စီးပွားထိခိုက်မှု အစိုးရချေးငွေ ရော်ဘာလုပ်ငန်းငွေပမာဏ အများဆုံး လျှောက်ထား
diz_admin
May 4, 2020ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း စီးပွားရေးထိခိုက်မှုအတွက် အစိုးရထံမှငွေထုတ်ချေးရန် လျှောက်ထားမှုတွင် ရော်ဘာစက်ရုံလုပ်ငန်းများက ငွေပမာဏအများဆုံး လျှောက်ထားကြကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ကျော်ဦးထံမှ သိရသည်။ အစိုးရ၏ COVID-19 Fund မှ ငွေချေးရန်အတွက် တနင်္သာရီတိုင်းအတွင်းမှ လျှောက်ထားလာသည့်လုပ်ငန်းရှင် ၇၄ ဦးက စုစုပေါင်းငွေကျပ်သိန်းကိုးသောင်းကျော် လျှောက်ထားလာရာ ယင်းတို့တွင် ရော်ဘာစက်ရုံလုပ်ငန်းများက ငွေပမာဏအများဆုံး ဖြစ်သည်။ “ငွေ Amount (ပမာဏ) များတာက ရော်ဘာစက်ရုံ/ထားဝယ်လည်း ရော်ဘာအပြားစက်ရုံ (ချေးဖို့လျှောက်ထားငွေ)များတယ်။ မြိတ်ကလည်း ငွေများတယ်။ မြိတ်က ရော်ဘာလုပ်ငန်းရှင်တစ်ဦးတည်းတောင် ချေးငွေ (ကျပ်သိန်းပေါင်း) သုံးသောင်းချေးဖို့တင်ထားတယ်” ဟု ဦးကျော်ဦးက ပြောသည်။ ချေးငွေလျှောက်ထားသူများမှာ ထားဝယ်ခရိုင်မှ ၅၁ဦး၊ မြိတ်ခရိုင်မှ ၂၃ ဦး ရှိပြီးခရီးသွားလုပ်ငန်း၊ ဈေးရောင်းသည့်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း […]