BREAKING
February 24, 2025

သတင်း

အင်တာနက်လိုင်း မမိသည့် စာသင်ကျောင်း ငါးရာနီးပါးရှိ

diz_admin

May 18, 2020

တနင်္သာရီတိုင်းတွင် အင်တာနက် လိုင်း မမိသေးသည့် အခြေခံပညာကျောင်း ငါးရာနီးပါးရှိနေကြောင်း တနင်္သာရီ တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ အွန်လိုင်းမှ ပို့ချမည့် Grade 4 ၊ Grade 7 ၊ Grade 10 စနစ်သစ် ပညာရေး သင်တန်းအတွက် အင်တာနက် အသုံးပြု နိုင်ခြင်း မရှိ(အင်တာနက်လိုင်းမမိ)သည့် အခြေခံပညာကျောင်းများစာရင်း ကို ပညာရေးဝန်ကြီးဌာနက ကောက်ခံနေ ခြင်း ဖြစ်သည်။ တိုင်းအတွင်းရှိ အွန်လိုင်းသင်တန်း တက်မည့် ထက်၊ လယ်၊ မူ၊ ဘုန်တော် ကြီးပညာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်း တစ်ထောင်ကျော်(၁၃၅၇) ကျောင်းရှိ သည့်အနက် ငါးရာနီးပါး(၄၆၈) ကျောင်း မှာ လက်ရှိတွင် အင်တာနက်လိုင်းမမိ သေးသည့် ဒေသတွင်ရှိနေကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းအရ သိရသည်။ […]

အစိုးချေးငွေအတွက် ဌာနများနှင့် လုပ်ငန်းများထံမှ အချက်အလက် စုဆောင်း

diz_admin

May 18, 2020

ကိုဗစ်ကပ်ရောဂါကာလနှင့် ကိုဗစ် ကာလအလွန်တွင် အစိုးရမှထုတ်ချေးမည့် ချေးငွေများအတွက်ဆက်စပ်ဌာနများနှင့်အသေးစား/အလတ်စား/အကြီးစား လုပ်ငန်းများထံမှ အချက်အလက် များတောင်းယူစုဆောင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ လက်ရှိတွင် ချေးငွေနှင့်စပ်ဆိုင် ဆက်စပ်သည့်ဌာနများ၊ ဘဏ်များကို ခေါ်ယူတွေ့ဆုံဆွေးနွေးကာ အချက် အလက်များ တောင်းခံနေပြီးထိုနောက်တွင်မှ တိုင်းအတွင်းရှိအကြီးစား၊ အလတ်စား၊ အသေးစား၊ စီးပွားရေးလုပ် ငန်းများနှင့်စပ်ဆိုင်သည့် အသင်းအဖွဲ့ဦး ဆောင်သူများကို ဖိတ်ကြား ဆွေးနွေးသွား မည် ဖြစ်ကြောင်းဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ ယင်းသို့ အချက်အလက်ကောက်ယူပြုစုထားခြင်းဖြင့်အစိုးရချေးငွေများ လုပ်ငန်းရှင်များ လက်ဝယ်သို့ ထိရောက် မှန်ကန်စွာ ရောက်ရှိစေရေးနှင့် အစိုး ချေးငွေအလုံအလောက်ရနိုင်/မရနိုင်၊ မည်သည့်အချက်များကို ဖြေလျှော့သင့်သည် စသည့်အချက်များကို သိရှိနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ “ဒီလို အချက်အလက်စုဆောင်း ဒီလူတွေနဲ့ ဆွေးနွေးထားရမယ်ဆိုရင် နောက်ကိုဗစ်အလွန်လည်းပဲ […]

