BREAKING
January 13, 2025

သတင်း

လောင်းလုံး ရွာနှစ်ရွာက နေအိမ်ရှစ်ဆောင်ထက်မနည်းမီးရှို့ခံရပြီး အမျိုးသားနှစ်ဦးအသတ်ခံရ

Dawei Watch

September 2, 2024

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုရှိ ဖွားဘုတ်ပြင်နှင့် ဘူချိုင်းရွာနှစ်ရွာက နေအိမ်ရှစ်ဆောင်ထက်မနည်း မီးရှို့ခံထားရပြီး အမျိုးသားနှစ်ဦးလည်း အသတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၃၁ ရက်နေ့ကစ၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဖွားဘုတ်ပြင်ရွာတွင် နေအိမ် ငါးဆောင် ဘူချိုင်းရွာတွင် နေအိမ် သုံးဆောင်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “အခု ကျွန်မတို့သိထားတဲ့ အရေအတွက်ပဲ ရှိသေးတယ်။ မြေပြင်မှာ အဲဒီထက်ပိုများနိုင်တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်သည် နေအိမ်မီးရှို့ ခဲ့သည့်အပြင် စက်တင်ဘာလ ၁ ရက်နေ့က ဖွားဘုတ်ပြင်ရွာသား အသက် ၅၀ ဝန်းကျင် အရွယ်ရှိ ဦးကျော်သန်းကိုလည်း ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “သူက ရွာမှာ နွားကျောင်းပြီး သူ့ဘာသာသူ အေးဆေးနေတာ။ သူ့ကိုလည်းပစ်သတ်ခဲ့တယ်” ဟု […]

ထိုင်းတွင် မြန်မာဇနီးမောင်နှံနှစ်ဦး ဘတ် ၆ သန်း ထီပေါက်

Dawei Watch

September 2, 2024

စက်တင်ဘာလ ၁ ရက်နေ့က ဖွင့်လှစ်လိုက်သော ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ပထမဆု ဘတ် ၆ သန်းကို မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦးက ကံထူးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာဇနီးမောင်နှံနှစ်ဦးမှာ ထီ ၁၀ စောင်ထိုးခဲ့ပြီး တစ်စောင်က ဘတ် ၆ သန်းပေါက်သဖြင့် ဆုငွေထုတ်ယူရန် မြန်မာအလုပ်သမား အဖွဲ့အစည်းဖြစ်သော MHAC မဟာမိတ်အဖွဲ့ကို အကူအညီလာတောင်းခံခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ အဖွဲ့ကနေတစ်ဆင့် ယနေ့ (စက်တင်ဘာ ၂) ဆုငွေအပြီးထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။ “မနေ့က ထီထွက်ပြီးတာနဲ့ အဖွဲ့ကို ဆက်သွယ်လာတယ်ပေါ့နော်။ ဒီနေ့ပဲ ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးရဲ့ လုံခြုံရေးကိုပါ တာဝန်ယူပြီး ရုံးအဖွဲ့က ဆုငွေကို နေ့ချင်းပြီး ထုတ်ယူပေးခဲ့ပါတယ်” […]

စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်အမျိုးသားများ ကော့သောင်းနယ်စပ်ဖြတ်သန်းခွင့်ပိတ်

Dawei Watch

September 2, 2024

စစ်မှုထမ်းအသက် အကျုံးဝင်နေသော လူငယ်အမျိုးသားများကို ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ထွက်ခွင့်အား ယနေ့စတင် ပိတ်ပင်လိုက်ကြောင်း မြို့ခံများထံမှသိရသည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသော အမျိုးသားများကို ၇ ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ဖြတ်သန်းသွားလာမှုကို ကော့သောင်းနယ်စပ်ရှိ စစ်ကောင်စီလက်အောက်ခံဌာနများက ယနေ့ စက်တင်ဘာလ ၂ ရက် နံနက်မှစတင်ကာ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် ယာယီနယ်စပ်ဖြတ်သန်းသန်းခွင့်လက်မှတ်ဖြင့် သွားလာသူများကိုသာ ပိတ်ထားခြင်းဖြစ်ပြီး ၁၄ ရက်သက် တမ်းရှိ Boder Pass စာအုပ်ဖြင့် သွားလာသူများကိုမူ သွားလာခွင့်ပြုထားကြောင်း TBP ကိုင်ဆောင်ထားပြီး ဖြတ်သန်းခွင့် မရသည့် ကော့သောင်းဒေသခံတစ်ဦးက ပြောသည်။ “ယောက်ျားလေးတွေ ပိတ်လိုက်တာ။ မိန်းကလေးတွေ ရနေသေးတယ်။ […]

