BREAKING
April 24, 2025

မြိတ်

ရေသန့်ဈေးထပ်တက်၊ အာဏာသိမ်းကာလအတွင်း ဈေးလေးဆနီးပါးမြင့်တက်

Dawei Watch

September 4, 2023

မြိတ်တွင် ၂ဝလီတာဆံ့ သောက်ရေသန့်တစ်ဗူးလျှင် ကျပ်နှစ်ရာ ဈေးတက်သွားသဖြင့် တစ်ဗူးလျှင် ကျပ် ၁၁၀၀ ဖြစ်လာကြောင်း မြိတ်မြို့ရှိ ရေသန့်ဈေးကွက်အတွင်းမှ သိရသည်။ အာဏာသိမ်းပြီး ၂ နှစ်ခွဲကာလတွင် ရေသန့်ဈေး လေးဆနီးပါးအထိ မြင့်တက်လာခြင်းဖြစ်သည်။ အာဏာမသိမ်းမီက ၂၀ လီတာဆံ့ သောက်ရေသန့်ဗူးကြီးတစ်ဗူးလျှင် ကျပ်သုံးရာသာ ဈေးရှိခဲ့ပြီး တစ်နှစ်အတွင်း ကျပ်ငါးရာအထိ မြင့်တက်လာကြောင်း သောက်ရေသန့်သုံးစွဲသူတို့မှ သိရသည်။ ယင်းနောက် ၂၀၂၂ ခုနှစ် မတ်လမှစပြီး တစ်‌ဗူးလျှင် ခုနစ်ရာကျပ်နှင့် ဇွန်လတွင် ကိုးရာကျပ်အထိ ထပ်မံမြင့်တက် လာကြောင်း ၎င်းတို့ထံမှ သိရသည်။ ပြီးခဲ့သည့်ဩဂုတ်လ နောက်ဆုံးအပတ်မှစပြီး နှစ်ရာကျပ် ဈေးထပ်တက်သဖြင့် ၁၁၀၀ ကျပ်ဖြစ်လာကြောင်း သောက်ရေသန့်သုံးစွဲသူတို့က ပြောဆိုသည်။ “မိသားစုများတဲ့ အိမ်ဆိုတော့ တစ်နေ့ကို နှစ်ဗူးကုန်တယ်။ အခု ရေသန့်ဈေးထပ်တက်တော့ […]

ပလတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ရှစ်တန်းကျောင်းသားအပါအဝင် အရပ်သားရှစ်ဦးခန့် ဒဏ်ရာရ

Dawei Watch

September 2, 2023

မြိတ်ခရိုင်၊ ပလမြို့တွင် လက်နက်ကြီးကျည်စထိမှန်ပြီး ရှစ်တန်းကျောင်းသားအပါအဝင် အရပ်သားရှစ်ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ဆောင်ကာ ပလမြို့ဧရိယာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ပြန်လည်ထွက်ခွာချိန် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ပလမြို့ရဲစခန်းက လက်နက်ကြီးဖြင့်ပစ်ခတ်ကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည်များသည် မြို့ဧရိယာထဲရှိ ဆားဖိုဆိပ်၊ ရွှေမော်စေတီ၊ စာသင်ကျောင်းအနောက်ဖက်လမ်းနှင့် မင်းပြင်ရွာများဖက် ကျရောက်ပေါက်ကွဲကာ အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ရှစ်တန်းကျောင်းသားရဲ့ ရင်ဘတ်ကို လက်နက်ကြီးအစထိတယ်။ အခု မြိတ်ဆေးရုံကို တင်ထားပြီး စိုးရိမ်ရတယ် ပြောတယ်။ ဆားဖိုဆိပ်မှာက သုံးယောက်ထိတယ်။ တယောက်ကတော့ အနာပိုကြီးတယ်။ ကျန်တဲ့သူတွေက နည်းနည်းစီ ထိကြတယ်” ဟု ပလမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပလရဲစခန်းက […]

ပဝတ်ကုန်းရွာတွင် ဥယျာဉ်ခြံသို့သွားသည့် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရ

Dawei Watch

September 1, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် အမျိုးသမီးတစ်ဦး မိုင်းစထိမှန် ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ယနေ့ စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီဝန်းကျင်က ဥယျာဉ်ခြံထဲသို့ သွားစဉ်လမ်း၌ မိုင်းထောင်ထားသည့် ကြိုးနှင့်တိုက်မိကာ ပေါက်ကွဲသဖြင့် လက်တွင် မိုင်းစထိမှန်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။ “ကြိုးတိုက်မိပြီး ပစ်လှဲချလိုက်လို့ လက်မောင်းမှာ ဒဏ်ရာတွေရခဲ့တယ်။ မစိုးရိမ်ရဘူးလို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ဒဏ်ရာရသူမှာ အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ကလေးနှစ်ဦး၏ မိခင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။   ပဝတ်ကုန်းရွာတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်တို့၏ ယာယီစခန်းရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည်။ ယခုပေါက်ကွဲသည့်မိုင်းမှာ မည်သည့်အဖွဲ့က ထောင်ထားသည်ကိုမူ အတည်မပြုနိုင်သေးပေ။ ဩဂုတ်လ ၂၈ […]

မြိတ်-ရန်ကုန် ခရီးသည်တင်ကား ပလမြို့အနီးတွင် မီးလောင်

Dawei Watch

September 1, 2023

မြိတ်မြို့မှ ရန်ကုန်မြို့သို့သွားသည့် အန်တီဝင်း ခရီးသည်တင်မှန်လုံကားတစ်စီးသည် ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပလမြို့အနီး ဇရပ်ဆိပ်ရွာအရောက်တွင် မီးလောင်ကြောင်း အန်တီဝင်းယာဉ်လိုင်း မြိတ်ကားဂိတ်ထံမှ သိရသည်။ အဆိုပါ မှန်လုံကားအနောက်ဘက်ခန်းရှိ ဝါယာကြိုး ရှော့ခ်ဖြစ်ပြီး ဂတ်စ်ပိုက်လိုင်းအား မီးစကူးစက်သဖြင့် ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့ကြောင်း အဆိုပါကားဂိတ် တာဝန်ခံတစ်ဦးက ပြောသည်။ ကားမီးလောင် ပျက်စီးသွားသော်လည်း လူအထိအခိုက် မရှိကြောင်း ၎င်းက ဆိုသည်။   “လမ်းက လိုက်လာတဲ့ ခရီးသည်သုံးယောက်ပဲ ပါတယ်။ ဘာမှမဖြစ်ဘူး။ အရှေ့မှာ ထိုင်ကြတာဆိုတော့ ဖြစ်တာနဲ့ ဆင်းပြေးကြတယ်” ဟု အထက်ပါ တာဝန်ခံက ပြောဆိုသည်။ ထို့အပြင် ကားမောင်းသူ၊ စပယ်ယာအပါ သုံးဦးတို့သည်လည်း ကားပေါ်မှ ဆင်းပြေးခဲ့သဖြင့် ထိခိုက်မှု မရှိကြောင်း […]

တနင်္သာရီတွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

Dawei Watch

August 31, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။ ယနေ့ (သြဂုတ် ၃၁) နေ့လယ် ၂ နာရီဝန်းကျင်တွင် တနင်္သာရီမြို့နယ်၊ ဘန်ကျုတ်ကျေးရွာဝန်းကျင်တွင် အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တစ်နာရီကြာ တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “နှစ်ဖက်တိုက်ပွဲဖြစ်ပြီး သူတို့(စစ်ကောင်စီတပ်)ဘက် ထိခိုက်အကျအဆုံးရှိသလို ကျွန်တော်တို့ဘက်လည်း ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်” ဟု ၎င်းကပြောသည်။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ ထံမှသိရပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များက လတ်တလော ထုတ်ပြန်ထားခြင်းမရှိသေးပေ။ နှစ်ဖက်တိုက်ပွဲအတွင်း ညောင်ပင်ကွင်းရွာအခြေစိုက် ၅၆၁ တပ်ရင်းဘက်မှ လက်နက်ကြီး အများအပြားပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ထံမှသိရသည်။

