မြိတ်တွင် ပေါ်တာဆွဲသည့်သတင်းထွက်သောကြောင့် ညပိုင်းလူသွားလူလာနည်း၊ စားသောက်ဆိုင်အချို့ စောစောပိတ်
Dawei Watch
January 3, 2025မြိတ်မြို့တွင် ပေါ်တာဆွဲနေသည်ဆိုသည့်သတင်းများ ထွက်ပေါ်နေသောကြောင့် စားသောက်ဆိုင်အချို့ ညပိုင်း စောစော ပိတ်နေရကြောင်း မြို့ခံအချို့နှင့် ဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ တပ်သားသစ်စုဆောင်းရေးအတွက် စစ်ကောင်စီတပ်က အတင်းအဓမ္မပေါ်တာဆွဲနေကြောင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ လလယ်ပိုင်းမှစတင်ကာ သတင်းများထွက်ပေါ်လာပြီးနောက် ညဘက်တွင် လူအသွားအလာနည်းသွားကြောင်း မြို့ခံအချို့က ဆိုသည်။ ညပိုင်း လူသွားလူလာနည်းကာ ရောင်းအားကျလာသည့်အတွက် ည ၈နာရီခန့်တွင် ဆိုင်ပိတ်လိုက်ရကြောင်း မြိတ်မြို့တွင် မာလာရှမ်းကောဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ယခင်ကမူ ည ၁၀ နာရီခန့်အထိ ဆိုင်ဖွင့်ရောင်းချလေ့ရှိကြောင်း ၎င်းက ဆိုသည်။ “အခုနောက်ပိုင်း သိသိသာသာ ညဘက်တွေဆို လူအလာနည်းတယ်။ ဒါကြောင့် စောစောဆို (မနက်) ဆယ်နာရီ ဆိုင်ဖွင့် လိုက်တယ်။ ညဘက်ဆို ၇နာရီ၊ ၈နာရီလောက်ဆို သိမ်းလိုက်တယ်” ဟု အဆိုပါဆိုင်ပိုင်ရှင်အမျိုးသမီးက […]