ထိုင်းတွင် သုံးလနီးပါးအတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာတစ်ထောင်ခန့် ဖမ်းဆီးခံရ

Dawei Watch

September 2, 2024

ထိုင်းနိုင်ငံတွင် သုံးလနီးပါး(၈၅ ရက်ခန့်)အတွင်း လုပ်ငန်းခွင်ထဲရှိ ရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းသုံးသောင်းကျော်ကို စစ်ဆေးခဲ့ပြီးနောက် မြန်မာ တစ်ထောင်ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေရာ ဇွန်လ ၅ ရက်နေ့မှ ဩဂုတ်လ ၂၉ ရက်နေ့အထိ မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား နှစ်သိန်းသုံးသောင်းကျော်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုင်းတစ်နိုင်ငံလုံးရှိ စက်ရုံများ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းခွင်များအပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၁၆၇၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးခဲ့သော အလုပ်သမား နှစ်သိန်းသုံးသောင်းကျော်တွင် မြန်မာအလုပ်သမား ၁၇၇၀၀၀ ကျော်ဖြင့် အများဆုံးပါဝင်ပြီး ကမ္ဘောဒီးယား ၃၄၆၀၀ ကျော်၊ လာအို ၁၃၄၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံသား ၁၄၅ […]

တနင်္သာရီတွင် စစ်ကောင်စီတပ် သုံးရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံရ

Dawei Watch

September 1, 2024

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ် ရိက္ခာကား၊ စစ်ကြောင်းနှင့် ယာဉ်တန်းကို သုံးရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်များထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၁ရက်) နံနက် ၇ နာရီဝန်းကျင်တွင် ဇဝဲတပ်ရင်းမှ တနင်္သာရီသို့ ဦးတည်ထွက်လာသည့် စစ်ကောင်စီတပ် ရိက္ခာယာဉ်တန်းကို ပြင်ဝန်းနှင့် ရမ်းဖိုရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ခံ ကိုဏကြီးက ဆိုသည်။ ယင်းနေ့ နေ့လယ် ၁နာရီခန့်တွင်လည်း ပြင်ဝန်းရွာနှင့် ရမ်းဖိုရွာကြားတွင် လမ်းကင်းစောင့်နေသည့် စစ်ကောင်စီတပ်နှင့် ၅မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၄၀ မမအပါအဝင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ “မနက်ပိုင်းမိုင်းဆွဲတော့ ကားထဲပါလာတဲ့ စကစတွေက သေနတ်နဲ့ပြန်ပစ်တော့ နှစ်ဖက်အပစ်အခတ်ဖြစ်ခဲ့တယ်။ မိုင်းဆွဲပြီး သူတို့(စကစ)က ဇဝဲတပ်ကနေ လက်နက်ကြီးနဲ့လှမ်းထုတာမျိုးရှိတယ်” ဟု […]

လောင်းလုံး ဖွားဘုတ်ပြင်ရွာနှင့် အနီးဝန်းကျင်ကို စစ်ကောင်စီစစ်ကြောင်း မီးရှို့

Dawei Watch

September 1, 2024

လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု ဖွားဘုတ်ပြင်ရွာနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက စက်တင်ဘာလ ၁ ရက် ယနေ့ နံနက်ပိုင်းတွင် မီးရှို့နေသဖြင့် မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။ ဖွားဘုတ်ပြင်ရွာအတွင်းနှင့် ရွာအပြင် အနီးပတ်ဝန်းကျင် လေးနေရာခန့်တွင် မီးခိုးလုံးများ တက်လာနေသည်ကို တွေ့မြင်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒီနေ့မနက် မီးခိုးလုံးတွေတက်နေတာ လေးနေရာလောက်တွေ့တယ်။ မနေ့က တစ်နေရာတွေ့သေးတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီ ဝါဒဖြန်တယ် လီဂရမ်ချန်နယ်တစ်ခုဖြစ်သည့် ပုလဲမြေတယ်ချန်နယ်တွင်မူ ယနေ့ နံနက် ဖွားဘုတ်ပြင်ရွာ အနီး PDF စခန်းတစ်ခုကို တွေ့ရှိ၍ မီးရှို့ခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။ ရေဖြူ PDF တံဆိပ်ပါ အလံ လေးခုအပါဝင် BA […]

