BREAKING
January 13, 2025

သတင်း

စစ်ကောင်စီတပ်က လောင်းလုံး၊ သဘော့ဆိပ်ရွာထဲမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

Dawei Watch

August 29, 2024

လောင်းလုံး၊ သဘော့ဆိပ်ရွာကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ယနေ့ (ဩဂုတ် ၂၉) နေ့လယ်ပိုင်းက လက် နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။ မနေ့ကကျောက်ဆင်ရွာတွင် ညအိပ်တပ်စွဲသည့် စစ်ကောင်စီစစ်ကြောင်းက ယနေ့ နံနက်ပိုင်းမှစပြီး သဘော့ဆိပ် ရွာသို့ ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။ “ခုမွန်းလွဲ ၁ နာရီ လောက်မှာ လက်နက်ကြီး နဲ့ သုံးချက် ပစ်တယ်” ဟု ၎င်း ဒေသခံက ပြောသည်။ ထိုစစ်ကြောင်းသည် ဩဂုတ်၂၈ ရက် နံနက်ပိုင်းကတည်းကမောင်းမကန် ကျေးရွာမှတစ်ဆင့် ကျောက်ဆင်ကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ယင်းစစ်ကြောင်းမှာ မနေ့က ကျောက်ဆင်ရွာတွင် နေအိမ်များ ကို ဝင်ရောက်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သလို ခရီးသွားများကိုလည်း စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “စာသင်ကျောင်းနားက ရွာထိပ်မှာ […]

ထိုင်းမြေအောက်ရထားလမ်းမြေပြိုမှု ပိတ်မိနေသည့် မြန်မာလုပ်သားကို သေဆုံးလျက်ပြန်တွေ့

Dawei Watch

August 29, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စ မြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိနေသူ သုံးဦးအနက် မြန်မာအလုပ်သမားကို သေဆုံးလျက်ပြန်လည်တွေ့ရှိပြီး ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများ တွင် ဖော်ပြသည်။ ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ မြန်မာအလုပ်သမား တည်နေရာကို စတင်တွေ့ရှိချိန် အသက်ရှင်နေသေးသော လက္ခဏာနှင့် ထရပ်ကားခေါက်သံများ ကြားနေရသဖြင့် အသက်ရှင်နေသေးသည်ဟု ယုံကြည်ထားကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။ ထို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးအဖွဲ့အကူအညီများ အဆင်သင့် ပြုလုပ်ထားပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ရန် ရဟတ်ယာဉ်ကိုလည်း အဆင်သင့်ပြုလုပ်ထားကြောင်းဆိုသည်။ ထို့နောက် မြန်မာနိုင်ငံသားကို ကယ်တင်နိုင်ရေး ပိတ်မိနေသော ကျောက်တုံးများကို ညလုံးပေါက် ဖယ်ရှားခဲ့ကြောင်း ဖော်ပြသည်။ သို့သော်လည်း ပြိုကျမှုဖြစ်ပြီး ငါးရက်ခန့်အကြာ ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံသား၏ အလောင်းကိုသာ ပြန်လည် […]

ဖူးခက်မြေပြိုမှုကြောင့် နာမည်ကြီး Big Buddha ဘုရားကြီး၏ ဂေါပကအဖွဲ့ စစ်ဆေးခံနေရ

Dawei Watch

August 29, 2024

ထားဝယ်သားဒေသခံများအပါအဝင် လူ ၁၀ကျော်သေဆုံးခဲ့သည့် ဖူးခက်မြေပြိုမှုဖြစ်ပွားပြီးနောက်တွင် ဖူးခက်မြို့ရှိ နာမည်ကြီး Big Buddha ဘုရားကြီးဂေါပကအဖွဲ့ စစ်ဆေးခံနေရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ နယ်မြေကျူးကျော်တည်ဆောက်ထားမှု၊ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ရေးလုပ်ငန်းအချို့ လုပ်ကိုင်ခဲ့မှုနှင့် ရေလွှဲပြောင်းစနစ် စနစ်တကျတည်ဆောက်ထားခြင်း မရှိခဲ့မှုတို့ကြောင့် စစ်ဆေးခံနေရခြင်းဖြစ်သည်။ ထိုင်းတောင်ပိုင်း ဖူခက်မြို့တွင် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကတရပ်ကွက်ရှိ Big Buddha ဘုရားကြီး တည်ဆောက်ထားသော တောင်ကုန်းအနောက်တွင် မြေပြိုမှုကြောင့် ထားဝယ်ဒေသခံ ရှစ်ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်။ မြေပြိုမှုနှင့် ပက်သက်၍ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထိုင်းသစ်တောဌာန၊ ဖူးခက်မြို့ ဗုဒ္ဓဘာသာရုံးအပါအဝင် ရဲတပ်ဖွဲ့များနှင့် နယ်မြေခံအရာရှိများက တောင်အမြင့်ပေါ် ဘုရားကြီးတည်ဆောက်ထားမှုနှင့်ပက်သက်၍ ကွင်းဆင်းကာ စုံစမ်းစစ်ဆေးခဲ့သည်။ သစ်တောဌာနက Big Buddha […]

