BREAKING
February 28, 2025

မြိတ်

ဘန်းလမွှတ်ရွာတွင် တိုက်ပွဲဖြစ်ပြီး နေအိမ်နှစ်လုံးထက်မနည်း မီးရှို့ခံရ

Dawei Watch

June 30, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်းလမွှတ်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး နေအိမ်နှစ်လုံးထက်မနည်း မီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ ဘန်းလမွှတ်ရွာတွင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် တစ်နာရီခန့် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နေအိမ်များ မီးရှို့ခံရသည်ဟု ဒေသခံများ ကပြောသည်။ “ဘုန်းကြီးကျောင်းနားက အိမ်နှစ်ဆောင်အပါအဝင် သုံးဆောင်ရှို့ခံရတယ်လို့သိရတယ်။ PDF နဲ့ဆက်စပ်တယ်ဆိုပြီး ရှို့သွားတယ်လို့ သိရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ မီးရှို့ခံရသည့်နေအိမ်များမှာ ဦးမြင့်အောင်၊ ဦးဟိန်းကိုနှင့် ဦးတင်လှ တို့၏ နေအိမ်များဖြစ်သည်ဟု ဒေသခံများ ကဆိုသည်။ တိုက်ပွဲနှင့် ဖမ်းဆီးခံရမှုများကြောင့် မီးရှို့ခံရသည့် နေအိမ်သုံးဆောင်အပါအဝင် တစ်ရွာလုံးနီးပါးရှိ နေအိမ်အများစုတွင် လူနေထိုင်မှုမရှိတော့ကြောင်း ဒေသခံများ ကပြောသည်။ ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှုကို မသိရသေးသော်လည်း စစ်ကောင်စီတပ်မှ ညနေ ၃ နာရီဝန်းကျင်အထိ ပြည်သူ့ကာကွယ်ရေးတပ်များ ရှိနိုင်သည်ဟု ယူဆသည့် နေရာများသို့ […]

လက်နက်ကြီး ပစ်ခတ်နေသဖြင့် ပဝနှင့်သရဖုံရွာဒေသခံများ တိမ်းရှောင်နေရ

Dawei Watch

June 30, 2023

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာနှင့် သရဖုံကျေးရွာမှ ဒေသခံများ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရကြောင်း ဒေသခံများ ထံမှသိရသည်။ ယင်းကျေးရွာများဘက်သို့ ဇွန်လ ၂၆ ရက်မှစကာ ယနေ့ (ဇွန် ၃၀)အထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများ ကပြောသည်။ “နေ့တိုင်းတော့မပစ်ဘူး။ တစ်ရက်ပစ်လိုက် နားလိုက် လုပ်နေတယ်။ ရွာထဲလာကျတော့ လူတွေလည်း မနေရဲကြတော့ဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်နက်ကြီးကြောင့် လတ်တလော လူနှင့်နေအိမ်များထိခိုက်မှု မရှိသေးဟု ဒေသခံများကဆိုသည်။ ယင်းကြောင့် ဒေသခံများမှာ မြိတ်မြို့အပါအဝင် နီးစပ်ရွာကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်နေကြရသလို ကျန်ဒေသခံအများစုသည်လည်း ဘေးလွတ်ရာ တောတောင်အတွင်း တဲထိုးကာ အဆင်ပြေသလို နေထိုင်နေကြကြောင်း ဒေသခံများကပြောသည်။ “တာလပတ်မိုးပြီးနေတဲ့သူတွေ တောင်ယာတဲတွေမှာ နေတဲ့သူတွေရှိတယ်။ တာလပတ် မရှိတဲ့သူတွေကတော့ တောထဲက သစ်ခက်တွေ […]

မြိတ်တွင် အုတ်တင်ယာဉ်နှင့် ခရီးသည်ယာဉ်တိုက်မိ ခရီးသည် ၈ ဦးဒဏ်ရာရ

Dawei Watch

June 30, 2023

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု မရင်းငယ်ဖျားရွာအနီးတွင် ယနေ့(ဇွန် ၃၀) နံနက် ၉ နာရီအချိန်ခန့်က အုတ်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိသဖြင့် ခရီးသည် ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းကျေးရွာအုပ်စုနေသူအချို့ထံမှ သိရသည်။ တနင်္သာရီမြို့ဘက်မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် အုတ်တင်ယာဉ်နှင့် မြိတ်မှ တနင်္သာရီဘက်သို့သွားသည့် ခရီးသည်တင်ယာဉ်တို့သည် မရင်းငယ်ဖျားရွာအနီးရှိ အားမာန်သစ်ဆီဆိုင်အကွေ့တွင် တိုက်မိကြခြင်း ဖြစ်ကြောင်း ယင်းကျေးရွာနေသူအချို့က ပြောပြသည်။ “အုတ်ကားဘက်က အရှိန်လွန်ပြီး ဝင်တိုက်မိတာလို့ ကြားရတယ်‌ဗျ” ဟု မရင်းငယ်ဖျားရွာသားတစ်ဦးက ပြောသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မောင်းနှင့် ခရီးသည် ၈ ဦးတို့ ဒဏ်ရာရရှိသဖြင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း နာရေးကူညီမှုအသင်းအချို့မှ သိရသည်။ “ခရီးသည်တွေက ဒဏ်ရာသိပ်မစိုးရိမ်ရဘူး၊ ကားမောင်းသမားက ညှပ်မိသွားတာဆိုတော့ ဒဏ်ရာပြင်းမယ်ထင်တယ်” ဟု နာရေးကူညီမှု […]

