တနင်္သာရီ စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာ အရေးတကြီးလိုအပ်
diz_admin
April 21, 2023မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်မှ စစ်ဘေးရှောင်လာသူများအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးတကြီး လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် နွေဦးမေတ္တာ-စစ်ရှောင်ကူညီရေးအဖွဲ့မှ သိရသည်။ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၁၄ ရက်နေ့အထိ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး အနည်းဆုံးကျေးရွာ ဆယ်ရွာမှ ဒေသခံတစ်သောင်းဝန်းကျင် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်။ “ကျွန်တော်တို့မှာရှိတဲ့ ရိက္ခာတွေနဲ့ အခြားတစ်ဖွဲ့မှာရှိတဲ့ ရိက္ခာတွေပေါင်းပြီး သုံးရက်တစ်ကြိမ် ငါးရက်တစ်ကြိမ် ရိက္ခာတွေဖြန့်ဝေပေးနေတယ် ဆိုပေမယ့် လက်ရှိမှာ အလှူရှင်တွေက နည်းသေးတော့ လုံလောက်မှုက မရှိသေးဘူးပေါ့။ အဓိကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေပါတယ်”ဟု နွေဦးမေတ္တာ စစ်ရှောင်ကူညီရေးအဖွဲ့မှ ပြောခွင့်ရသူကပြောသည်။ အလှူရှင်နည်းသေးသည့်အတွက်လည်း အရန်ထားရှိသည့် ရိက္ခာများကို ထုတ်သုံးခွဲဝေပေးနေရသည်ဟု ၎င်းကပြောသည်။ လတ်တလောတွင် မိုးရွာသွန်းမှုအချို့ စတင်ရှိနေပြီး မကြာမီမိုးရာသီရောက်လာတော့မည် ဖြစ်သည့်အတွက် အမိုးအကာ တာလပတ်များလည်း လိုအပ်နေကြောင်း […]