BREAKING
April 24, 2025

မြိတ်

ပလမြို့ရဲစခန်းအနီး အုပ်ချုပ်ရေးမှူးအိမ်အပါအဝင် နေအိမ်နှစ်လုံး မိုင်းဆွဲမီးရှို့ခံရ

Dawei Watch

August 16, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် အပါအဝင် နေအိမ်နှစ်လုံး မိုင်းဆွဲမီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ပလမြို့ရဲစခန်းအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူရ၏ နေအိမ် မီးရှို့ခံရပြီး နောက်ထပ်ဒေသခံတစ်ဦးဖြစ်သည့် ဦးမျိုးမင်းဦး၏ နှစ်ထပ်တိုက်သည်လည်း မိုင်းဆွဲမီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ “မျိုးမင်းဦးအိမ်မှာက လူမနေဘူး။ ကျော်သူရ အိမ်မှာက လူရှိတယ်။ ရေချိုးခန်းထဲ ဝင်ပုန်းနေလို့ ထိခိုက်မှု မရှိဘူးလို့ သိရတယ်” ဟု ပလမြို့ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဦးကျော်သူရသည် ပလမြို့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဦးမျိုးမင်းဦးမှာ ယခင်က ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ခဲ့သူဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ဆက်နွှယ်ပတ်သက်သည်ဟု သတင်းထွက်နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။   “(ဦးမျိုးမင်းဦး) […]

တနင်္သာရီတွင် အသက် ၇နှစ်အရွယ်ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံး

Dawei Watch

August 16, 2023

တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စု သက္ကကျော်ရွာတွင် ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျ သေဆုံးကြောင်း ယင်းရွာနေသူတို့မှ သိရသည်။ အဆိုပါကလေးငယ်သည် ရေတွင်းတစ်ခုတွင် ရေသွားချိုးရာမှ အချိန်အကြာမြင့်သည်အထိ နေအိမ်သို့ ပြန်မရောက် လာသဖြင့် လိုက်ရှာရာမှ ရေတွင်းထဲ ပြုတ်ကျသေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ရွာသားအချို့က ပြောသည်။ “ဆပ်ပြာခွက်က ရေတွင်းဘေးမှာ ရှိနေတယ်။ ရေတွေက ‌နောက်နေတော့ မသင်္ကာလို့ ဆင်းငုပ်ကြည့်မှ ကလေးအလောင်းကို ‌တွေ့ရတယ်ဗျ” ဟု သက္ကကျော်ရွာသားတစ်ဦးက ပြောဆိုသည်။ အဆိုပါ ရေတွင်းသည် ကန်ဘောင်မရှိဘဲ မြေပြင်နှင့် တပြေးတည်းရှိနေပြီး အကာအရံများမရှိသဖြင့် ရေတွင်းထဲ ပြုတ်ကျခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ယခင်ကလည်း ယင်းရေတွင်းတွင်ပင် ကလေးငယ်တစ်ဦး […]

မြိတ်တွင် ရွှေတစ်ကျပ်သား ကျပ်သိန်း ၄၀ နီးပါးရောက်ရှိ

Dawei Watch

August 15, 2023

မြိတ်မြို့ရှိ အခေါက်ရွှေဈေးကွက်တွင် ဩဂုတ်လ ၁၅ ရက်နေ့၌ တစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ နီးပါးအထိ ရောက်ရှိလာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ဩဂုတ်လ ၁၃ ရက်နေ့က တစ်ကျပ်သားလျှင် ၃၇ သိန်းကျပ်၊ ၁၄ ရက်နေ့တွင် ၃၇ သိန်းငါးသောင်းနှင့် ၁၅ ရက်နေ့တွင် ၃၈ သိန်းကျော်(၃၈ သိန်း နှစ်သောင်းမှ ငါးသောင်းအကြား)အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ရွှေအရောင်းဆိုင်အချို့က ပြောပြသည်။ “တဖြည်းဖြည်း သိန်းလေးဆယ်နားကပ်လာပြီ၊ နိုင်ငံခြားငွေလဲဈေးနှုန်းတွေ တက်လာတာကိုး၊ ငွေလဲဈေးတက်လာတော့ ရွှေဈေးတွေလည်း တက်လာကြတာပါ” ဟု ရွှေအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ ထို့ပြင် အခေါက်ရွှေ ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ရွှေဝယ်ယူစုဆောင်းသူ များလာခြင်းကလည်း အကြောင်းအရာတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့၌ […]