တနင်္သာရီမြို့တွင် နေအိမ်လက်နက်ကြီးထိမှန်ပြီး ရဲတပ်သားတစ်ဦး၏ မိခင်ဒဏ်ရာရ

Dawei Watch

August 29, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့တွင် နေအိမ်လက်နက်ကြီးကျည်ထိမှန်ပြီး မောတောင်ရဲစခန်းက ရဲတပ်သားတစ်ဦး၏ မိခင် ဒဏ်ရာရကာ ဆေးရုံတင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၂၈ရက် ည ၇ နာရီဝန်းကျင်က တပ်ဦးရပ်ကွက်တွင်ရှိသည့် ရဲတပ်သား၏ မိခင်နေအိမ် လက်နက်ကြီး ကျည် ထိမှန်ပြီး ရဲတပ်သား၏မိခင် အသက် ၅၉နှစ်ရှိ ဒေါ်ညွန့် ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ “သူအိမ်မှာ လက်နက်ကြီးလာကျပြီး ထုတ်တန်းပြုတ်ကျပြီး ရိုက်မိတာ နဖူးမှာ ဒဏ်ရာရသွားတယ်။ တော်သေးတယ်။ လက်နက်ကြီးက မပေါက်ဘူး။ ပေါက်ရင် သေပြီ” ဟု အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးကျည်မှာ အိမ်နံဘေးရှိ မြေကြီးသို့ ကျရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါအမျိုးသမီးကို ညတွင်းချင်း ဆေးရုံတင်ပို့ခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အဲဒီအမျိုးသမီးကြီးက […]

ပုလော ကြဲရွာသားတစ်ဦးအသတ်ခံရပြီး အော်သာရွာသားတစ်ဦးအဖမ်းခံရ

Dawei Watch

August 28, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲရွာသားတစ်ဦး အသတ်ခံရပြီး အော်သာရွာသားတစ်ဦးလည်း ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကြဲရွာနေ အသက် ၄၀ အရွယ် ဦးကျော်သူလွင်ဆိုသူ မီးလောင်ချောင်းကျေးရွာတွင် ဩဂုတ်လ ၂၆ ရက်နေ့က အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။ မီးလောင်ချောင်းရွာရှိ ဦးလေးတော်စပ်သူ ဦးတင့်လွင်၏ ရော်ဘာခြံသို့ လာရောက်စဉ် လက်နက်ကိုင်လူတစ်စုက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ကော်ပတ်ချက်သမား (ရော်ဘာချက်သူ) တွေကို ကားနဲ့ လာပို့ချိန် အသတ်ခံရတာ” ဟု ၎င်းက ဆိုသည်။ ဦးကျော်သူလွင်သည် ကြဲရွာတွင် မနေသည်မှာ ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်များနှင့် ယခင်ကသွားလာဖူးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဦးကျော်သူလွင် အသတ်ခံရပြီးနောက် မီးလောင်ချောင်းရွာရှိ ဦးတင့်လွင်၏ ခြံဝင်းအတွင်းရှိ ရော်ဘာဂိုဒေါင်၊ မိုင်းခံရုံနှင့် နေအိမ်ကိုလည်း အထက်ပါလက်နက်ကိုင်လူတစ်စုက […]

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ် စတင်တာဝန်ယူ

Dawei Watch

August 28, 2023

ထိပ်ပိုင်းရာထူးအပြောင်းအရွှေ့များ ပြုလုပ်နေသည့် စစ်ကောင်စီက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုလည်း အသစ်ပြောင်းလဲတာဝန်ပေးလိုက်ပြီး တိုင်းမှူးသစ် ဗိုလ်မှူးချုပ်ကျော်စွာဦးမှာ မြိတ်မြို့ရှိ ကမ်းရိုးတန်းစစ်ဌာနချုပ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ဗိုလ်မှူးချုပ်ကျော်စွာဦးမှာ သြဂုတ်လ စတုတ္ထအပတ်အတွင်းက တနင်္သာရီတိုင်း မြိတ်မြို့ရှိ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်သို့ ရောက်ရှိလာသည်ဟု စစ်ဖက်အသိုင်းအဝိုင်း အတွင်းမှသိရသည်။ “မနေ့က(သြဂုတ် ၂၇)က သိမ်တော်ကြီးဘုရားကို ဖူးတယ်။ မော်တောင်ကျောင်းကို ဝင်ပြီး ဆရာတော် (တိုင်းသံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ) နဲ့တွေ့တယ်”ဟု စစ်ဖက်ဆိုင်ရာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်ကျော်စွာဦးသည် တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခင် ကမ်းရိုးတန်းဒေသတိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်သည် နေပြည်တော်သို့ ပြောင်းရွှေ့ခံရကြောင်း သတင်းများထွက်ပေါ်နေသည်။ ပြီးခဲ့သည့်လက ကမ်းရိုးတန်းစစ်ဌာနချုပ် ဒုတိုင်းမှူးဗိုလ်မှူးချုပ်သစ်လွင်ထူး အပါအဝင် ခမောက်ကြီးမြို့ အခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ဝင်းကျော်သူနှင့် […]