မင်းထိန်ရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးနိုင်
Dawei Watch
July 10, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခန္ဓာကိုယ်အောက်ပိုင်း ထိခိုက်ဒဏ်ရာရကာ ခြေထောက်တစ်ဖက် ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၉ ရက် နံနက်က မင်းထိန်ရွာ၊ သင်္ချိုင်းဟောင်း ဘောလုံးကွင်းအနီးတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မြိတ်ဆေးရုံကို တင်ထားတယ်။ ခြေတစ်ဖက် ဖြတ်ပစ်ရမယ်လို့တော့ ကြားရတယ်” ဟု မင်းထိန်ရွာဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ မိုင်းနင်းမိသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးကုလားဗိုင်းဆိုသူ ဖြစ်ကြောင်း မင်းထိန်ရွာ ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောဆိုသည်။ “ဘယ်သူတွေက ထောင်ထားတယ်ဆိုတာက မပြောတတ်ဘူး” ဟု ၎င်းက ပြောသည်။ မင်းထိန်ရွာသည် ပုလောမြို့အနီးတည်ရှိပြီး စစ်ကောင်စီတပ်များက မကြာခဏ ဝင်ထွက်နေထိုင်ကြသလို ပြည်သူ့ကာကွယ်ရေးတပ်များလည်း တစ်ခါတစ်ရံ လာရောက်ကြသည်များလည်း ရှိကြောင်း ဒေသခံများက […]