ပလရဲစခန်းက လက်နက်ကြီးဖြင့် ကျေးရွာများဖက်သို့ ပစ်ခတ်

Dawei Watch

August 15, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလရဲစခန်းက လက်နက်ကြီးဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျေးရွာများဖက်သို့ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။   ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီခွဲဝန်းကျင်မှစတင်ပြီး အနီးအနား ကျေးရွာများဖြစ်သည့် ဇရပ်ဆိပ်ရွာ၊ ဘိုင်းပြင်ရွာများဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။ “ခေါင်းပေါ်ကကျော်ကျော်ပြီး လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ထမင်းစားစရာတောင် လုပ်နေလို့မရဲဘူး။ အိမ်အောက်မှာ ဆင်းထိုင်နေရတယ်” ဟု ပလမြို့၊ မင်းပြင်ရွာတွင်နေထိုင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ပလမြို့တွင် ယခင်က ဆိုင်ကယ်ပြင်ဆိုင်ဖွင့်လှစ်ထားသူ ကိုမျိုးမင်းဦး၏ နေအိမ် ယနေ့နံနက် ၉ နာရီဝန်းကျင်က မိုင်းဆွဲခံရပြီးနောက် နာရီဝက်ခန့်အကြာတွင် ရဲစခန်းက အထက်ပါကျေးရွာများဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “မျိုးမင်းဦး […]

မော်တုန်းရွာနေ ပရဟိတသမားတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 14, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာတွင် နေထိုင်သည့် ပရဟိတသမားတစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်က အင်အားတရာခန့်ဖြင့် ဩဂုတ်လ ၁၂ ရက် နံနက်က အရှေ့မော်တုန်းကျေးရွာသို့ အုပ်စုခွဲ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲက အရှေ့မော်တုန်းကျေးရွာ၊ အနောက်စုရပ်တွင် နေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ် ပရဟိတလုပ်နေသူ ဦးဇော်မင်းဦး (ခေါ်) ယာငယ်ကို စရဖ အပါအဝင် စစ်ကောင်စီတပ်က နေအိမ်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ဆိုသည်။ အဖမ်းခံရသူသည် ချစ်ကြည်ရေး ပရဟိတအသင်းတွင် လုပ်ကိုင်နေကြောင်း ရွာသားများက ပြောဆိုသည်။ စစ်ကောင်စီတပ်သည် ရွာသားငါးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယင်းအနက် လေးဦးကို ပြန်လွှတ်ခဲ့ပြီးနောက် ဦးဇော်မင်းဦးကို ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း […]

မော်တုန်းရွာသားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေ

Dawei Watch

August 13, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ဒေသခံရွာသားအချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်သားများသည် အရှေ့မော်တုန်းကျေးရွာအုပ်စုသို့ ဩဂုတ်လ ၁၂ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။ ယင်းနောက် အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ အန်းနာပြင်ရွာက ဒေသခံအမျိုးသားငါးကိုကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အန်းနာပြင်က အမျိုးသားငါးဦးကို ဖမ်းထားပြီး စစ်ဆေးတယ်။ သုံးဦးကိုတော့ ပြန်လွှတ်ပြီး ကောင်လေး နှစ်ယောက် ကိုတော့ ပြန်လွှတ်တာ မကြားရသေးဘူး။ဘာကြောင့် ဖမ်းတယ်ဆိုတာ ရေရေရာရာ မသိရသေးဘူး” ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီးတစ်ဦးက ယနေ့ ဩဂုတ်လ ၁၃ရက် နံနက်တွင် ပြောဆိုသည်။ ဩဂုတ်လ ၁၂ရက် နံနက်က အင်အားတစ်ရာနီးပါးရှိ စစ်ကောင်စီတပ်သားများ အုပ်စုခွဲကာ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ ထုံနွယ်၊ ရွာမ၊ […]