ရန်ကုန်-ထားဝယ် အိမ်စီးကားခဈေးတက်၊ ခရီးသည်တစ်ဦးလျှင် ကျပ်တစ်သိန်းဖြစ်လာ

Dawei Watch

August 29, 2024

ရန်ကုန်-ထားဝယ် (လေးယောက်စီး) အိမ်စီးကားခဈေးနှုန်းမှာ ယခုလအတွင်း ခရီးသည်တစ်ဦးလျှင် ကျပ်တစ်သိန်းဖြစ်လာကြောင်း ကားသမားများနှင့် ခရီးသွားအချို့ထံမှ သိရသည်။ ဇူလိုင်လနောက်ဆုံးအပတ်စတင်ကာ နိုင်ငံတစ်ဝန်း စက်သုံးဆီပြတ်လပ်နေပြီး ဆီစျေးတက်သည့်အပြင် လိုသလောက် ဝယ်မရသောကြောင့် ကားခဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ကားပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။ “ဆီပြန်ရတာ အခုတစ်ပတ်လောက်ပဲရှိသေးတယ်။ ရန်ကုန်မှာ ဆီထည့်မယ်ဆို တန်းစီရတာ၊ အဲဒီတော့ ထားဝယ်ကနေ ဈေးကြီးပေးဝယ်ပြီး ငါးဂါလံပုံးတွေထဲထည့်ပြီး ကားဆွဲရတာ။ ကားခဈေးတက်တာ အဓိကတော့ ဆီဈေးကြောင့်ပဲ။ ရန်ကုန်မှာ တန်းစီဝယ်မယ်ဆို နှစ်ရက်လောက် တန်းစီရတယ်” ဟု ၎င်းက ပြောဆိုသည်။ ပြီးခဲ့သည် မတ်လက ကားခဈေးနှုန်းမှာ တစ်ဦးလျှင် ကျပ်ခုနစ်သောင်း၊ ဇူလိုင်လတွင် ကျပ်ရှစ်သောင်း၊ ဇူလိုင်လနောက်ဆုံး အပတ်မှ လက်ရှိအချိန်အထိ တစ်သိန်းကျပ်အထိ ဖြစ်လာကြောင်း စုံစမ်းသိရသည်။ တစ်လအတွင်း ကျပ်နှစ်သောင်း စျေးတက်လာခြင်း […]

တိုက်ပွဲပြင်းထန်နေသည့် ကြာအင်းဆိပ်ကြီးတွင် ဒေသခံထောင်နှင့်ချီထွက်ပြေးနေရ

Dawei Watch

August 28, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာနှင့် အနီးတဝိုက်တွင် နှစ်ပတ်ကျော်ကြာလာသည့်ထိ တိုက်ပွဲပြင်းထန်နေပြီး ထောင်နှင့်ချီသည့် ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အနင်းကွင်းကျေးရွာ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်း တပ်ဖွဲ့တို့က ဩဂုတ်လ ဒုတိယအပတ်အတွင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့သည်။ တိုက်ပွဲဖြစ်နေသည့် အနန်းကွင်းနှင့် အနီးအနားတစ်ဝိုက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်တိုက်ခိုက်နေပြီး သံဖြူဇရပ်မြို့နယ်၊ ဝဲကလိတပ်နယ်ကလည်း လက်နက်ကြီးဖြင့်လည်း လှန်းပစ်နေသည့်အပြင် ဒရုန်းဖြင့်လည်း လာရောက် ပစ်ခတ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထို့ကြောင့် အနန်းကွင်းနှင့် အနီးနားရှိ လွတ်ရှမ်း၊ ဖားပြ၊ သံပုရာ အပါအဝင် ကျေးရွာ ခုနစ်ရွာထက်မနည်းက ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့က ဆိုသည်။ “တောထဲ၊ […]

