၁၄ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်သူကို အလုပ်နှင့် ထောင်ဒဏ် ၂၇ နှစ် အမိန့်ချ
diz_admin
May 19, 2020ထားဝယ်မြို့တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိမ်းကျင့်ခဲ့သည့် အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် ၂၇ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်ခရိုင်တရားရုံးထံမှ သိရသည်။ ယမန်နှစ် ဇူလိုင်လတွင် မုဒိမ်းမှု၊ လူခိုးမှုဖြင့် စတင်တရားစွဲဆိုခဲ့သည့် ယင်းအမှုတွင် တရားခံဖြစ်သူ ဦးထွန်းမင်းကို ယခုနှစ် မေလ ၁၅ ရက်နေ့က အမိန့်ချလိုက်ခြင်းဖြစ်သည်။ ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်တွင် ဇွန်လ ၁၅ ရက်က အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးကို အထက်ပါအမျိုးသားက မိန်းကလေးငယ်နေထိုင်သည့် အိမ်အောက်တွင် မုဒိမ်းကျင့်ခဲ့သည့်အမှု ဖြစ်သည်။ အဆိုပါအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ (မုဒိမ်းမှု) ပထမအပိုဒ်အရ ထောင်ဒဏ် ၂၀ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု)ဖြင့် […]