BREAKING
January 16, 2025

မြိတ်

ပုလောနှင့်တနင်္သာရီမြို့တို့တွင် ညရှစ်နာရီနောက်ပိုင်း ညမထွက်ရအမိန့်ထုတ်

diz_admin

February 3, 2023

စစ်အုပ်ချုပ်ရေး ကြေညာထားသော မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နှင့် တနင်္သာရီမြို့တို့တွင် ညရှစ်နာရီနောက်ပိုင်း ညမထွက်ရအမိန့်ကို တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းစစ်ဌာနချုပ်က ထုတ်ပြန်လိုက်သည်။ ယနေ့ (ဖေဖော်ဝါရီ ၃) ရက်နေ့စွဲဖြင့် တနင်္သာရီတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် လက်မှတ်ဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ပုလောမြို့နှင့်တနင်္သာရီမြို့နေ ပြည်သူများ ည ၈ နာရီမှ နံနက် ၅ နာရီအထိ လုံခြုံရေးတာဝန်ရှိသူများမှအပ လမ်းများပေါ်တွင် သွားလာခြင်းမပြုရန်၊ ယင်းအချိန်အတွင် လူ ၅ ဦးနှင့် ၅ ဦးထက်ပို၍ စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောလှုံဆော်ခြင်း မပြုလုပ်ရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တနင်္သာရီတိုင်းရှိ ထားဝယ်ခရိုင်နှင် မြိတ်ခရိုင်တို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်များကို မကြာခဏမိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း၊ ဂိတ်စခန်းများ ဝင်ရောက်စီးနင်းခြင်းများ […]

ပလမြို့အနီးတွင် တစ်နာရီကြာ ပစ်ခတ်မှုဖြစ်

diz_admin

February 3, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးတွင် တစ်နာရီခန့်ကြာ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့(ဖေဖော်ဝါရီ ၃) နေ့လယ် ၁ နာရီခန့်မှစတင်ကာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး နေ့လယ် နှစ်နာရီခန့်တွင် ပစ်ခတ်သံများ ရပ်စဲသွားသည်ဟု ဒေသခံများ ကပြောသည်။ “ပလထွေအုပ်ရုံးနှင့် တန်းရှင်းရွာကြားမှာကိုဖြစ်တာ မိုင်းဆွဲသံတွေ လက်နက်ငယ်ပစ်သံတွေလည်း ကြားရတယ်”ဟု ဒေသခံအမျိုးသားကပြောသည်။ ပလမြို့၊တို အမှတ်၁၊၂ ရပ်ကွက်နှင့်၊ တန်းရှင်းရွာသည် ဖိုခနောင့်ဆိုင် ထိစပ်နေသည့် နယ်မြေဖြစ်သည်ဟု ဒေသခံများကဆိုသည်။ ပလအမှတ် ၁၊၂ ရပ်ကွက်ဖြစ်သည့် တိုရွာသို့ ပြည်သူ့ကာကွယ်ရေးတပ်များ ရောက်ရှိလာပြီးနောက် တစ်နာရီခန့်အကြာတွင် ပစ်ခတ်မှုများ ဖြစ်ခဲ့သည်ဟု ဒေသခံနောက်အမျိုးသား ကပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွါစဥ် ပလမြို့မှ လက်နက်ကြီးသုံးလုံးဖြင့် သင်္ကန်းတောရွာဖက်သို့ ပစ်ခတ်ခဲ့သေးကြောင်းလည်း ဒေသခံများကပြောသည်။ “PDF တွေက သီချင်းဆိုပြီး […]