ငါးမဖမ်းရရာသီ ကမ်းဝေးလှေအားလုံး ဖမ်းခွင့်ပိတ်၊ ကမ်းနီးလှေများသာ ဖမ်းနိုင်

diz_admin

May 18, 2020

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ် ကွက်အများစုတွင် ၃လ တိတိငါးမဖမ်းရ ရာသီအဖြစ်သတ်မှတ်ပြီး ကမ်းဝေး ငါးဖမ်းလှေများ ငါးဖမ်းဆီးခြင်းမပြုရန် ပြည်ထောင်စုငါးလုပ်ငန်း ဦးစီးဌာနက တားမြစ်မိန့် ထုတ်ပြန်လိုက်သည်။ ငါး/ပုစွန်သားပေါက်ဖွားသည့်ရာသီအချိန်တွင်ငါးနှင့်သက်ရှိသယံဇာတများထိန်းသိမ်းနိုင်ရေး အတွက် မြန်မာ့ ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်းရှိငါး ဖမ်းကွက်များအတွင်း ပြည်တွင်း/ပြည်ပ ကမ်းဝေးငါးဖမ်းရေယာဉ်များအားလုံး ဇွန်လ၁ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့ ထိ သတ်မှတ်ဧရိယာအတွင်းငါး မဖမ်းရ ကာလ/ငါးမဖမ်းရ ဧရိယာအဖြစ်ထုတ် ပြန်လိုက်ခြင်း ဖြစ်သည်။ တနင်္သာရီတိုင်းတွင်၂၀၁၈ခုနှစ်နှင့် အထိကမ်းဝေးငါးဖမ်းလှေကုမ္ပဏီများ၏ ငါးဖမ်းလှေများကို ရာခိုင်နှုန်းအလိုက် (ဥပမာ- ကုမ္ပဏီပိုင်လှေအားလုံး၏၂၀ ရာခိုင်နှုန်း) ငါးဖမ်းခွင့်ပြုခဲ့သော်လည်း ၂၀၁၉ခုနှစ်နှင့် ယခု၂၀၂၀ခုနှစ်တို့တွင် ရာနှုန်းပြည့် ငါးဖမ်းခွင့်ပိတ်လိုက်ခြင်း ဖြစ်သည်။ ကမ်းနီးငါးဖမ်းလှေများမှာငါးဖမ်း ဆီးခွင့်ရှိနေမည် ဖြစ်သည်။ “တစ်ရာရာခိုင်နှုန်းပဲ။ ကမ်းဝေးငါး မဖမ်းလှေပဲပိတ်တာပါ။ ကမ်းနီးလှေ မပါဘူး” ဟုတနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦး […]

တနင်္သာရီတိုင်းတရားသူကြီးချုပ် အနားယူ

diz_admin

May 18, 2020

တနင်္သာရီတိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် ဦးတင်အောင်သည် သက်ပြည့် ပင်စင်ဖြင့် မေလ ၁၅ ရက်နေ့တွင် အငြိမ်းစားယူသွားကြောင်း တိုင်းတရားလွှတ်တော် ရုံးထံမှ သိရ သည်။ ဦးတင်အောင်သည် အသက် ၆၅ နှစ်ပြည့်သွားသည့်အတွက် အငြိမ်းစား ယူသွားခြင်းဖြစ်သည်။၎င်းသည် တရားသူကြီးချုပ်အဖြစ် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း တိုင်း တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။ ဦးတင်အောင် အငြိမ်းစားယူသွား သည့်အတွက် တရားလွှတ်တော် တရားသူကြီး ဦးခင်မောင်မောင်က ခေတ္တတရားသူကြီးချုပ် အဖြစ် တာဝန်ယူထားကြောင်း ၎င်းက ပြောသည်။ ဦးခင်မောင်မောင်သည် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်အမှုကို စစ်ဆေးနေသူလည်း ဖြစ်သည်။ ဒေါက်တာလဲ့လဲ့မော် အမှုကို မေလ ၂၂ ရက်နေ့တွင် အမိန့်ချမည်ဖြစ် သည်။ […]

ကိုဗစ်ကာလ ကားမှောင်ခို

diz_admin

May 18, 2020

တိုင်းတွင်း၊ တိုင်းပြင် ခရီးသည် တင်ယာဉ်များ ပြေးဆွဲခွင့်ကို ဧပြီလ ၂၄ မှ စတင် ပိတ်လိုက်ပြီး နောက်ပိုင်း ထားဝယ်ခရိုင်အတွင်း မှောင်ခိုပြေးဆွဲ သည့် ခရီသည်တင်ယာဉ်အချို့ ရှိလာခဲ့သည်။ မှောင်ခိုပြေးဆွဲသူများသည် ခရီးသည် များကို ထားဝယ်မြို့ထဲအထိ တင်ဆောင် လာခြင်း မရှိဘဲ မြို့ပြင် တစ်နေရာရာတွင် ချထားခဲ့သည်။ ယင်းနောက် မြို့ထဲသို့ဝင်ကာ ကုန်ပစ္စည်များတင်ဆောင်ပြီး နယ်ပြန် ဆင်းမည့် ခရီးသည်များကို မြို့ပြင်တစ် နေရာတွင် တင်ဆောင်ကြသည်။ ထားဝယ်မြို့နယ် ပုဂ္ဂလိကယာဉ် များပြေးဆွဲရေး လုပ်ငန်း ထိန်းသိမ်းကြီး ကြပ်ရေးကော်မတီ(ယကက)ဝင် ဦးချိုသိဏ်း ကလည်း မှောင်ခိုပြေးဆွဲနေသည့် ယာဉ် များရှိနေကြောင်း ပြောဆိုသည်။ “(မှောင်ခို) ပြေးဆွဲနေတဲ့ဟာတွေ ဆိုရင် လိုက်ပြီး ထိန်သိမ်းနေရတာပေါ့။ အရေးယူသင့်ရင်လည်း အရေးယူလိုက်တယ်။ ဒဏ်ရိုက်သင့်တဲ့သူလည်း […]

