တနင်္သာရီတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရ
Dawei Watch
July 3, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့က ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် စစ်ကောင်စီ (၂၆၅) တပ်ရင်းက ယင်းကျေးရွာ အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထားလာရာ သကျက်ကျေးရွာအုပ်စုလမ်းတွင် နှစ်ကြိမ်ကြားဖြတ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ နံနက်ပိုင်းတွင် လငုတံတားအနီးတွင် တစ်ကြိမ်တိုက်ခိုက်ခံရပြီး နေ့လယ်ပိုင်းတွင် မယ်တော်ဂူအနီးတွင် တစ်ကြီး တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ “စစ်ကောင်စီဖက်က သုံးယောက်ဒဏ်ရာရတယ်လို့သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ လငုသည် ရွာမဟုတ်ပဲ ဥယျာဉ်စိုက်ပျိုးသည့်နေရာသာဖြစ်ပြီး သကျက်ရွာအနီးတွင်ရှိကြောင်း ဆိုသည်။ မယ်တော်ဂူသည်လည်း သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်းရွာအနီးတွင် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ညောင်ပင်ကွင်းအခြေစိုက် (၂၆၅) […]