုင်စရာအကြောင်းရှိသေးသည်ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။ “ပင်လယ်ပြင်ပေါ်က လေထုပြောင်းလဲမှုဖြစ်စဉ် ဖြစ်တဲ့အတွက် ရေငွေ့ပါလာပြီး မိုးရွာနိုင်စရာအကြောင်းရှိတယ်၊ မိုးက ဆက်လာဖို့က ဖြစ်သွားပါပြီ” ဟု ဦးကျော်မိုးခိုင်က ဆိုသည်။ မေလ ၂ ရက်နေ့ နောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး ပိုအားကောင်းလာပြီး မုန်တိုင်းငယ် အဆင့်ရောက်လာပါက မုတ်သုန်ဝင်မည့်ကာလ ယခင်နှစ်ကထက် ပိုစောလာနိုင်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။ လေဖိအားနည်းရပ်ဝန်း မဖြစ်တည်ပါက မုတ်သုန် အဝင်နောက်ကျမည်ဖြစ်ကြောင်း ဦးကျော်မိုးခိုင်က ပြောသည်။ တနင်္သာရီတိုင်းတွင် သင်္ကြန်ရက်များအတွင်း မိုးရွာသွန်းမှုဖြစ်စဉ်မရှိခဲ့ဘဲ ဧပြီလ […]

တနင်္သာရီတိုင်းအတွင်း လွတ်ငြိမ်းခွင့်ရသူ တစ်ထောင်ကျော်ရှိ

diz_admin

April 17, 2020

မြန်မာနှစ်သစ်ကူး အချိန်တွင် တနင်္သာရီတိုင်းအတွင်း သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သူ တစ်ထောင်ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းခိုင်က ပြောသည်။ တိုင်းအတွင်းရှိ အကျဉ်းထောင် ၃ ခုနှင့် အလုပ်စခန်း ၃ ခုမှ စုစုပေါင်း ၁၁၃၅ ဦး လွတ်ငြိမ်းသက်သာခွင့်ရခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုလွတ်ငြိမ်းခွင့်ရသူများအနက် ကော့သောင်းအကျဉ်းထောင်မှ နိုင်ငံခြား ၉ ဦးပါဝင်ကြောင်း ဦးထွန်းခိုင်က ဆိုသည်။ “(နိုင်ငံခြားသား) ထားဝယ်တို့ မြိတ်တို့မှာ မပါဘူး၊ ကော့သောင်းတစ်ခုပဲပါတယ်”ဟု ဦးထွန်းခိုင်က ပြောသည်။ ထားဝယ်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရသူ ၁၄၅ ဦးရှိပြီး ၎င်းတို့ကို ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ ကားများဖြင့် ပို့ဆောင်ခဲ့သည်။ ယင်းနေရာမှတစ်ဆင့် မြို့နယ်အလိုက်ပြန်ခွဲကာ သက်ဆိုင်ရာ မြို့နယ်များကို ကားဖြင့်ပြန်ပို့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး […]

ရေလှူသူ ငါးဦးထက်ပိုမသွားရ

diz_admin

April 16, 2020

ထားဝယ်ခရိုင်အတွင်း ရေရှားဒေသများသို့ ရေအလှူသွားမည်ဆိုပါက လူငါးဦးထက်ပိုမသွားရဆိုသည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ ယင်းအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွန်ချက်များကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ပြောသည်။ “(လူငါးဦးထက်မပိုစေရန်) ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ကြပ်မတ်ဆောင်ရွက်ရမှာပေါ့နော်” ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရန် လုပ်ဆောင်နေသည့် အချိန်ဖြစ်သောကြောင့် ယင်းအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ယင်းဒေသန္တရအမိန့်ကို ဧပြီလ ၁၄ ရက်က ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ကျော်သူစိုး