ဆက်ကြေးကောက်လျှင် တိုင်ကြားရန် ပုလော PDF ထုတ်ပြန်

diz_admin

February 3, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာများအတွင်း ဆက်ကြေးကောက်ယူလျှင် တိုင်ကြားနိုင်ကြောင်း ပုလောပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁) က ထုတ်ပြန်လိုက်သည်။ မြိတ်ခရိုင်တပ်ရင်း၏ ထိန်းချုပ်နယ်မြေများ၊ ကျေးရွာများနှင့် ပြည်ထောင်စုလမ်းပိုင်းအတွင်း အခွန်ကောက်ခံခြင်း၊ ခရီးသွားပြည်သူများအပေါ် နိုင်ထက်စီးနင်းပြုခြင်း၊ မတရား ငွေကောက်ခံခြင်း လုံးဝပြုလုပ်ခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထိုသို့ပြုလုပ်နေသူများရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁) တရားဝင် Facebook စာမျက်နှာဖြစ်သည့် Palaw People’s Defence Force သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း ဖော်ပြသည်။ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းအနေဖြင့် ပြစ်မှုကျူးလွန်သည့် ရဲဘော်များကို ထိထိရောက်ရောက်ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ပုလောနှင့် မြိတ်မြို့နယ်အစပ် မြိတ်မြို့နယ်အပိုင် ကျေးရွာအချို့တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ငွေကြေး တောင်းခံသည့်ဖြစ်ရပ်အချို့ရှိသည်ဟု ဒေသခံအချို့၏ […]

အသံတိတ်သပိတ်နေ့ မြိတ်တွင် စစ်ကောင်စီက ကာကွယ်ဆေးထိုး ဈေးရောင်း

diz_admin

February 1, 2023

မြိတ်မြို့တွင် ယနေ့ အသံတိတ်သပိတ်ပြုလုပ်နေစဉ် တစ်ဖက်တွင် စစ်ကောင်စီက ကလေးငယ်များကို ကာကွယ်ဆေး ထိုးခြင်း၊ ဈေးသက်သာစွာဖြင့် ဈေးရောင်းပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။ သို့သော်လည်း မြို့ပေါ်တွင် အသွားအလာ တိတ်ဆိတ်နေကြောင်း ၎င်းတို့က ဆိုသည်။ အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ နံနက် ၁၀ နာရီမှ ညနေ ၃နာရီအထိ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ဆင်နွှဲနေကြသလို မြိတ်အပါအဝင် တိုင်းအတွင်းလည်း သပိတ်ဆင်နွှဲ နေကြသည်။ “ဒီနေ့က silent သပိတ်နေ့။ မြို့ထဲက ဆိုင်အချို့တော့ ပိတ်ထားတယ်။ အသွားအလာလည်းနည်းတယ်။ အသံတိတ် သပိတ်လုပ်နေကြတာကိုး။ စစ်ကောင်စီက လူစည်အောင်တော့လုပ်မှာပဲ” ဟု အသက် ၄၀ ကျော်အရွယ် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ မြိတ်တွင် […]

ရှမ်းမီး‌သွေးဈေးတက်၊ မြိတ်တွင် တစ်အိတ်ကျပ်တစ်သောင်းနှစ်ထောင်ဖြစ်လာ

diz_admin

February 1, 2023

မြိတ်တွင် ရှမ်းမီး‌သွေး တစ်အိတ်လျှင် ကျပ်တစ်သောင်းနှစ်ထောင်ဖြစ်လာကြောင်း မီးသွေးရောင်းဝယ်သူများနှင့် အိမ်ရှင်မများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလအတွင်းက ရှမ်းမီးသွေး တစ်အိတ်လျှင် ကျပ်တစ်သောင်းအထိသာ ဈေးရှိခဲ့သည်။ ယင်းနောက် ဇန်နဝါရီလ တတိယပတ်မှစပြီး တစ်အိတ်လျှင် တစ်သောင်းနှစ်ထောင်ကျပ်အထိ မြင့်တက်လာနေ ကြောင်း မီးသွေးအရောင်းအဝယ် လုပ်ကိုင်နေသူအချို့က ပြောသည်။ “မြို့လာပို့တဲ့ မီးသွေးတွေ နည်းသွားတာ။ ပုံမှန်လာနေကျ မီး‌သွေးလှေက တစ်လနှစ်ခေါက်မှာ တစ်ခေါက်ပဲ လာတယ်။ လှေအဝင်နည်းတယ်။ ဝယ်တဲ့သူကများတော့ ဈေးတင်ပြီး ရောင်းနေကြတာပါ” ဟု နောက်လယ်ရပ်နေ မီးသွေး အရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။ မီးသွေးလည်း အထွက်နည်းနေကြောင်း မီးသွေးဖောင်းလုပ်ကိုင်သူတို့ထံမှ သိရသည်။ “ထင်းတွေ ရှားလာတယ်။ အရင်က ရွာအနားမှာ ထင်းခုတ်ရတာ။ အခုက နှစ်ညအိပ်အထိသွားပြီး ခုတ်နေရတာ။ ထင်းရှားလာတော့ မီး‌သွေးအထွက်နည်းသွားတာပါ” […]

