BREAKING
May 1, 2025

မြိတ်

ပုလောတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးလေးလုံးပစ်ချ၍ အရပ်သားနှစ်ဦးဒဏ်ရာရ

Dawei Watch

September 21, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ မနေ့(စက်တင်ဘာ ၂၀)နံနက် ၁၀ နာရီဝန်းကျင်ခန့်က ပုလော ၂၈၅ တပ်ရင်းမှ ဒရုန်းဖြင့်ဗုံးချခဲ့ခြင်းဖြစ်ပြီး ဒေသခံအမျိုးသား နှစ်ဦး၏ နောက်ကျောနှင့် မျက်နှာတို့ကို ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများကပြောသည်။ “ဗုံးက လေးလုံးချတာ တစ်လုံးပဲပေါက်တယ်။ ကျန်သုံးလုံးက မပေါက်လို့ တော်သေးတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဗုံးစထိမှန်ခဲ့သူမှာ အသက် ၄၀ အရွယ်အမျိုးသားနှင့် လူငယ်တစ်ဦးတို့ဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရဟု ဒေသခံများ ကဆိုသည်။ ကျောင်းနိမ့်၊ ပိန္နဲတောင်ကျေးရွာဘက်တွင်လည်း ပြီးခဲ့သည့် ညဦးပိုင်းက စစ်ကောင်စီ၏ ဒရုန်းများ ပျံဝဲခဲ့သေးကြောင်း ဒေသခံများ ကပြောသည်။ ကျောင်းနိမ့်ရွာတွင် ယခင်ကလည်း ဒရုန်းဖြင့်ဗုံးချမှုကြောင့် ရွာသားအချို့ ထိခိုက်ဒဏ်ရာရခဲ့ဖူးသလို လက်နက်ကြီး […]

တနင်္သာရီ ဇဝဲတပ်ရင်း လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခံရ

Dawei Watch

September 20, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲတပ်ရင်းကို လက်နက်ကြီးဖြင့် နှစ်ကြိမ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ယနေ့ စက်တင်ဘာလ ၂ဝရက်တွင် ထုတ်ပြန်သည်။ ပြည်ထောင်စုလမ်းပေါ်က ဇဝဲရွာရှိ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းကို စက်တင်ဘာလ ၁၉ ရက်နေ့က မြိတ်ခရိုင်တပ်ရင်း (၂) နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ လက်နက်ကြီးကျည် တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရသူများကို အရေးပေါ်လူနာတင်ယာဉ် နှစ်စီးဖြင့် မြိတ်မြို့သို့ သယ်ဆောင်သွားကြောင်း ဖော်ပြသည်။ ဒေသခံများကို မေးမြန်းစုံစမ်းချက်အရ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် ဇဝဲတပ်ရင်းအနီး ကျယ်လောင်သည့် ပေါက်ကွဲသံကြားရကြောင်း ဆိုသည်။ “ပေါက်ကွဲသံက အကျယ်ကြီးပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတာဝန်ခံ ဗိုလ်စတား က ပုလောအတွက် […]