မဲပေါက်၍ စစ်မှုထမ်းရသူတစ်ဦး မြိတ်ခရိုင်တပ်ရင်းတွင် လာရောက်ခိုလှုံ

Dawei Watch

August 28, 2024

စစ်မှုထမ်း သင်တန်းဆင်းထားသည့် မြိတ်ဒေသခံအမျိုးသားတစ်ဦး ဩဂုတ်လ ၂၆ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင် တပ်ရင်း (၁) တွင် လာရောက်ခိုလှုံကြောင်း ယင်းတပ်ရင်းက ဩဂုတ်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။ ယင်းအမျိုးသားသည် ၎င်းနေထိုင်ရာ မြိတ်မြို့ပေါ်ရပ်ကွက်တွင် စစ်မှုထမ်းရန်မဲပေါက်သဖြင့် ယခုနှစ် ဧပြီလတွင် ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ၁၂ ပတ်ကြာ စစ်သင်တန်းတက်ခဲ့ရကြောင်း ကာယကံရှင်အားကိုးကား၍ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ယင်းနောက် ရေးမြို့‌နယ်၊ အာယုတောင်အခြေစိုက် အမှတ် ၅၈၇ ‌စစ်ကောင်စီခြေမြန်တပ်ရင်းသို့ ပို့ဆောင်ခဲ့ရကာ နှစ်လကြာ စစ်မှုထမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။ “သူတို့ စစ်မှုထမ်းသင်တန်း အစတုန်းက ပြောတာရှိတယ်။ ဘယ်နေရာမှ မပို့ဘူး။ ကိုယ့်မြို့ကိုယ့်ရွာပဲ တာဝန်ထမ်းရမယ်။ ဒါပေမဲ့ သင်တန်းပြီးတော့ သူကိုယ်တိုင်က […]

ထိုင်းမြေအောက်ရထားလမ်းမြေပြိုမှုတွင် မြန်မာလုပ်သားကို အသက်ရှင်လျက်တွေ့

Dawei Watch

August 28, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စမြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိနေသူ သုံးဦးအနက် ထရပ်ကားမောင်းသမား မြန်မာနိုင်ငံသားကို ယနေ့ ဩဂုတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် အသက်ရှင်လျက် တွေ့ရှိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၄ ရက်နေ့ ညတွင် မြေအောက်ရထားလမ်းလုပ်ငန်းခွင် ပြိုကျပြီးနောက် ပိတ်မိနေသူသုံးဦးကို ကယ်ဆယ်ရေး ဆက်တိုက်လုပ်ဆောင်နေခဲ့ရာ သုံးရက်ကျော်အကြာတွင် မြန်မာနိုင်ငံသားကို ထရပ်ကားထဲတွင် အသက်ရှင်လျက် ပြန်တွေ့ခြင်းဖြစ်သည်။ ထရပ်ကားကို စတင်တွေ့ရှိချိန်တွင် ကယ်ဆယ်ရေးအဖွဲ့များက ကားမှန်ကို ခေါက်ခဲ့ရာ အထဲက ပြန်ခေါက်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များက ဆေးအဖွဲ့ကို အရေးပေါ်ခေါ်ယူခဲ့ပြီး ဆေးဝါးနှင့် အစားအသောက်များဖြင့် ကနဦး ကုသပေးကာ အပြင်သို့ ကယ်ထုတ်ရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ […]

လောင်းလုံး ခလရ ၁၀၄ အနီးပစ်ခတ်မှု စစ်ကောင်စီတပ်သားနှစ်ဦးသေကြောင်း ဗထူးတပ်ထုတ်ပြန်

Dawei Watch

August 28, 2024

လောင်းလုံးမြို့နယ် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၀၄ အနီး ဩဂုတ်လ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှု တွင် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဗထူးတပ်မတော် BHA က ထုတ်ပြန်သည်။ ယနေ့ နံက် ၇ နာရီခွဲကျော်တွင် ခလရ ၁၀၄ က ကျောင်းကား အသွားအပြန်အတွက် လမ်းကင်းလုံခြုံရေးယူပေးရန် ထွက်လာသည့် စစ်ကောင်စီတပ်သားသုံးဦးကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုတိုက်ခိုက်မှုအတွင်း MA1၊ MA2 သေနတ်နှစ်လက်နှင့် ကျည်ဆံ ၃၇၀ တောင့်၊ ကျည်ဘောက် ၈ခု၊ 40mm ဗုံးသီး သုံးလုံး၊ လက်ပစ်ဗုံး တစ်လုံး၊ အီနာဂါ ဗုံးသီး သုံးလုံး၊ စကားပြောစက် တစ်လုံး၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် […]