ကျွန်းစု ဝါးအော်ငယ်ကမ်းခြေတွင် ပိုင်ရှင်မဲ့ အလောင်းတစ်လောင်းတွေ့

Dawei Watch

September 1, 2024

ကျွန်းစုမြို့နယ်၊ စခန်းသစ်အုပ်စု ၊ ဝါးအော်ငယ်ရွာကမ်းခြေတွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း သောင်တင်နေသည်ကို ဩဂုတ်လ ၃၁ ရက် နေ့လယ်ပိုင်းက တွေ့ရှိရကြောင်း လူမှုကယ်ဆယ်ရေးအသင်းများနှင့် ဒေသခံများထံကသိရသည်။ ပင်လယ်ပြင်မှ မျောပါလာသည့် ယင်းအမျိုးသားအလောင်းကို ရွာသားများကတွေ့၍ အကြောင်းကြားသဖြင့် စခန်းသစ်ရွာမှ ဟိတဓရ အသင်းက သွားရောက်သယ်ဆောင်ပြီး စခန်းသစ်တိုက်နယ် ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ရင်ခွဲရုံ၏ ဆေးစစ်ချက်နှင့် ရဲမှတ်တမ်းစစ်ဆေးချက်များအရ ပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း ဟိတဓရအသင်းထံကသိရသည်။ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့အထိ ပိုင်ရှင်ပြန်မတွေ့သဖြင့် စခန်းသစ်ရွာတွင် သင်္ဂြိုဟ်ပေးလိုက်ပြီဖြစ်ကြောင်း ယင်းအသင်းဝင်တစ်ဦးကပြောသည်။ ” ရွာသားတွေအကြောင်းကြားလို့ ရဲကိုခေါ်ပြီး အ‌ေလာင်းသယ်ပြီး ရင်ခွဲရုံပို့ပေးလိုက်တယ် ။ အလောင်းကပြင်ပဒဏ်ရာမရှိဘူး ။ မျက်စိနဲ့နှာခေါင်းက သွေးနည်းနည်းထွက်နေတာရှိတယ်။ ပိုင်ရှင်ကမ‌ေပါ်လာတော့ စခန်းသစ်မှာပဲ သင်္ဂြိုဟ် ပေးလိုက်တယ်” ဟု […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 31, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ ပြည်သူတွေ ကင်းစောင့်ရမယ့်၊ စစ်ရေးမှာပါ အသုံးချမယ့်အစီအစဉ်ကို စစ်ကောင်စီစတင် အသက် ၃၅နှစ်ကနေ ၆၅နှစ်အထိရှိတဲ့ အမျိုးသားတွေ ရပ်ရွာထဲမှာ ကင်းစောင့်ရမယ့်အပြင် စစ်ရေးမှာပါအသုံးချမယ့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဆိုတဲ့အစီအစဉ်ကို စစ်ကောင်စီက အတင်းအကျပ် စတင်နေပါတယ်။ ရှမ်းမြောက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်းတပ်စခန်းတွေနဲ့ မြို့ ၈၀ နီးပါး လက်လွှတ်ဆုံးရှုံးလိုက်ရပြီး စစ်ရေးက မန္တလေးနား ကပ်လာချိန်မှာ ဒီအစီစဉ်ကို စတင်ဖို့ ကြိုးပမ်းလာပါတယ်။ အမျိုးသားတွေကို စစ်သင်တန်းပေး လက်နက် တပ်ဆင်ပြီး ရပ်ရွာလုံခြုံရေးအဖွဲ့ထဲ သွတ်သင်းမှာပါ။ လုံခြုံရေးအဖွဲ့ဝင်တွေဟာ နယ်မြေလုံခြုံရေး၊ ကာကွယ်ရေး၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေး […]