BREAKING
February 23, 2025

မြိတ်

ပုလော စရဖ ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း မီးရှို့

Dawei Watch

January 7, 2025

ပုလောမြို့ ၊ အမှတ် ၂ ရပ်ကွက်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဇန်နဝါရီလ ၆ ရက် ည ၁၁ နာရီဝန်းကျင် တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယနေ့( ဇန်နဝါရီလ ၇) တွင် ယင်းတပ်ရင်းက သတင်းထုတ်ပြန်သည်။ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်စဥ် စစ်ကောင်စီတပ်သားများနှင့် အပြန်အလှန် ပစ်ခတ်မှုအနည်းငယ်သာ ရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် နှစ်ဖက်ထိခိုက်မှုမရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း ၁ ထံ ကသိရသည်။ “စရဖရုံးဘေးက မြို့တော်ခန်းမမှာက ၃ယောက်(စစ်ကောင်စီတပ်သား) ၊ စရဖရုံးမှာက ၄ ယောက် ပဲရှိတယ် ။ အင်အားနည်းတော့ သူတို့ဘက်က ၆ ချက်လောက်ပဲ ပြန်ပစ်ပြီးထွက်ပြေးသွားကြတယ် ” ဟု မြိတ်ခရိုင် […]

မြိတ်တွင် ရာအိမ်မှူးတစ်ဦးပစ်သတ်ခံရ

Dawei Watch

January 7, 2025

မြိတ်မြို့နယ်၊ သကန်တောင်ပုကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ဇန်နဝါရီလ ၄ နေ့က ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၇၀ ဝန်းကျင်အရွယ် ရာအိမ်မှူး‌ဦးကျော်ဒင်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် ယင်းည ၁၁ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်သုံးဦးက လာရောက်ပစ်သတ်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ရွာသားတွေ အိပ်ကောင်းတုန်းအချိန်ပေါ့။ သေနတ်သံတော့ ကြားလိုက်တယ်။ အမြဲတမ်းလည်းကြားနေကျဆိုတော့ သေနတ်သံကိုပဲ ဆက်နားစွင့်နေလိုက်တယ်။ ဒီအချိန်ဆိုတော့ ဘယ်သူလဲ ထွက်ကြည့်မရဲဘူးလေ”ဟု အထက်ပါ ဒေသခံအမျိုးသမီးကပြောသည်။ ထိုသို့ပစ်သတ်ခံရပြီး နောက်တစ်ရက်နံနက်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးရောက်လာပြီး ၎င်းနေအိမ်အနီး တစ်ဝိုက်တွင် ရှာဖွေစစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ မည်သည့်အဖွဲ့က သတ်ဖြတ်သွားသည်ကို ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့အထိ မသိရသေးပေ။ သကန်တောင်ပုရွာမှာ မြိတ်-တနင်္သာရီသွား ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး တော်လှန်ရေးတပ်များနှင့် […]

တနင်္သာရီနှင့် ဘုတ်ပြင်းကြား ပင်လယ်ပြင်တွင် စစ်ကောင်စီ ရိက္ခာစက်လှေကို KNU ဖမ်း

Dawei Watch

January 6, 2025

စစ်ကောင်စီတပ်စခန်းထံသို့ ပို့ဆောင်မည့် ရိက္ခာစက်လှေကို တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ လေညာဒေသ ပင်လယ်ပြင်တွင် KNLA တပ်ရင်း (၁၁) က ဖမ်းမိကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။ ဆန်အိတ်နှစ်ထောင်ကျော်နှင့် ရိက္ခာများတင်ဆောင်လာသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး၏ စက်လှေကို ဇန်နဝါရီလ ၂ ရက်က ကြားဖြတ်စစ်ဆေးပြီး ဖမ်းဆီးထားခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဖမ်းဆီးထားသည့် ဆန်အိတ်အချို့ကို သယ်ဆောင်ရန်အဆင်မပြေသဖြင့် ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။ “ပို့လာတဲ့ လှေပေါ်မှာပါတဲ့ ခုနစ်ယောက်က အရပ်သားပဲ။ အခုလောလောဆယ်တော့ ထိန်းသိမ်းထားတာရှိတယ်။ သူတို့က အရပ်သားဖြစ်တော့ အရေးယူဖို့လည်းခက်တယ်။ ဒါပေမဲ့ အဲဒီလို ထပ်ခါထပ်ခါဖြစ်မယ်ဆိုရင် ကျွန်တော်တို့က လေးလေးနက်နက် အရေးယူရမှာပေါ့နော်” ဟု ပဒိုစောအယ်နားက […]

