BREAKING
February 24, 2025

သတင်း

ပိတ်ထားသည့် စက်ရုံများ စစ်ဆေးပြီး ပြန်ဖွင့်

diz_admin

May 25, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်ထားရသည့် မွန်ပြည်နယ်အတွင်းရှိ စက်ရုံ အလုပ်များကိုစစ်ဆေးပြီး ပြန်လည်ဖွင့်ခွင့်ပေးနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ပြည်နယ်အတွင်း၌ စက်ရုံ အလုပ်ရုံ စုစုပေါင်း ၂၇၂၇ ရုံ ရှိပြီး ယင်းစက်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ဖွဲ့စည်းထားသည့် ဌာနပေါင်းစုံပါ စက်ရုံအလုပ်ရုံကြီးကြပ် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိသည်။ လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားသည့် စက်ရုံ အလုပ်ရုံ ၈၈ ရုံကို ပြန်လည်ဖွင့်ခွင့်ပြုပေးထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ “ကျန်တာတွေကတော့ စစ်နေဆဲပဲ စစ်နေတုန်းပဲ။ ဆက်ပြီးတော့ ဖွင့်လှစ်ပေးဖို့ရှိတယ်” ဟု ၎င်းက ပြောသည်။ ပြန်လည်ဖွင့်ခွင့်ပြုပေးထားသည့် စက်ရုံ အလုပ်ရုံအများစုသည် အဓိကဆေးဝါးလုပ်ငန်းလုပ်သည့်စက်ရုံ၊ ဆန်စက်နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံဖြစ်သည်ဟု ဦးမြင့်သန်းဝင်းက ဆက်ပြောသည်။ […]

မွန်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၉၇ ဦးရှိ၊ ၁ ဦး သေဆုံး

diz_admin

May 25, 2020

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၉၇ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောသည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၉ ရက်နေ့ထိစာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ ၉၇ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။ ယခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေသည် လွန်ခဲ့သည့် ၂၀၁၉၊ ၂၀၁၈၊ ၂၀၁၇ ခုနှစ် ကာလတူများနှင့် နှိုင်းယှဉ်လျှင် ဖြစ်ပွားမှုနှုန်းနည်းသည်ဟု ပြည်နယ်ဦးစီးမှူးက ပြောသည်။“ပြီးခဲ့တဲ့ ၄ နှစ်နဲ့ နှိုင်းယှဉ်ချက်အရပေါ့။ ဒီနှစ်က အနည်းဆုံးဖြစ်တယ်” ဟု ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။ ၂၀၁၉ ခုနှစ်ကာလတူတွင် […]

မွန်တွင် မိုးစပါးစိုက်ချေးငွေ ကျပ် ၄၃ ဘီလီယံကျော် ထုတ်ချေးမည်

diz_admin

May 25, 2020

မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများအတွက် ယခုနှစ် ၂၀၂၀ ခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၄၃ ဘီလီယံကျော် ထုတ်ချေးရန်လျာထားကြောင်း မွန်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၈ ရက်မှစပြီး မြို့နယ်အလိုက် စတင်ထုတ်ချေးနေကြောင်း အထက်ပါဘဏ်မှ သိရသည်။ ချေးငွေ အတိုးနှုန်းကို လတ်တလောရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ် ၁၉ ရောဂါ အကျပ်အတည်းကြောင့် တောင်သူများအဆင်ပြေစေရန်ရည်ရွယ်ကာ အတိုးနှုန်းကို ၅ ရာခိုင်နှုန်းသို့ လျှော့ချထားကြောင်း ဦးကျော်စွာလှိုင်က ဆက်ပြောသည်။ ယခင်က ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ရာခိုင်နှုန်း ဖြစ်သည်။ “လယ်သမားအများစုက ဘဏ်ချေးငွေကို အားကိုးကြပါတယ်။ ပေးတာ မများပေမယ့် မြေဩဇာဖိုး ကောက်စိုက်ဖိုးလောက်ကတော့ ကာမိတော့ […]