မော်တုန်းရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးနေရ

Dawei Watch

August 12, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာသည့်အတွက် ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့(သြဂုတ် ၁၂) နံနက် ၇ နာရီခန့်တွင် အင်အားတစ်ရာဝန်းကျင်ရှိ စစ်ကောင်စီတပ်များ အရှေ့မော်တုန်းကျေးရွာအုပ်စု ထုံနွယ်၊ရွာမ၊အန်းနာပြင်၊အောက်ကိုင်း စသည့်ကျေးရွာများသို့ ရောက်ရှိလာသဖြင့် ဒေသခံရာချီ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။ “အိမ်တွေမှာက အမျိုးသမီး အနည်းအကျဥ်းပဲကျန်ရစ်တယ်။ ယောင်္ကျားတွေတော့ အကုန်ပြေးနေ၊ ရှောင်နေရတယ်၊ အိမ်နှစ်ဆောင်သုံးဆောင်လည်း သူတို့ဝင်မွှေလိုက်တယ် ကြားရတယ်”ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီးကပြောသည်။ စစ်ကောင်စီတပ်က အုပ်စုခွဲကာ ဥယျာဥ်ကြိုကြားမကျန် လိုက်လံရှာဖွေမှုများ ပြုလုပ်နေကြောင်း၊ ရွာသားများအား ဖမ်းဆီးခြင်းမျိုးကိုမူ မကြားရသေးသလို ယနေ့မွန်းလွဲ ၃ နာရီအချိန်အထိ နှစ်ဖက်ပစ်ခတ်မှုများ မရှိသေးကြောင်း ဒေသခံအမျိုးသား တစ်ဦးကပြောသည်။ “ကလေးတစ်ယောက် ပြေးလို့ဆိုပြီးပစ်တယ်။ မထိဘူး ခြောက်ပစ်ပစ်တယ် ထင်တယ်”ဟု ၎င်းကပြောသည်။ မော်တုန်းအရှေ့ကမ်းကျေးရွာ၏ တစ်ဖက်ကမ်းတွင် […]

မြိတ်တွင် နေအိမ်ထဲဝင်ရောက် ဓားထောက်လုယက်ပြီး အိမ်ထဲရှိသူကို ပါးစပ်တိတ်ကပ်ကာ ကြိုးတုပ်ထားခဲ့

Dawei Watch

August 9, 2023

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စုတွင် နေအိမ်ထဲဝင်ရောက်ကာ ဓားထောက်လုယက်သွားပြီး အခန်းထဲရှိသူကို ပါးစပ်တိတ်ကပ်ကာ ကြိုးတုပ်ထားခဲ့ကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။ မြိတ်တောင်ကျေးရွာအုပ်စု အောင်မင်္ဂလာရပ်ကွက်တွင် လမ်းမတန်းပေါ်ရှိ နေအိမ်တစ်ဆောင်၏ ဘေးတွဲအခန်းတွင် နေထိုင်သည့် အမျိုးသမီးကို ဩဂုတ်လ ၈ ရက် ည ၇နာရီခန့်က နှာခေါင်းစည်းတပ်ထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဝင်ရောက်လုယက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဓားဖြင့်ခြိမ်းခြောက်ကာ ရွှေထည်လက်စွပ်တစ်ကွင်းနှင့် ငွေသား၁၅ သိန်း စုစုပေါင်း တန်ဖိုးငွေ သိန်းနှစ်ဆယ်‌ကျော်ခန့်ကို လုယက်သွားကြောင်း ရပ်ကွက်နေသူအချို့က ပြောဆိုသည်။ “ဖြစ်သွားတဲ့အချိန်က (လျှပ်စစ်) မီးသေနေလို့ ဘယ်သူမှ သတိမထားမိလိုက်ဘူး။ မိန်းလမ်းမကြီးမှာတောင် ဒီလိုလုပ်ရဲတာက ဓာတ်သိတွေပဲ ထင်တယ်” ဟု လုယက်ခံရသည့်နေအိမ်အနီး နေသူတစ်ဦးက ပြောသည်။ လျှပ်စစ်မီးပျက်နေသဖြင့် ဖယောင်းတိုင်ဝယ်ပြီး အိမ်သို့ ပြန်အဝင်တွင် လုယက်သူနှစ်ဦးက […]