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ ကြေးနန်းတိုင်တံတားကို ညဘက်ဖြတ်သန်းခွင့်ပိတ်

Dawei Watch

January 6, 2025

မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပိုင်း ကြေးနန်းတိုင်တံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က ည ၇ နာရီ‌နောက်ပိုင်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ကန့်သတ်လိုက်ကြောင်း ခရီးသွားများနှင့် ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါတံတားမှာ ပသောင်း ကျေးရွာအနီးတွင်တည်ရှိပြီး ဇန်နဝါရီလ ၄ ရက်နေ့မှစကာ စစ်ကောင်စီတပ်က ဖြတ်သန်းချိန် ကန့်သတ်လိုက်ခြင်းဖြစ်သည်။ ” ညဘက်အရေးပေါ် သေရေးရှင်ရေး မြို့(မြိတ်မြို့)တက်ရမယ့်ကိစ္စတွေ အတွက်ပဲစိတ်ပူတယ်။ သူတို့ကို ပြေပြေလည်လည်နဲ့ ပြောပြလို့အဆင်ပြေရင်တော့ တော်သေးတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ယခင်ကမူ အဆိုပါ တံတားတွင် စောင့်နေသည့် စစ်ကောင်စီတပ်သားများနှင့် နားလည်မှုယူကာ ညနက်ချိန်အထိ ဖြတ်သန်းခွင့်ပေးနေကြောင်း ကားသမားအချို့က ဆိုသည်။ လက်ရှိတွင် အဆိုပါလမ်းပိုင်းတစ်လျှောက်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က အစစ်‌အဆေး တင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ “ကြေးနန်းတိုင်တံတားနားရောက်ရင် တအားစစ်တယ်။ ဆိုင်ကယ်ဆိုရင်လည်း […]

ထိုင်း-မြန်မာနယ်စပ် မောတောင်ကားလမ်း ဖြတ်သန်းခွင့်ပိတ်

Dawei Watch

January 5, 2025

စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသဖြင့် ထိုင်း-မြန်မာနယ်စပ်လမ်းဖြစ်သည့် မောတောင်လမ်းကို လုံးဝ ပိတ်လိုက် ကြောင်း Black Cobra Column စစ်ကြောင်းရုံးက ဇန်နဝါရီလ ၄ရက်တွင် ထုတ်ပြန်သည်။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ဒီဇင်ဘာလဒုတိယ အပတ်မှ စတင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း Black Cobra Column ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ထို့ကြောင့် ပြည်သူများထိခိုက်နစ်နာမှု မဖြစ်စေရေးအတွက် တနင်္သာရီ-မောတောင်လမ်းမကြီးတစ်လျှောက် ရေဖြူကျေးရွာ မှ သဲဖြူကျေးရွာအထိ လမ်းပိုင်းကို မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာြခင်းမလုပ်ရန် အသိပေးကြောင်း ထုတ်ပြန်ထားသည်။ ယင်းအပြင် သဲဖြူကျေးရွာမှ မောတောင်နယ်စပ်အထိ လမ်းပိုင်းတွင် ဒေသခံများမှအပ အခြားဒေသနေ ခရီးသွားဧည့်သည် များ အသုံးပြုသွားလာခြင်း မလုပ်ကြရန်လည်း တားမြစ်ထားသည်။ ယင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများက အရပ်သားကားများကို အသုံးပြုကာ […]

တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တစ်သောင်းကျော် အကူအညီလို

Dawei Watch

January 5, 2025

ဒီဇင်ဘာလ ဒုတိယအပတ်ခန့်ကစပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာနှင့် ချောင်းနှစ်ပေါက်ကျေးရွာက စစ်ဘေးရှောင်များ အကူအညီလိုအပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ သိန်ခွန်းနှင့် ချောင်း‌နှစ်ပေါက်ကျေးရွာက ‌စစ်ရှောင်ဒေသခံ ၁၂၀၀၀ကျော်ရှိနေပြီး အဆိုပါဒေသခံများအားလုံး စစ်ဘေးရှောင် နေရသည်မှာ တစ်လခန့် ရှိနေပြီဖြစ်ကြောင်း ခုနစ်စဉ်ကြယ်လူသားချင်းစာနာထောက်ထားမှုကူညီရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။ စစ်ဘေးရှောင်များမှာ မြို့ပြဘက်သို့ တိမ်းရှောင်၍ မရကြဘဲ တောတောင်ဥယျာဉ်ခြံများအတွင်းသို့ တိမ်းရှောင်နေကြ ရသဖြင့် စားသောက်ရေးအတွက် ရိက္ခာ အရေးတကြီးထောက်ပံ့ရန်လိုအပ်နေကြောင်း ၎င်းက ဆိုသည်။ “ကူညီမယ့်သူတွေက တိုက်ပွဲအဆင့်ဆင့်ကို ဖြတ်သွားရတဲ့အခါကျတော့ ရိက္ခာပို့ချင်တဲ့သူတွေက အလွယ်တကူ ပို့မရတဲ့ အခါကျတော့ အဲဒီမှာ ရိက္ခာပြတ်တဲ့အခက်အခဲက တော်တော်ကိုကြီးမားနေတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။ စားနပ်ရိက္ခာအပြင် ဆောင်းရာသီဖြစ်သည့်အတွက် အနွေးထည်နှင့် ခြုံစောင်လိုအပ်လျက်ရှိပြီး တောတောင်ထဲက ချောင်းရေကို သောက်ရေအဖြစ်အသုံးပြုနေရခြင်းကြောင့် ဝမ်းပျက်၊ […]

မြိတ်မြို့တွင် ဆယ်ကျော်သက်ယောကျ်ားလေးတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

January 5, 2025

မြိတ်မြို့၊ တိုးချဲ့ရပ်၊ ဇေယျသီရိ ၃ ရပ်ကွက်တွင်နေထိုင်သည့် ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦး ဇန်နဝါရီလ ၅ ရက် နံနက်က ကြိုးဆွဲချသေဆုံးကြောင်း မိသားစုနှင့်နီးစပ်သူအချို့နှင့် အိမ်နီးချင်းအချို့ထံမှ သိရသည်။ ဇေယျာသီရိ ၃ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် ယောကျာ်လေးသည် နေအိမ်တွင်ပင် ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်းသည် WY စိတ်ကြွဆေးသုံးစွဲမှုများပြီး စိတ်အခြေအနေ ပုံမှန်မဟုတ်သူဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ “ဆေးတအားရှူတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သွားတွေတောင် မရှိတော့ဘူး” ဟု အထက်ပါမိသားစုနှင့် နီးစပ်သူက ဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်ကလည်း မြိတ်မြို့တွင် ဆယ်ကျော်သက်အရွယ်ကျောင်းသားတစ်ဦး သတ်သေသွားခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ရွာများအတွင်း မူးယစ်ဆေးကို ပေါ်ပေါ်ထင်ထင် […]

မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ခြောက်ဦးအပါအဝင် အကျဉ်းသား သုံးဆယ်ကျော် ပြန်လွတ်

Dawei Watch

January 4, 2025

စစ်ကောင်စီက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းပေးရာတွင် မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ခြောက်ဦးအပါအဝင် အကျဉ်းသား ၃၂ ဦးလွတ်မြောက်ခဲ့ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၄ရက်နေ့၌ လွတ်ငြိမ်းခွင့်တွင် မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား သုံးဦးနှင့် အကျဉ်းသူ သုံးဦး ပါဝင်ကြောင်း ၎င်းတို့ကဆိုသည်။ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူ သုံးဦးမှာ တနင်္သာရီမြို့တွင်နေထိုင်သည့် မဝါဝါမြင့်၊ ပုလောမြို့နေ မသီသီချိုနှင့် ဒေါ်အေးဝင်း တို့ဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား သုံးဦး၏ ကိုယ်ရေးအချက်အလက်များကိုမူ စုံစမ်းနေဆဲဖြစ်သည်။ “လွတ်မြောက်တဲ့ သူတွေမှာ လွတ်ရက်စေ့သူတွေက တစ်ဝက်လောက်ပါတယ်လို့သိရတယ်။ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတချို့ပါတယ်ဆိုတာလည်းဟုတ်တယ်” ဟု အကျဉ်းသားများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ မြိတ်အကျဉ်းထောင်မှ ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားများအပြင် ကျန်သည့် ၂၆ […]