မြိတ် NLD လွှတ်တော်ကိုယ်စားလှယ်၏အစ်ကို စစ်ကြောရေးတွင် သေဆုံး
Dawei Watch
June 17, 2023အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၊ မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ အစ်ကိုဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးတွင် သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်၏အစ်ကို ဦးတင်သန်းဦးကို ရာအိမ်မှူးနှင့်ရဲများက ဇွန်လ ၆ ရက်နေ့ ညနေတွင် အနောက်လယ်ရပ်ကွက်ရှိ နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် မိသားစုကို အလောင်းယူရန် အကြောင်းကြားခဲ့ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောသည်။ “စစ်ရင်းမေးရင်း နှလုံးရောဂါအခံနဲ့ အမောဖောက်ပြီး သေသွားတယ်ဆိုပြီး အလောင်းလာယူဖို့လာပြောတယ်လို့ သိရတယ်” ဟု နီးစပ်သူမြို့ခံ အမျိုးသား ကပြောသည်။ ဦးတင်သန်းဦး အလောင်းကို သွားယူပြီးယင်းနေ့ မွန်းလွဲ ၂ နာရီတွင် သင်္ဂြိုဟ်ခဲ့သည်ဟု ၎င်းကဆိုသည်။ အသက် ၅၂ […]