မူးယစ်ဆေးဖြန့်ဖြူးသူတစ်ဦးကို ဖမ်းဆီးထားကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်
Dawei Watch
July 13, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာနေ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတစ်ဦးအား ဇူလိုင်လ ၁၁ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်သည်။ စိတ်ကြွဆေးများအပြင် ငွေကျပ်သိန်းရာချီနှင့် ရွှေထည်လက်ဝတ်လက်စားများကိုပါ သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူမှာ အသက် ၃၈ နှစ်ရှိ ဦးကျော်အေးဖြစ်ကြောင်း ဆိုသည်။ ၎င်းနှင့်အတူ စိတ်ကြွဆေးပြား ခြောက်သောင်းကျော်၊ ငွေကျပ်သိန်း သုံးရာ့ခြောက်ဆယ်နှစ်သိန်းကျော်၊ နားဆွဲ သုံးစုံနှင့် တစ်ခြမ်း၊ ဟန်းချိန်းတစ်ပင်၊ လက်ကောက် ငါးကွင်း၊ လက်စွပ် သုံးကွင်း၊ ဆွဲကြိုးသုံးပင်နှင့် လော့ကပ်နှစ်ခု တို့ကိုပါ သိမ်းဆည်းရမိကြောင်း ဖော်ပြပါရှိသည်။ ဖမ်းဆီးရမိခဲ့သည့် ဦးကျော်အေးနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများအား ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံ၍ ဥပဒေနှင့်အညီအရေးယူမှုများ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း ရေးသားထားသည်။ လက္ကူးရွာတွင် […]