တိုင်းလွှတ်တော်တွင် ကိုဗစ်အကြောင်း လုံးဝမပြော

diz_admin

May 25, 2020

ကိုဗစ်ကပ်ရောဂါအကြားတွင် ကျင်းပနေသည့် တိုင်းလွှတ်တော်အစည်းအဝေး လေးရက်စလုံးတွင် ကိုဗစ်ကပ်ရောဂါနှင့် ပတ်သက်ပြီး တိုင်းအစိုးရက ကိုင်တွယ်ဖြေရှင်းနေသည့်ကိစ္စအကြောင်းကို ဆွေးနွေးပြောဆိုခြင်း မရှိပေ။ မြေပြင်တွင်မူ တိုင်းအစိုးရ၏ ကိုဗစ်ကပ်ရောဂါကိုင်တွယ် လုပ်ဆောင်ပုံကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်ခံနေရသည်။ လက်ရှိတွင် တိုင်းအစိုးရသည် ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနေဆဲအခြေအနေသာဖြစ်သောကြောင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ မေးခွန်းထုတ်ရန်မဖြစ်နိုင်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ လွှတ်တော်အနေဖြင့် အစိုးရထံ ကိုဗစ်ကပ်ရောဂါကိစ္စနှင့်ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်ကို ပို့ထားပြီးဖြစ်ကာ နှစ်ဘက်ဆွေးနွေးလုပ်ဆောင်နေကြောင်း ဦးခင်မောင်အေးက ပြောသည်။ “လုပ်နေဆဲကာလ ဖြစ်တယ်။ လုပ်လည်း လုပ်ထားတာကို သိထားပြီး ဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်မှာ မေးခွန်းမေးလို့ မရဘူး။ လွှတ်တော် ဥပဒေအရ။ အဲဒါကြောင့် လွှတ်တော်မှာတော့ မေးခွန်း မမေးတော့ဘူး” ဟု ဦးခင်မောင်အေးက ပြောသည်။ ကိုဗစ်ကြားက တိုင်းလွှတ်တော် တိုင်းလွှတ်တော်အစည်းအဝေးကို […]

လွှတ်တော်တွင် ကတိကဝတ် သက်ရောက်ပြီး တိုင်းအစိုးရက မလုပ်သေးသည့်လုပ်ငန်း သုံးဆယ်ကျော် ရှိ

diz_admin

May 25, 2020

တိုင်းလွှတ်တော်တွင် ကတိကဝတ်သက်ရောက်ခဲ့သည့် အဆိုနှင့် မေးခွန်းများအနက် ၃၃ ခုကို လက်ရှိအချိန်အထိ တိုင်းအစိုးရက ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း တိုင်းလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက တင်သွင်းသည့်အစီရင်ခံစာအရ သိရသည်။ ဒုတိယအကြိမ် တိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ လေးနှစ်ကျော်အတွင်း ကတိကဝတ်သက်ရောက်သည့် မေးခွန်းနှင့်အဆို ၂၂၈ ခု ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းအနက် တိုင်းအစိုးက အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် လုပ်ငန်း ၃၃ ခုရှိပြီး ဆောင်ရွက်ဆဲ ၁၁၄ ခုနှင့် ဆောင်ရွက်ပြီး လုပ်ငန်း ၈၁ ခုရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၁၆ ခုနှစ်က […]

စောင့်ကြည့်စခန်းပို့နေသည့်ကိစ္စ ညွှန်ကြားချက်လိုက်နာရန် တိုင်းအစိုးရ မေတ္တာရပ်ခံ

diz_admin

May 25, 2020

အခြားတိုင်းနှင့်ပြည်နယ်မှ လာရောက်သူများကို စောင့်ကြည့်စခန်းသို့ ပို့ဆောင်နေသည့်ကိစ္စနှင့် ပတ်သက်၍ ညွှန်ကြားချက်အတိုင်းလိုက်နာကြရန် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူက မေတ္တာရပ်ခံလိုက်သည်။ အခြားတိုင်း/ ပြည်နယ်ရှိ ကိုရိုနာရောဂါပိုးမတွေ့သေးသည့်မြို့နယ်မှ လာရောက်ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်ပါရမည်ဖြစ်ကြောင်း တိုင်းအစိုးရက မေလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ထောက်ခံချက်နှင့် ကျန်းမာရေး ထောက်ခံချက်ပါရမည်ဟု ဖော်ပြသည်။ ထို့နောက်တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးကာ လိုအပ်မှသာ စောင့်ကြည့်စခန်းတွင် နေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် ထားဝယ်ခရိုင်ရှိ ရပ်ကျေးအချို့နှင့် ထားဝယ်လေယာဉ်ကွင်းတို့တွင်မူ ရန်ကုန်တိုင်းသို့ အခြားတိုင်းနှင့် ပြည်နယ်မှလာရောက်ပါက မည်သည့်မြို့နယ်ဖြစ်စေ စောင့်ကြည့်စခန်းတွင်နေရမည်ဟုဆိုကာ စခန်းသို့ပို့ဆောင် နေသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကျေးတာဝန်ရှိသူများက စေတနာလွန်ကဲကာ အစိုးရလမ်းညွှန်ချက်နှင့် မကိုက်ညီဘဲ လုပ်ဆောင်နေသည့် အနေအထားဖြစ်သွားသည်ကိုတွေ့ရကြောင်း တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ […]