ဗောဓိကမ်း ဘုန်းကြီးကျောင်း လက်နက်ကြီးကျ၍ ရဟန်းသုံးပါး ဒဏ်ရာရ

Dawei Watch

September 19, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းဘုန်းတော်ကြီးကျောင်းပေါ် လက်နက်ကြီးကျပြီး ကျောင်းထိုင်ဆရာတော် အပါအဝင် ရဟန်း ၃ ပါးဒဏ်ရာရကာ ဆေးရုံတင်ထားရကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့မွန်းလွဲ ၁ နာရီခွဲဝန်းကျင်ခန့်က လက်နက်ကြီး ၂ လုံးကျောင်းဆောင်ပေါ်သို့ ကျရောက်ခဲ့ပြီး ဆရာတော်နှင့်ရဟန်း ၂ ပါးဒဏ်ရာရကာ တနင်္သာရီမြို့ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု ဒေသခံများ ကပြောသည်။ “ဆရာတော်ကိုတော့ မြိတ်ဆေးရုံပို့လိုက်ပြီး ကျန်သံဃာ(ရဟန်း) ၂ ပါးက တနင်္သာရီဆေးရုံတင်ထားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်နက်ကြီးကို တနင်္သာရီစစ်ကောင်စီတပ်ရင်းဘက်မှ ပစ်ခတ်သည်ဟု ဒေသခံအချို့က ထင်ကြေးပေးခဲ့ပြီး တိတိကျကျ မသိရသေးကြောင်း ဆိုသည်။ “ကျည်က ၆၀ မမ လို့ဆိုတယ်။ ဘယ်တပ်က ပစ်တယ် မသိရသေးဘူး။ စုံစမ်းတုန်းပဲရှိသေးတယ်။ မေးမြန်းသိရသလောက်ကတော့ PDF ဘက်က ပစ်တာမဟုတ်ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံအမျိုးသား နောက်တစ်ဦး […]

မြိတ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီး၍ဟုဆိုကာ စစ်ကောင်စီက သေနတ်ဖြင့်ပစ်

Dawei Watch

September 18, 2023

မြိတ်မြို့ မြို့သစ်ရပ်ကွက်တွင် ယနေ့ (စက်တင်ဘာ ၁၈) ညနေ ၆ နာရီဝန်းကျင်က အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးသဖြင့် စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းရပ်ကွက်နေသူအချို့ထံမှ သိရသည်။ “ပစ်ခံထိတာကတော့ သေချာတယ်၊ သေမသေတော့ မသိရဘူး” ဟု မြို့သစ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ အပစ်ခံရသည့်အချိန်သည် ညနေအလုပ်ဆင်းချိန်ဖြစ်ပြီး စစ်ကောင်စီက အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလာပါက မော်တော်ယာဉ်ဖြင့် လိုက်လံဖမ်းဆီးနေကြောင်း မြို့သစ်ရပ်ကွက်နေသူအချို့က ဆိုသည်။ “အခုရက်ပိုင်းမှပဲ ကားတွေနဲ့ လိုက်တိုက်ပြီး ဖမ်းနေကြတာ၊ အမိန့်လည်း ပြန်ထုတ်ထားတယ်” ဟု ဆိုင်ကယ် တက္ကဆီ မောင်းနှင်သူတစ်ဦးက ပြောသည်။ စစ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းခန့်က အမျိုးသားနှစ်ဦးဆိုင်ကယ်အတူစီးပါက ဆိုင်ကယ်ကို ဖမ်းဆီးသိမ်းဆည်းမည်ဖြစ်ပြီး ဒဏ်ငွေဖြင့် သတ်မှတ်ရုံးချိန်တွင် ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ထွက်ပြေးပါက ပစ်ခတ်ဖမ်းဆီးမည်ဖြစ်ကြောင်းကို ထုတ်ပြန်ထားကြောင်း ၎င်းက ဆိုသည်။ […]

ပုလောနှစ်ရက်တာ တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေဆုံး

Dawei Watch

September 18, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၁) ၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။ စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် စစ်ကြောင်းထိုးလာပြီး လက္ကူးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် နှစ်ရက်အတွင်း အကြိမ်ကြိမ်အနီးကပ် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲပထမရက်တွင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ဒုတိယနေ့တွင် ၁ ဦးထပ်မံသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရသိရသည်။ သို့သော် ယင်းအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ တိုက်ပွဲအတွင်း လက္ကူးရွာမှ နေအိမ် ၁၂ လုံးကို စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ရှိရာသို့ တိုတောင်နှင့် ပင်လယ်ဝရှိစစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့်  အကြိမ်များစွာပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “တစ်မနက်တည်းကို အလုံးရှစ်ဆယ်လောက်ပစ်တယ်။ ကုန်းရော ပင်လယ်ထဲကပါညှပ်ပစ်တယ်”ဟု ဒေသခံအမျိုးသားကပြောသည်။ လက်နက်ကြီး နေအိမ်ပေါ်ကျရောက်ပေါက်ကွဲမှုကြောင့် […]

