BREAKING
February 28, 2025

မြိတ်

မြိတ် တုန်းဗျောရွာရှိ စစ်ကောင်စီတပ်ယာယီစခန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို

Dawei Watch

July 4, 2023

မြိတ်မြို့နယ်၊ တုန်းဗျောကြီးရွာရှိ စစ်ကောင်စီတပ်ယာယီစခန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။ တုန်းဗျောကြီးရွာ စာသင်ကျောင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ် ယနေ့ ဇူလိုင်လ ၄ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်တွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့သေဆုံးကာ ဒဏ်ရာရသူအချို့လည်း ရှိသည်ဟု ကြားသိရကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ငယ်တွေနဲ့ လာပစ်တယ်။ ဒရုန်းနဲ့လည်း ဗုံးချတိုက်ခိုက်တယ်။ ထိခိုက်သေဆုံးတာတွေ ရှိတယ်။ အရေးပေါ်ကား နှစ်စီးလာတယ်။ ဘယ်နှစ်ဦးလဲဆိုတာ အတိအကျ မသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လမ်းမကြီးနံဘေးတွင် လဲကျသေဆုံးနေသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို မြင်တွေ့ရသည်ဟု ရွာသားရွာသား အချို့က ပြောဆိုနေကြပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၃၀ ခန့်ကြာပြီးနောက် စစ်ကောင်စီတပ်ဘက်က […]

မော်တုန်းရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရပြီး ရွာသားခြောက်ဦးဒဏ်ရာရ

Dawei Watch

July 4, 2023

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တနင်္သာရီမြို့နယ် မော်တုန်းအနောက်ကမ်းနေ ဒေသခံ ခြောက်ဦးထိခိုက်ဒဏ်ရာရပြီး အချို့ဆေးရုံပို့ဆောင်ထားရကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ၃ ရက် ည ၉ နာရီခန့်က မော်တုန်းအနောက်ကမ်းကျေးရွာသို့ လက်နက်ကြီးကျည် ငါးလုံး ကျရောက်ပေါက်ကွဲပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “တံတားဆိုဒ်မှာ လုပ်နေတဲ့ အလုပ်သမား လေးယောက်နဲ့ လူပျိုကြီးသားအမိတို့ ထိတယ်။ အမျိုးသမီကြီးမှာက ရင်ဘတ်အပါအဝင် သုံးနေရာထိပြီး ဒီမနက်က ဆေးရုံတင်ထားတယ်။ အခြေအနေက စိုးရိမ်ရတယ်လို့ ပြောတယ်” ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။ အလုပ်သမားလေးဦးမှာ အရှေ့ကမ်းရွာသားများဖြစ်ပြီး အနောက်ကမ်းရွာတွင် အလုပ်လာလုပ်နေသူများဖြစ်ကာ ဒဏ်ရာ မစိုးရိမ်ရဟု ဒေသခံများက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး […]

မြိတ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

Dawei Watch

July 4, 2023

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက်တွင် ဇူလိုင်လ ၃ ရက် ညခုနှစ်နာရီခွဲအချိန်က အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရကြောင်း ယင်းရပ်ကွက်နေသူတို့ထံမှသိရသည်။ အဆိုပါ ရပ်ကွက်တွင် WiFi ကြိုးပြုတ်ကျနေသဖြင့် ကုမ္ပဏီအား ဖုန်းဆက်အကြောင်းကြားရာ WiFi ကုမ္ပဏီမှ အသက် ၂၆ အရွယ်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး ပြင်ဆင်ပေးရာမှ ဓာတ်လိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရွှေပြည်တန်ရပ်ကွက်နေသူအချို့က ပြောပြသည်။ WiFi ကြိုးကို ဓာတ်ကြိုးပေါ်သို့ ပစ်တင်ရာမှ ဓာတ်ကြိုးနှင့်လက်ထိကာ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ပြီး လှေကားပေါ်မှာ ပြုတ်ကျသွားကြောင်း ရွှေပြည်တန်ရပ်ကွက်နေ မျက်မြင်တွေ့ရှိသူ တစ်‌ဦးက ပြောသည်။ “ပထမတော့ လှေကားပေါ်ကနေ ပြုတ်ကျသွားတာ၊ မြေပေါ်ကနေပြန်ထပြီး ပြန်လဲကျသွားတာ သုံးခါပြန်ထ သုံးခါပြန်လဲသွားတာ” ဟု ‌မျက်မြင်တွေ့ရှိသူက ပြောသည်။ ယင်းကဲ့သို့ ဓာတ်လိုက်ပြီးနောက် အနီးအနားနေသူတို့မှ မီးရုံးအား ဖုန်းဆက်အကြောင်းကြားခဲ့ရာ မီးခေတ္တ ဖြတ်တောက်ခဲ့ရကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ ဓာတ်လိုက်ခံရသည့် အမျိုးသား၏ မျက်လုံးတွင် […]

ပုလောကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို KNU တပ်ခွဲအဖြစ်ပြောင်းလဲဖွဲ့စည်း

Dawei Watch

July 4, 2023

ပုလောကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Palaw K-PDF ကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNU/KNDO တပ်ရင်း (၇) တပ်ခွဲ (၅) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း Palaw K-PDF က ထုတ်ပြန်ကြေညာသည်။ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ တရားဝင်ပြောင်းလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်၍ မိဘပြည်သူများကို အသိပေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သို့သော် မည်သည့် ရည်ရွယ်ချက်ဖြင့် ပြောင်းလည်းဖွဲ့စည်းခဲ့သည်ကို ထုတ်ပြန်ထားခြင်းမရှိသလို Dawei Watch ၏ ဆက်သွယ် မေးမြန်းမှုကိုလည်း လတ်တလောတွင် ပြန်လည်ဖြေကြားထားခြင်း မရှိသေးပေ။ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့ K-PDF ကို KNU/KNDO တပ်၏ ဗိုလ်ကြီးဟောင်း အသက် ၆၃ နှစ်အရွယ်ရှိ အဖူးစောကပေါ့ ခေါ် ဗိုလ်ခေါင်းဖြူက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး အာဏာသိမ်းပြီးနောက် ပုလောဒေသအတွင်း စစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်တော်လှန်နေသည့် […]

မြိတ်ရေကန်ဘောင်တွင် ချိန်းတွေ့သည့်သမီးရည်းစား ဖုန်းလုယက်ဓားထိုးခံရ၊ အမျိုးသားဖြစ်သူသေဆုံး

Dawei Watch

July 4, 2023

မြိတ်မြို့ မြစ်ငယ်ရပ်ရှိ ရေကန်ဘောင်တွင် ဇူလိုင်လ ၃ ရက် ည ၉ နာရီခန့်က ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲ ဖုန်းလုယက်ခံရပြီး ဓားဖြင့်လည်း အထိုးခံရသဖြင့် အမျိုးသားဖြစ်သူ သေဆုံးကြောင်း ယင်းရေကန်ဘောင်အနီး နေထိုင်သူတို့က ပြောသည်။ ချိန်းတွေ့နေသည့် အသက် ၂၀ ဝန်းကျင်အရွယ် သမီးရည်းစားစုံတွဲထံသို့ လူငယ်အမျိုးသားလေးဦးခန့် ရောက်ရှိလာပြီး ဖုန်းနှင့် ပါလာသည့် တန်ဖိုးရှိအစ္စည်းများပေးရန် ဓားဖြင့် ခြိမ်းခြောက်တောင်းဆိုကြောင်း ၎င်းတို့က ဆိုသည်။ “‌ကောင်လေးက ပြန်ခုခံလို့ အထိုးခံလိုက်တာလို့ ကြားရတယ်” ဟု ရေကန်ဘောင်အနီးနေသူတစ်ဦးက ပြောဆိုသည်။ ဓားဖြင့် ဆယ်ချက်ကျော် အထိုးခံလိုက်ရသဖြင့် ဆေးရုံသွားသည့် လမ်းခရီးတွင်ပင် သေဆုံးသွားကြောင်းနာရေးကူညီမှုအသင်း တာဝန်ခံတစ်ဦးက ပြောသည်။ အဆိုပါ ရေကန်ဘောင်ပတ်လမ်းတွင် နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်တို့တွင် ကျန်းမာရေးအတွက် လမ်းလျှောက်လေ့ ရှိကြပြီး […]