အခြေခံလူတန်းစားအိမ်ထောင်စုများကို ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့မည်

diz_admin

May 18, 2020

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူ တန်းစားအိမ်ထောင်စုများကို ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ယင်းအိမ်ထောင်စုများကို မေလ ၁၅ ရက်နေ့မှ ရက် ၃၀ အထိ တစ်ကြိမ်နှင့် ဇွန်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်းတစ်ကြိမ် စုစုပေါင်းနှစ် ကြိမ်ထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိုသို့ထောက်ပံ့ရန်အတွက် အခြေခံ လူတန်းစားအိမ်ထောင်စုစာရင်းကောက် နေပြီး ယင်းစာရင်းကို ပြည်ထောင်စု အစိုးရထံ မကြာမီတင်ပြမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ထိုသို့ ထောက်ပံ့ရန် စီစဉ်ခြင်းဖြစ်သည်။ “အခြေခံလူတန်းစားတွေ စာရင်းကို အခုယူနေပါပြီ”ဟု ဝန်ကြီးဦးကျော်မင်း က ပြောသည်။ […]

မြိတ်တွင် နှာခေါင်းစည်း မတပ်၍ အရေးယူမှု နှစ်ရာကျော်

diz_admin

May 18, 2020

မြိတ်တွင် မေလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ လေးရက်အတွင်း နှာခေါင်းစည်း မတပ်၍ အရေးယူခံရသူ ဦးရေ ၂၀၀ ကျော်ပြီ ဖြစ်ကြောင်း ကရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးဦးထံမှ သိရသည်။ ကရုဏာ နာရေးကူညီမှုအသင်းနှင့် နယ်မြေအုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြိတ်တောင်နယ်မြေ အောင်ဆန်းလမ်းမကြီးတွင် လမ်းသွားလာသူများနှင့် ယာဉ်မောင်းနှင် သွားလာသူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိသည်။ အဆိုပါ အရေးယူခံရသူဦးရေ ၂၀၀ ကျော်သည် အောင်ဆန်းလမ်းမကြီး နေရာရာ တစ်နေရာတည်းတွင် စစ်ဆေးချိန် အရေးယူခံရသူများ ဖြစ်သည်။ နှာခေါင်းစည်းမတပ်ထားသူများ ကို ငွေကျပ်ငါးထောင်နှင့် ညီမျှသည့် နှာခေါင်းစည်း ဆယ်ခု ဝယ်ယူစေကြောင်း ကရုဏာ နာရေးကူညီမှုအသင်းမှ […]

တနင်္သာရီတွင် မေလအပူချိန် ယမန်နှစ်ထက် သိသိသာသာတိုး

diz_admin

May 18, 2020

တနင်္သာရီတိုင်းတွင် ယခုနှစ်မေလ အပူချိန်သည် ယမန်နှစ်ထက် သိသိသာသာတိုးလာကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ အမြင့်ဆုံးအပူချိန်သည် တိုင်းအတွင်း မိုးလေ၀သစခန်း ၄ ခုမှ တိုင်းတာချက်အရ ၃၄.၇ ဒီဂရီ စင်တီဂရိတ် မှ ၃၆.၅ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိခဲ့သည်။ ယခုနှစ် ၂၀၂၀ ခုနှစ်တွင် မေလ ၁၅ ရက်နေ့အထိ အမြင့်ဆုံအပူချိန်မှာ ၃၈.၃ ဒီဂရီ စင်တီဂရိတ် မှ ၃၉.၅ ဒီဂရီ စင်တီဂရိတ်အတွင်းရှိကြောင်း သိရသည်။ အပူချိန်မြင့်တက်မှုကြောင့် အပူနှင့် ပက်သက်သည့် ရောဂါများဖြစ်ပွားနိုင်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် အပူမကြိုက်သည့် သီးနှံအထွက် လျော့ကျမှုများဖြစ်ပေါ် နိုင်သည်ဟု တနင်္သာရီတိုင်းမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန […]