BREAKING
April 25, 2025

သတင်း

သရက်ချောင်းတွင် ဆိုင်ကယ်မှောက်ပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

January 23, 2025

သရက်ချောင်းမြို့နယ် ပန်းတော ကျေးရွာရထားလမ်းအနီး ဇန်နဝါရီလ ၂၃ ရက်နံနက်ပိုင်းတွင် မော်တော်ဆိုင်ကယ်တိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း မြတ်ပရမီပရဟိတအသင်း (သရက်ချောင်း)ထံမှသိရသည်။ သရက်ချောင်းမြို့နယ် ပန်းတောရွာနှင့် ဆင်ဖြူပြင်ရွာကြား ရထားလမ်းအနီးတွင် မော်တော်ဆိုင်ကယ် တိမ်းမှောက်ပြီး နေရာတွင်ပင်သေဆုံးခဲ့ခြင်းဖြစ်‌ကြောင်း သေဆုံးသူ၏ အမည်နှင့် နေရပ်လိပ်စာ မသိရှိရသေးကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ “ကျွန်တော်တို့ ရောက်သွားတော့ လူနာကဆုံးသွားပြီ သူမှာ ၂၀၀တန် တစ်ရွက်နဲ့ မီးခြစ်တလုံးပဲတွေ့ရတယ်။ ဘယ်ကမှန်းမသိသေးဘူး”ဟု မြတ်ပါရမီပရဟိတအသင်း တာဝန်ရှိသူကပြောသည်။ သေဆုံးသူ စီးလာသည့် မော်တော်ဆိုင်ကယ်နံပါတ်မှာ TNI -9W 31002အမျိုးအစား ဖြစ်ပြီး အစိမ်းပုတ်‌ရောင်ဖြစ်ကြောင်း ၎င်းကပြောသည်။ ယခုလက်ရှိသေဆုံးသူ၏ ရုပ်အလောင်းကို သရက်ချောင်း ဆေးရုံရင်ခွဲရုံသို့ပို့ဆောင် ထားရှိကြောင်းသိရသည်။ သေဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ မြတ်ပရမီပရဟိတအသင်း-သရက်မြိုနယ်၏ ဖုန်းနံပါတ်ဖြစ်သော ၀၉၂၅၀၇၆၉၄၀၈ သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်နိုင်ကြောင်း ယင်းအဖွဲကထုတ်ပြန်ထားရှိသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် တနင်္သာရီတွင် ကလေးနှစ်ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

Dawei Watch

January 23, 2025

တနင်္သာရီမြို့နယ်၊မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ ၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပဝရွာနှင့် အရှေ့သာရဖုံရွာက ကလေးနှစ်ဦးအပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၂ ရက် ည ၁၂ နာရီခန့်တွင် စစ်ကောင်စီအမြောက်တပ်က ပဝရွာကို ၁၂၀ မမ လက်နက်ကြီး လေးလုံးနှင့် အရှေ့သာရဖုံရွာကို ၁၂၀ မမ နှစ်လုံး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ပဝကျေးရွာတွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးနှင့် ယောကျ်ားလေးတစ်ဦး အပါအဝင်အမျိုးသမီး သုံးဦးနှင့် အမျိုးသား သုံးဦး၊ အရှေ့သာရဖုံရွာတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံအချို့က ဆိုသည်။ “ညဆိုတော့ အလုပ်ပင်ပန်းပြီးအိပ်မောကျနေတဲ့အချိန်ဆိုတော့ ဘာမှလုပ်ဖို့တောင် မမီလိုက်ဘူး” ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ […]

ထားဝယ်တွင် တော်လှန်ရေးအဖွဲ့အချို့ တပ်သားသစ်ဖိတ်ခေါ်

Dawei Watch

January 22, 2025

စစ်ကောင်စီတပ်က ထားဝယ်မြို့တွင် အဓမ္မစစ်မှုထမ်းဆောင်စေရန် ဖမ်းဆီးမှုများရှိနေချိန် ဒေသတွင်း ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က တော်လှန်ရေး တပ်သားသစ်များ ဖိတ်ခေါ်နေသည်။ ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားလျက်ရှိသည့် အမျိူသားညီညွတ်ရေးအစိုးရ တပ်ရင်းတပ်ဖွဲ့အချို့အပါအဝင် ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုကလည်း တပ်သားအသစ်များ ခေါ်ယူလျက်ရှိသည်။ အမျိူသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ခွဲ (၇) ဖြစ်သည့် လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့( LPF) တို့က တပ်သားအသစ်ခေါ်ယူ နေခြင်းဖြစ်သည်။ ‌“လက်ရှိမှာတော့ ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီက ပေါ်တာဆွဲဖို့ သတင်းထွက်နေတယ်ပေါ့နော်။ တကယ်လို့များ အဲဒါတွေဖြစ်လာခဲ့ရင် ( မြို့ပေါ်မှာ) ဆက်နေလို့မရတော့တဲ့သူတွေ ထိုင်းနိုင်ငံကိုသွားမယ့်အစား တော်လှန်ရေးထဲဝင်လာပြီး တော်လှန်ရေးလုပ်ကြဖို့ တောင်းဆိုချင်တယ်” ဟု ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ တော်လှန်ရေးကာလအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်အချို့ […]

ရေးတွင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့နေ၍ တိုက်ပွဲဆက်လက်ပြင်းထန်နိုင်

Dawei Watch

January 22, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက်တွင် စစ်ကောင်စီတပ်က အလုံးအရင်းဖြင့် အင်အားဖြည့်တင်းလာသည့်အတွက် ဒေသတွင်း တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်သည့် အခြေအနေရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ “တိုက်ပွဲကတော့ ရေးတောင်ပိုင်းရော၊ ရေးမြောက်ဘက်ရော ဖြစ်လာနိုင်တယ်။ တိုက်ပွဲ ပိုပြင်းထန်လာနိုင်မယ်” ဟု ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) နှင့် ၄ မိုင်ခန့်သာ ကွာဝေးသည့် ကျုံလောင်းရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ နှစ်ဖက် စစ်ရေးအခြေအနေသည် ဇန်နဝါရီလတတိယအပတ်ထိ တင်းမာနေဆဲဖြစ်သည့်အပြင် စစ်ကောင်စီဘက်က တပ်အင်အား ၃၀၀ ခန့်ကိုလည်း လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ကျုံလောင်းရွာဘက်ကို တပ်ဖြန့်ထားသည်။ “တိုက်ပွဲကတော့ ကြိုးကြားကြိုးကြားဖြစ်နေဆဲပဲ။ အခြေအနေကတော့ တပ်ဘက်က […]

ပုလောစစ်ရှောင်ထောင်ချီ လေးလနီးပါးကြာသည်အထိ အကူအညီလုံးဝမရသေး

Dawei Watch

January 22, 2025

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်ထောင်နှင့်ချီသည် စစ်ရှောင်ကာလ လေးလနီးပါးကြာလာအထိ အကူအညီ လုံးဝမရသဖြင့် အခက်အခဲများစွာဖြစ်နေကြကြောင်း စစ်ဘေးရှောင်နေရသော ဒေသခံများက ပြောသည်။ ပြီးခဲ့သောနှစ် အောက်တိုဘာလကတည်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်က အရပ်သားနေအိမ်မီးရှို့မှု၊ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ကြဲ၊ တပို၊ စက်တော်ရာ၊ ဇရပ်ဆိပ် စသော ကျေးရွာများနှင့် အနီးဝန်းကျင်တို့က ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူ ၃,၀၀၀ မှ ၄,၀၀၀ ခန့်အထိရှိနေပြီး ပုလောစစ်ဘေးရှောင်စခန်းသို့ ဝင်ရောက် နေထိုင်သူများရှိသကဲ့သို့ နီးစပ်ရာ ကျေးရွာ၊ တောတောင်၊ ဥယျာဉ်ခြံ၊ ဓနိတောများအပြင် ပင်လယ်ထဲ လှေများဖြင့် တိမ်းရှောင်နေရသူများလည်း ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ဘေးရှောင်ပြည်သူများသည် နေထိုင်ရပ်တည်ရေးအတွက် ကိုယ်တိုင်ရှာဖွေစားသောက်နေကြရပြီး စစ်ဘေးရှောင် ကူညီရေးအဖွဲ့များထံမှ […]

ပုလောမြို့တွင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

Dawei Watch

January 22, 2025

ပုလောမြို့ပေါ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အပါအဝင် အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၀ရက် ညတွင် လာရောက်ဖမ်းဆီးသွားကြောင်း ပုလောမြို့ခံများထံမှ သိရသည်။ NLD အစိုးရလက်ထက်က ရက်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သည့် အသက် ၅၀ နှစ်အရွယ် ဦးသန်းထွန်းလေးနှင့် ဘေးတွဲမောင်းနေသည့် အသက် ၄၅နှစ်ဝန်းကျင်အရွယ် ဦးသက်ကိုတို့ကို ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။ “စစ်ကောင်စီက (တပ်ဖွဲ့ဝင်) အင်အား ၇ယောက်လောက်ပါတယ်။ ကားနဲ့လာပြီး သူ့အိမ်မှာ လာဖမ်းသွားတာ။ အခုချိန်မှာ (ဦးသန်းထွန်းလေး) သူကရိုးရိုးသားသား ရှိတာလေးနဲ့ လုပ်ကိုင်နေထိုင်နေတာ။ စရဖရုံးကို ဝင်စီးခံရတာနဲ့ပတ်သက်ပြီး မသင်္ကာလို့ဆိုပြီး ဖမ်းတာပဲ” ဟု ပုလောမြို့ခံတစ်ဦးက ပြောဆိုသည်။ ဖမ်းဆီးခံရသူနှစ်ဦးသည် ပုလောမြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး လက်ရှိတွင် ပုလောမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း […]

ထားဝယ်ရေနက်ဆိပ်ကမ်းကို အင်အားဖြည့်လာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

Dawei Watch

January 22, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ရေနက်ဆိပ်ကမ်းကို အင်းအားဖြည့်တင်းလာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။ ဇန်နဝါရီလ ၂၁ရက် မွန်းလွဲ ၂နာရီဝန်းကျင်က ရေနက်ဆိပ်ကမ်းအနောက်ဘက်ပင်လယ်ပြင်တွင် ရပ်ထားသည့် ရေတပ် သင်္ဘောက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လှေငယ်များဖြင့် ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းသို့ အင်အားဖြည့်တင်းလာစဉ် ထားဝယ်ရေနက်ဆိပ်ကမ်းအနီး ပင်လယ်ကမ်းခြေတွင် ဒရုန်းဖြင့် ဗုံးသုံးလုံးချပြီး တိုက်ခိုက်ခဲ့ကြောင်း ဗထူးတပ်မတော်-BHA ၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုထက်မြက်က ဆိုသည်။ “သူတို့ ခဲယမ်းတွေစုပုံပြီး နားနေချိန် ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဒရုန်းဗုံးက ခဲယမ်းပုံထဲပေါက်ကွဲပြီး အကုန်မီးလောင်သွားတာ တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ဒရုန်းနှစ်စီးအပါအဝင် လက်နက်ကြီးစိန်ပြောင်း၊ RPG ကျည်ဆန်၊ လက်နက်ခဲယမ်းများနှင့်ရိက္ခာများ မီးလောင်ပေါက်ကွဲသွားသည်ကို […]

သမ္မတဖြစ်ပြီး တစ်ရက်အကြာတွင် ထရမ့်ကို ပြည်နယ်ရှေ့နေချုပ် ၂၂ ဦးကတရားစွဲ

Dawei Watch

January 22, 2025

မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်လိုက်သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ လုပ်ဆောင်ချက်အပေါ် အမေရိကန်ရှိ ပြည်နယ် ၂၂ ခုမှ ပြည်နယ်ရှေ့နေချုပ်များက အင်္ဂါနေ့တွင် တရားစွဲဆိုလိုက်သည်။ ရွှေ့ပြောင်းအခြေချ နေထိုင်သူမိဘများမှ မွေးဖွာလာသူများ အပါအဝင် နိုင်ငံ့နယ်နိမိတ်အတွင်း မွေးဖွားသူအားလုံးကို အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၁၄ အရ နိုင်ငံသားဖြစ်ခွင့် အလိုအလျောက်ပေးထားသည်။ သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ ရွေးကောက်ပွဲကတိကဝတ်အတိုင်း ယင်းမူဝါဒကို တနင်္လာနေ့တွင် သမ္မတအမိန့်အာဏာဖြင့် ပယ်ဖျက်လိုက်သည်။ “အခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၁၄ ကို သမ္မတက ဖောင်တိန်တစ်ခြစ်စာနဲ့ ရေးဖျက်ပစ်လို့ မရဘူး”ဟု နယူးဂျာစီပြည်နယ်ရှေ့နေချုပ် မတ်ပလတ်ကင်က ပြောသည်။ ယင်းသို့ တရားစွဲဆိုမှုသည် လက်ဝဲယိမ်းခုခံတော်လှန်မှုမှ ဆန့်ထွက်လာသည့် သဘောတစ်ခုသာ ဖြစ်၍ တရားရုံးတွင် ရင်ဆိုင်ရန် အသင့်ရှိကြောင်း အိမ်ဖြူတော်က ဆိုသည်။ “ရက်ဒီကယ်လက်ဝဲယိမ်းသမားတွေအနေနဲ့ ပြည်သူအများစုရဲ့ […]