မြိတ်တွင် ယိုးဒယားရွှေများ အရောင်းရပ်
Dawei Watch
July 15, 2023မြိတ်မြို့တွင် ယိုးဒယားရွှေများ ( ထိုင်းနိုင်ငံမှ တင်သွင်းသည့် ၉၆၅၊ ၉၉၉၉ အမျိုးအစား လက်ဝတ်ရတနာများ)ကို ဝင်ရောက်ဖမ်းဆီးစစ်ဆေးမည်ဆိုသော သတင်းကြောင့် ယင်းရွှေများအရောင်းရပ်ထားကြောင်း ရွှေအရောင်းဆိုင်တို့မှ သိရသည်။ ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးမည့်သတင်းမှာ ဇူလိုင်လ ၁၂ ရက်နေ့က စတင်ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းနေ့မွန်းလွှဲပိုင်းမှစကာ ဆိုင်အချို့ စောစီးစွာပိတ်ခြင်း၊ ယိုးဒယားရွှေများ မရောင်းချပေးခြင်းတို့ ပြုလုပ်ခဲ့ရကြောင်း ရွှေအရောင်းဆိုင်အချို့က ပြောပြသည်။ “မနေ့က ဝင်စစ်မယ်လို့ကြားရတယ်၊ ခုထိတော့ လာမစစ်ကြသေးဘူး” ဟု မြို့သစ်ဈေးရှိ ရွှေဆိုင်ရှင်တစ်ဦးက ပြောသည်။ မြိတ်မြို့တွင် ရွှေရည် ၁၅ ပဲ၊ ၁၆ ပဲရှိ ၉၆၅၊ ၉၉၉၉ ယိုးဒယားရွှေများကို အများဆုံးအသုံးပြုလေ့ရှိကြသည်။ ရွှေရည် ၁၂ ပဲ၊ ၁၃ ပဲ၊ ရှိ ရန်ကုန်ရွှေနှင့် ရွေရည် ၈ […]