မြိတ်တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်လုပ်လာ

diz_admin

January 31, 2023

မြိတ်မြို့၊ တရုတ်တန်းရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် ရပ်ကွက်များတွင် ဧည့်စာရင်း စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၉ ရက်ညက တရုတ်တန်းရပ်ကွက် ကေတီဗွီတွင် ဆိုင်ရှင် ၏ မိသားစုဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပစ်ခတ်သူ သုံးဦးမှာ ထွက်ပြေးသွားကြောင်း မြို့ခံများက ပြောသည်။ ယင်းညမှစတင်ကာ ကလွင်၊ ရေပုန်း၊ ရွှေပြည်တန်၊ မြိတ်တောင်၊ မြို့သစ်၊ တိုးချဲ့ စသည့် ရပ်ကွက်တို့တွင် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု မြို့ခံများက ဆိုသည်။ “ညကလည်း ကျွန်တော်တို့ဖက်မှာ စစ်တာ။ လမ်းကြိုလမ်းကြားတောင် မချန်ဘူး။ အိမ်ပေါက်စေ့ကိုစစ်တာ” ဟု မြို့သစ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက Dawei Watch သို့ ပြောသည်။ လာရောက်စစ်ဆေးစဉ် ရပ်ကွက်လူကြီးနှင့် ရဲတပ်ဖွဲ့အပါအဝင် လူဦးရေနှစ်ဆယ်ကျော် ပါဝင်သည်ဟု […]

တိုင်းအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ကျပ်သိန်း ၇၀၀၀ နီးပါးဖိုး ဖမ်းမိဟုဆို

diz_admin

January 31, 2023

ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် နှစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ငွေကျပ်သိန်း ၇၀၀၀ နီးပါးဖိုး ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၇ ရက်က ထားဝယ်မြို့ ဥသာရံတိုးချဲ့ရပ်ကွက်၊ ကမ်းနားလမ်းတွင် ထော်လာဂျီတစ်စီးနှင့်အတူ တွေ့ရှိသည့် အသက် ၂၅နှစ်ရှိ အမျိုးသားတစ်ဦးအား စစ်ဆေးခဲ့သည်ဟု ဆိုသည်။ ယင်းသို့စစ်ဆေးရာ ထော်လာဂျီပေါ်ကက စိတ်ကြွရူးသွပ်ဆေးပြား ၉၅၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါဆေးပါးမှာ တစ်ပြားလျှင် ဒေသကာလပေါက်ဈေး ၂၅၀၀ ကျပ်ဖြင့်တွက်ချက်ကာ စုစုပေါင်း ကျပ် ၂၃၇၅ သိန်း ဖိုးတန်ဖိုးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားနှင့် ဆက်နွယ်နေသည့် အသက် ၄၆ နှစ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၄၄ နှစ်ရှိ […]

ပုလော ကျောက္ကာရွာ ဂျင်းမွေးမြူရေးဖောင်ငါးခုမီးရှို့ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်

diz_admin

January 30, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ဂျင်း (သွေးဂုံး ခေါ် ဂျင်းခရု) မွေးမြူရေးဖောင်ငါးခုမီးရှို့ခံရပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က အဆိုပါဖောင်အဆောက်အအုံငါးခုကို လက်နက်ကိုင်လူတစ်စုက လှေဖြင့်လာရောက်ကာ မီးရှို့ခဲ့ပြီး ရွာပေါ်ရှိ ပျူစောထီးများနှင့် အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံများက ပြောသည်။ “မီးရှို့လိုက်တော့ (ပျူစောထီး) ပြည်သူ့စစ်တွေက ကမ်းပေါ်ကနေ ထိုးပစ်ကြတယ်။ ပစ်ခတ်မှုတွေ နည်းနည်း ဖြစ်သွားတာပေါ့” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မီးရှို့ခံရသည့်ဖောင်များမှာ ယင်းရွာဒေသခံနှစ်ဦး၏ ပိုင်ဆိုင်ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်တွင် အလုပ်သမားတစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု ဒေသခံနောက်တစ်ဦးက ဆိုသည်။ “ဖမ်းသွားတယ်လို့လည်း မြင်တဲ့သူတွေက ပြောနေကြတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ လာရောက်မီးရှို့သူများမှာ […]