ပုလောမြဒေါင်ရွာမှ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

Dawei Watch

September 18, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြဒေါင်(မဒေါင်)ကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများ ထံမှသိရသည်။ လက္ကူးရွာဘက်မှ မြဒေါင်ရွာဘက်သို့ စစ်ကြောင်း ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်သည် ယနေ့နေ့လယ်ပိုင်းက မြဒေါင်ရွာရှိနေအိမ် အချို့ကို မီးတင်ရှို့ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “လေးလုံးရှို့လိုက်တယ်လို့ စရှို့ချိန်ကကြားရတယ်။ နောက်ထပ် ဘယ်လောက်ထပ်ရှို့လည်း ဆိုတာတော့ အတိအကျမသိရသေးဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ တိုက်ပွဲဖြစ်ပွားသံကြားရခြင်းမရှိသော်လည်း မြဒေါင်ရွာဘက်မှ မီးခိုးလုံးများ အများအပြား တက်လာသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများ ကပြောသည်။ “မဒေါင်ရွာမီးရှို့ခံရတာက အမှန်ပါပဲ။ ဘယ်နှစ်ဆောင်ဆိုတာ မေးမရသေးဘူး။ ဖုန်းလိုင်းလည်းမကောင်း လူတွေလည်း ထွက်ပြေးနေကြရတယ်”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်များတွင် လက္ကူးကျေးရွာမှ နေအိမ် ၁၂လုံး ခန့်ကို မီးရှို့ခဲ့ပြီး မနေ့ကလည်း ပြင်းဖြူရွာက […]

မြိတ်လှေဒေါက်လွန်းကျင်းတွင် မီးလောင်

Dawei Watch

September 18, 2023

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကမ်းသာယာရွာ(ချောင်းတခင်း)ရှိ လှေဒေါက်လွန်းကျင်းတွင် ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက် ၈နာရီခွဲခန့်က မီးလောင်ကြောင်း ယင်းရွာနေသူအချို့က ပြောသည်။ လှေဒေါက်တင်ထားသည့် သံခွံလှေတစ်စီး၏ ပဲ့ပိုင်းတွင် မီးလောင်ခြင်းဖြစ်ကြာင်း ရွာသားအချို့က ဆိုသည်။ မီးလောင်မှုအား မြိတ်မြို့နယ်မီးသတ်ဌာနမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် မီးငြှိမ်းသတ်နေဆဲဖြစ်ပြီးမီးလောင်သည့်အကြောင်းအရင်းအား မသိရှိရသေးပေ။

တနင်္သာရီမြို့နယ်အတွင်း CDM လုပ်သည့် စစ်သားနှင့်ရဲ ၈၀ကျော်ရှိကြောင်း ထုတ်ပြန်

Dawei Watch

September 17, 2023

တနင်္သာရီမြို့နယ်အတွင်း CDM လုပ်သည့် ရဲနှင့် စစ်သား ၈၀ ကျော်ရှိလာပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ စက်တင်ဘာလ ၁၇ရက်တွင် ထုတ်ပြန်သည်။ အာဏာသိမ်းချိန်မှ ယနေ့အထိ CDM ဝင်ရောက်လာသည့် စစ်သား ၃၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၄၉ ဦး စုစုပေါင်း ၈၄ ဦး ရှိကြောင်း ဖော်ပြသည်။ CDM ပြုလုပ်သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအတိုင်း ပြည်တွင်းနှင့် ပြည်ပရှိ ဘေးကင်းလုံခြုံရာတွင် ပို့ဆောင်ထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် (၅၆၁) တပ်ရင်းမှ တပ်သား အောင်ဇော်မင်းသည် MA-3 တစ်လက်၊ ကျည်တောင့် ၃၀ ပါကျည်ဘောက် ၃ […]