မြိတ်တွင် ကုရ်ဘာနီအိဒ်ပွဲတော်လုပ်သည့် မြို့ခံအချို့ ခေါ်ယူစစ်ဆေးခံရ

Dawei Watch

June 29, 2023

မြိတ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ၏ အထွတ်အမြတ်ပွဲတော်နေ့တစ်ခုဖြစ်သည့် ကုရ်ဘာနီ ပြုလုပ်သူ အချို့ခေါ်ယူစစ်ဆေးခံရကြောင်း မြို့ခံများ ထံမှသိရသည်။ ယနေ့ ဇွန် ၂၉ ရက်တွင်ကျရောက်သည့် အိဒ်ပွဲတော်အတွက် ကုရ်ဘာနီပြုလုပ်ရာတွင် မြိတ်မြို့၊စျေးတန်းရပ်၊ ပန်စရာရပ်နှင့် ပါရမီရပ်ကွက်ရှိ ကုရ်ဘာနီပြုလုပ်သူတချို့အား စစ်ကောင်စီတာဝန်ရှိသူများက ခေါ်ယူစစ်ဆေးခဲ့သည်ဟု မြို့ခံများ ကပြောသည်။ “ဗလီတွေမှာ နေရာကျဥ်းပြီး နွားအကောင်ရေကများတော့ တချို့က အိမ်တွေကိုဆွဲပြီး သတ်ခဲ့တယ်။ အဲဒါကြောင့် လာခေါ်ပြီး စစ်ဆေးခဲ့တယ်လို့ သိရတယ်”ဟု အစ္စလာမ်ဘာသာဝင် မြို့ခံအမျိုးသား ကပြောသည်။ သက်ဆိုင်ရာတာဝန်ရှိသူများက ဗလီဆရာများကို အိဒ်နေ့မတိုင်မီက အစည်းအဝေးခေါ်ယူခဲ့ပြီး ကုရ်ဘာနီပြုလုပ်မည့် သားကောင်များကို ပြုလုပ်မည့်ရက် ပြုလုပ်ရမည့်နေရာကို တိတိကျကျ သတ်မှတ်ပေးထားပြီး ယင်းအတိုင်း ဆောင်ရွက်ခြင်းမရှိလျှင် အရေးယူခံရမည်ဟု ပြောဆိုခဲ့ကြောင်း မြို့ခံဗလီဆရာတစ်ဦးက ရှင်းပြသည်။ “ကျွန်တော်တို့က အဲဒီစည်းကမ်းချက်တွေကို အိဒ်နေ့မတိုင်မီကတည်းက ဗလီမှာလည်း […]

ကံစမ်းမဲပေါက်သည်ဆိုကာ ရွှေထည်အတုများဖြင့် လိမ်လည်မှု ခေတ်စားလာ

Dawei Watch

June 29, 2023

ကံစမ်းမဲပေါက်သည်ဟုဆိုကာ ဖုန်းဆက်ပြီး လက်ဝတ်ရတနာအတုများကို လိမ်လည်ရောင်းချမှုများ ဆက်တိုက်ရှိလာနေကြောင်း မြိတ်မြို့ခံအချို့ထံမှ သိရသည်။ “အသိတစ်ယောက်လည်း ဒီလိုပဲ မဲပေါက်တယ်။ ဈေးပေါပေါနဲ့ရတာ၊ မှာပြီးတော့ ရွှေဆိုင်မှာ သွားရောင်းတော့ ရွှေမဟုတ်ဘဲ ကြေးဖြစ်နေတာ” ဟု အသက် ၄၀ နှစ်ရှိ မြိတ်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ဖုန်းဆက်ကာ လိမ်လည်ရောင်းချမှုများသည် ပြီးခဲ့သည့် တစ်လ‌ကျော်ခန့်မှစပြီး လက်ရှိအချိန်အထိ ခပ်စိပ်စိပ် ရှိလာနေကြောင်း မြို့ခံအချို့က ဆိုသည်။ “ဒီမနက်(ဇွန်လ ၂၉ ရက်) ပဲ ဖုန်းဆက်လာတယ်၊ ကိုင်နေတဲ့ ဖုန်းနံပါတ်က မဲပေါက်တာပေါ့၊ မဲက ဆွဲကြိုးတစ်ကုံးပေါက်လို့ လကုန်ပြီး ၅ ရက်နေ့ကျရင် ပို့ပေးမယ်တဲ့ ပစ္စည်းရောက်မှ ငွေချေပေါ့ ပို့ခရောအပြီး ငါးသောင်းကျမယ် ပြောတယ်” ဟု မြိတ်တောင်ရပ်နေ အသက် […]

ပြည်သူ့စစ်ဖွဲ့စည်းမည် ဆိုသောသတင်းကြောင့် ​ဒေသခံများ စိုးရိမ်နေ

Dawei Watch

June 29, 2023

မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စုတွင် ပြည်သူ့စစ်ဖွဲ့စည်းမည် ဆိုသည့်သတင်းကြောင်း စိုးရိမ်နေရကြောင်း ဒေသခံများ ကပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျေးရွာအုပ်ချုပ်ရေးနှင့် စစ်ကောင်စီတပ်အသိုင်းအဝိုင်းမှ ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်ပြီး ဒေသခံများက စိုးရိမ်နေခြင်းဖြစ်သည်။ “ဖွဲ့လိုက်ရင် ပြဿနာတွေဖြစ်ပြီး ရှုတ်ထွေးလာမှာ ကိုအားလုံးက စိုးရိမ်နေကြတာပေါ့။ ရွာကလူတွေက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အေးအေးဆေးဆေး နေထိုင်နေကြတဲ့သူတွေပါ”ဟု ကံပြင်ရွာနေ အမျိုးသား ကပြောသည်။ သစ်ယာဝကျေးရွာအုပ်စုမှာ နတ်သျှင်သန့်ရွာ၊ သဗျာရွာ၊သစ်ယာဝရွာ၊ ကံပြင်ရွာနှင့် ပနာတောင် စသည့်ကျေးရွာများဖြင့် ဖွဲ့စည်းထားပြီး ဒေသခံအများစုမှာ လယ်ယာ၊ ဥယျာဥ်ခြံမြေစိုက်ပျိုးခြင်းနှင့် တံငါလုပ်ငန်းလည်း လုပ်ကိုင်ကြသည်။ “ကျေးရွာငါးရွာကို ပြည်သူ့စစ်လုပ်ဖို့ အယောက်နှစ်ဆယ် ပေးရမယ်ဆိုပြီး ကြားရတယ်။ ဒီသတင်းကြားပြီး ရွာသားတွေအကုန်ကြောက်နေကုန်ပြီ”ဟု သစ်ယာဝရွာနေ ဒေသခံ အမျိုးသားနောက်တစ်ဦး ကပြောသည်။ သို့​သော်ယင်းအ​ခြေအ​နေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိ​သေး​ပေ။ မြိတ်မြို့နယ်တွင် ပျူစောထီးလက်နက်ကိုင်ရှိသည့် […]

ပလောက်တွင် ပျူစောထီးနှစ်ဦးကိုပစ်သတ်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ရရှိကြောင်း ပုလောစစ်ကြောင်းထုတ်ပြန်

Dawei Watch

June 27, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့တွင် ပျူစောထီးနှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်း ရမိကြောင်း ပုလောစစ်ကြောင်း (၁) က ယနေ့ထုတ်ပြန်သည်။ ပလောက်မြို့၊ သရက်တပင်ရွာနှင့် ညောင်ရှင်ကုန်းရွာနေ ပျူစောထီးနှစ်ဦးကို ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် သွားရောက်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သရက်တပင်ရွာက အသက် ၅၁နှစ်အရွယ် ပျူစောထီး ဒုခေါင်းဆောင် ဦးမျိုးတင့်နှင့် ညောင်ရှင်ကုန်းရွာနေ အသက် ၆၅ နှစ်ရှိ ပျူစောထီး ဦးစိန်သန်းတို့ဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းတို့နှစ်ဦးထံမှ AK ၂လက်၊ ကျည်ဘောက် ၄ခု၊ ကျည် ၁၃၃ တောင့်၊ လက်ပစ်ဗုံး ၁လုံး သိမ်းဆည်းရမိကြောင်း ဆိုသည်။ ၎င်းတို့နှစ်ဦးသည် စစ်ကောင်စီ၏ အမာခံဒေါက်တိုင်များဖြစ်ပြီး ပြည်သူများကို ဖိနှိပ်ခြိမ်းခြောက်နေသလို အများပြည်သူတို့၏ အလုပ်အကိုင်အခွင့်အရေးများကို […]

ကျောင်းနိမ့်ရွာတွင် နေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

June 27, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၅ ရက်နေ့ ညနေတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပုလောမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည်စထိမှန်ကာ အသက် ၅၀ ကျော်အရွယ် ဦးရဲဝင်းဆိုသူ သေဆုံးခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ကြီးအစ ရင်ဘတ်ကို မှန်ပြီး ထိုင်လျက် သေနေတာ။ သေနေမှန်းကို အိမ်နားနီးချင်းတွေ ရုတ်တရက် မသိကြဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ဦးရဲဝင်း၏ မိသားစုမှာ ပလမြို့တွင် ခေတ္တနေထိုင်ဆေးကုနေကြပြီး ၎င်းတစ်ဦးတည်း ရွာသို့ ပြန်လာနေထိုင်ချိန် သေဆုံးရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဇွန်လ ၂၅ ရက် နံနက်ကမူ […]