ထိုင်းပြန် တနင်္သာရီတိုင်းသား ခုနစ်ရာကျော် မြဝတီတွင် သွားကြိုမည်
diz_admin
May 5, 2020ထိုင်းနိုင်ငံရှိ တနင်္သာရီတိုင်းသားငါးရာခန့်မှာ လာမည့်လဆန်းပိုင်းတွင် မြဝတီနယ်စပ်ဝင်ပေါက်မှတစ်ဆင့်ဝင်လာနိုင်ပြီး ၎င်းတို့ကို အစိုးရက ကားဖြင့်သွားကြိုရန် ပြင်ဆင်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်း က ပြောသည်။ မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း တနင်္သာရီတိုင်းသား ၇၄၂ ဦးခန့် ဝင်ရောက်လာနိုင်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့က စာရင်းပေးပို့လာကြောင်း ၎င်းကဆိုသည်။ ယင်းနေရပ်ပြန်များကို မေလဆန်းမှစကာ တိုင်းအစိုးရကစီစဉ်သည့် မှန်လုံကားဖြင့် သွားခေါ်မည်ဖြစ်ပြီး ထားဝယ်မြို့ရှိရွှေဝယ်သီရိအားကစားကွင်းတွင် စုရပ်အနေဖြင့် ထားမည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။ ထိုစုရပ်မှတစ်ဆင့် ၎င်းတို့နေထိုင်ရာ ခရိုင်များသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အကယ်၍ ကျန်တဲ့ မြိတ်ခရိုင်တို့ ကော့သောင်းခရိုင်တို့ကဆိုရင် တစ်ခါတည်း ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အုပ်ချူပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး […]