ထီးထစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဗျူဟာမှူးအပါအဝင် တစ်ရာခန့်သေဆုံး၊ လက်နက်ခဲယမ်းများရရှိ
Dawei Watch
April 20, 2025ထီးခီးနယ်စပ်စခန်းအနီးက ထီးထဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအပါအဝင် တပ်သားတစ်ရာခန့်သေဆုံးပြီး လက်နက်ခဲယမ်း မျိုးစုံသိမ်းဆည်းရရှိကြောင်း ကရင်အမျိုးအသားအစည်းအရုံး-KNU တပ်မဟာ(၄)ထံက သိရသည်။ ဧပြီလ ၁၂ ရက်မွန်းလွဲ ၂ နာရီတွင် ထီးထဗျူဟာစခန်းကုန်းကို စတင်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် ခုခံနေသည့်ကြားက ထီးထစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်၏ ထီးထစခန်းကုန်းကို ပိတ်ဆို့တိုက်ခိုက်နေချိန်တွင် ဗျူဟာမှူးနှင့် တပ်သားများကို လက်နက်ချအညံ့ခံပြီး ပူးပေါင်းရန် ညှိနှိုင်းပြောဆိုသော်လည်း လက်မခံခဲ့ကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ စခန်းကိုသိမ်းပိုက်ရရှိချိန်တွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာ(၁)၏ ဗျူဟာမှူးနှင့် တပ်သားအချို့ကို အရှင်ဖမ်းမိခဲ့သည်ဟု KNU တပ်မဟာ(၄)၏ စစ်ရေးမှတ်တမ်းတွင် ဖော်ပြထားသည်။ ဖမ်းဆီးရမိသည့် […]