တနင်္သာရီတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရ

Dawei Watch

July 3, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့က ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် စစ်ကောင်စီ (၂၆၅) တပ်ရင်းက ယင်းကျေးရွာ အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထားလာရာ သကျက်ကျေးရွာအုပ်စုလမ်းတွင် နှစ်ကြိမ်ကြားဖြတ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ နံနက်ပိုင်းတွင် လငုတံတားအနီးတွင် တစ်ကြိမ်တိုက်ခိုက်ခံရပြီး နေ့လယ်ပိုင်းတွင် မယ်တော်ဂူအနီးတွင် တစ်ကြီး တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ “စစ်ကောင်စီဖက်က သုံးယောက်ဒဏ်ရာရတယ်လို့သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ လငုသည် ရွာမဟုတ်ပဲ ဥယျာဉ်စိုက်ပျိုးသည့်နေရာသာဖြစ်ပြီး သကျက်ရွာအနီးတွင်ရှိကြောင်း ဆိုသည်။ မယ်တော်ဂူသည်လည်း သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်းရွာအနီးတွင် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ညောင်ပင်ကွင်းအခြေစိုက် (၂၆၅) […]

ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးပုလောမြို့ အမည်ကိုအသုံးပြုကာ အကောင့်အတုဖြင့် ငွေအလှူခံ

Dawei Watch

July 3, 2023

ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့အမည်ကို အသုံးပြုပီး အကောင့်အတုဖြင့် ငွေကြေး အလှူခံနေသည်ကို တွေ့ရကြောင်း ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာက ထုတ်ပြန်သည်။ လူတစ်စုက BMK – ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည်ဖြင့် လူမှုကွန်ရက်တွင် အလှူခံနေရခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းစာမျက်နှာတွင် ‘ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့’ တရားဝင်စာမျက်နှာတွင် တင်ထားသည့် ဓါတ်ပုံများ၊ ဗီဒီယိုဖိုင်များကို ကူးယူဖော်ပြပြီး ဒဏ်ရာရစစ်သည်ပုံများကိုလည်း အလွဲသုံးစားလုပ်ကာ အလှူခံနေ ကြောင်း ဇွန်လ ၂၉ ရက်က ထုတ်ပြန်ထားသည်။ အလှူခံသည့်အပြင် သတင်းမှားများကိုလည်း ဖြန့်ချီနေသည်ကိုတွေ့ရကြောင်း ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဗိုလ်မိုးကြိုးအဖွဲ့သည် ဒဏ်ရာရ စစ်သည်များ၏ ဓာတ်ပုံများကို အသုံးပြုကာ အလှူခံခြင်း ယနေ့အချိန်အထိ လုပ်ဆောင်ခဲ့ခြင်း […]

တနင်္သာရီလမ်းပိုင်းကို လုံခြုံရေးအရ အနီရောင်အဆင့်သတ်မှတ်ကြောင်း ပကဖထုတ်ပြန်

Dawei Watch

July 1, 2023

မြိတ်-တနင်္သာရီ-ဘုတ်ပြင်းပြည်ထောင်စုလမ်းကို ညဖက်သွားလာခြင်းမပြုရန် တားမြစ်ထားပြီး လက်ရှိတွင် လုံခြုံရေးအရ အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ ဇူလိုင်လ ၁ရက်တွင် ထုတ်ပြန်သည်။ တနင်္သာရီမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က လက်နက်လူအင်အား ဖြည့်တင်းလာနေပြီး ပြည်သူ့ကာကွယ်ရေးအင်အားစုများဘက်ကလည်း လိုအပ်သည်များကို ပြင်ဆင်ထားကြောင်းဆိုသည်။ ယင်းနောက် နှစ်ဖက်စစ်ရေးတင်းမာမှု မြင့်တက်လာနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းနေရာများ၊ တနင်္သာရီ-ညောင်ပင်ကွင်း လမ်းပိုင်းနေရာများတွင် အထူးသတိပြုသွားလာရန် လိုအပ်ကြောင်း ဖော်ပြသည်။ ယင်းအပြင် တနင်္သာရီမြို့ပေါ်ရှိ ဌာနဆိုင်ရာအဆောက်အအုံများ၊ စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ယာဉ်တန်းများ အနီးသွားလာခြင်းကို ရှောင်ရှားကြရန်နှင့် ကားများမှန်ချမောင်းနှင်ရန်လည်း အသိပေးထားသည်။ “အရင်က စစ်ကောင်စီစစ်ကြောင်း တစ်ကြောင်းထိုးရင် ခုနစ်ဆယ်၊ ရှစ်ဆယ်ပဲသုံးတယ်။ အခုက စစ်ကြောင်း တစ်ကြောင်းမှာ နှစ်ရာလောက် အသုံးပြုလာတာကို […]