ကမ်းဝေးလှေများ တနင်္သာရီတိုင်းပြင်ပ ရောဂါပိုးမတွေ့သေးသည့်ဒေသတွင်ရပ်နားက စောင့်ကြည့်စခန်းဝင်ရန် မလို

diz_admin

May 25, 2020

ကမ်းဝေးငါးဖမ်းလှေလုပ်ကိုင်နေသည့် ရေလုပ်သားများ တနင်္သာရီတိုင်းပြင်ပ ရောဂါပိုးမတွေ့သေးသည့်ဒေသတွင် ရပ်နားကာလုပ်ငန်းခွင်သိမ်းပြီး နေရပ်ပြန်လာပါက စောင့်ကြည့်စခန်းတွင် နေထိုင်ရန်မလိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ လက်ရှိတွင် ငါးဖမ်းရာသီကုန်ဆုံးတော့မည်ဖြစ်သဖြင့် ကမ်းဝေးငါးဖမ်းလှေများက ၎င်းတို့အခြေစိုက်ရာမြို့တွင် လှေရပ်နားကာ လုပ်ငန်းခွင်သိမ်းကြတော့မည် ဖြစ်သည်။ဝါးတန်းလှေဟုခေါ်သည့် ဝိုင်းကြီးချုပ်လှေအများစုက ရန်ကုန်မြို့တွင်အခြေစိုက်ပြီး ၎င်းတို့လည်း လုပ်ငန်းခွင်သိမ်းရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ဥပမာ ရန်ကုန်တိုင်းအတွင်းရှိ ကြည့်မြင်တိုင်မြို့နယ်တွင် လှေရပ်နားပြီး လုပ်ငန်းခွင်သိမ်းပါက ယင်းရေလုပ်သားများ နေရပ်ပြန်ချိန်တွင် စောင့်ကြည့်စခန်းတွင် နေရန်မလိုအပ်ပေ။ သို့ရာတွင် ငါးဖမ်းလှေရပ်နားသည့် မြို့နယ်ရှိသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်ယူရန်လိုအပ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။ အဆိုပါ ငါးဖမ်းလှေများလုပ်ငန်းခွင်နားရန် တနင်္သာရီတိုင်းအတွင်းရပ်နားပါက ယင်းလှေပေါ်ရှိရေလုပ်သားများ စောင့်ကြည့်စခန်းတွင် နေရန်မလိုအပ်ကြောင်း ဦးကျော်မင်းက ဆိုသည်။ ရေယာဉ်မှတ်ပုံတင်ရရှိပါက ကမ်းနီးငါးဖမ်းလိုင်စင် ထုတ်ပေးမည် ရောဂါဖြစ်ပွားနေသည့်ဒေသတွင် လှေရပ်နားပြီး လုပ်ငန်းခွင်သိမ်းသည့် […]

မိုးစပါးချေးငွေ လူခွဲထုတ်ချေးနေရသဖြင့် ကြန့်ကြာနိုင်

diz_admin

May 25, 2020

နှစ်စဉ်ထုတ်ချေးပေးနေသည့် မိုးစပါးချေးငွေများအား ယခုနှစ်တွင် ကိုဗစ်ကြောင့်လူစုခွဲကာ ထုတ်ချေးပေးနေရသည်။ ယင်းကြောင့် အချိန်ကြန့်ကြာနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။ မြိတ်ခရိုင်အတွင်း မိုးစပါးချေးငွေများအား မေလ ၂၁ ရက်မှစကာ ထုတ်ချေးပေးနေပြီး တစ်နေ့လျှင် တောင်သူဦးရေ တစ်ရာသာအကန့်အသတ်ဖြင့် ထုတ်ချေးပေးနေရကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဦးသန်းစိုးက ပြောသည်။ “လူသုံးရာလောက်ရှိတဲ့ရွာ အရင်ကတစ်ရက်တည်း ထုတ်ချေးနေရာက အခုဆိုသုံးရက်လောက် လူစုခွဲပြီး ထုတ်ချေးနေရတယ်။ ဒါကြောင့် နည်းနည်းလေး ပိုပြီးကြန့်ကြာသွားမယ့် သဘောရှိတယ်” ဟု ၎င်းက ပြောသည်။ ထုတ်ချေးရာတွင်လည်း တောင်သူတစ်ရာလျှင် နံနက်နှင့် ညနေ နှစ်သုတ်ခွဲကာ ထုတ်ချေးပေးနေရကြောင်း သိရသည်။ ယခင်က မိုးစပါးချေးငွေကို ရုံးတွင်ထုတ်ပေးခဲ့သော်လည်း ကိုဗစ်ကြောင့် ယခုနှစ်တွင် ကျယ်ဝန်းသည့် ဘုန်းတော်ကြီးကျောင်းများတွင် ပြုလုပ်နေရသည်။ မြိတ်ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ […]