ပုလောမြို့အဝင်ဂိတ် ဖြတ်သန်းခွင့်မပေးသဖြင့် ဒေသခံများ သွားလာရန်အခက်တွေ့
Dawei Watch
July 24, 2023ပုလောမြို့အဝင် စစ်ဆေးရေးဂိတ်နှစ်ခုရှိသည့်အနက် ဂိတ်တစ်ခုကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည့်အတွက် ကျေးရွာလေးရွာနေ ပြည်သူများ အခက်တွေ့နေကြောင်း ဒေသခံများက ပြောသည်။ လက္ကူးကျေးရွာအုပ်စု၊ မှော်ကြောင်းရွာရှိ စစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထို့ကြောင့် လက္ကူး၊ မြဒေါင်၊ မှော်ကြောင်းနှင့် ပြင်းဖြူကျေးရွာနေ ပြည်သူများ ပုလောမြို့သို့ သွားရောက်ရန် အခက်အခဲကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။ “ပိတ်ထားတာက ငါးရက်လောက်ရှိပြီ။ ရွာသားတွေက လှေတွေနဲ့ ပုလောမြို့ကို သွားလာနေကြသလို အောက်ဖက်လမ်း (မြို့အဝင်ဂိတ်နောက်တစ်ခု) ကနေလည်း သွားနေကြရတယ်။ မိုးတွင်းကြီး သွားရလာရ တော်တော် ဒုက္ခရောက်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ နောက်မြို့အဝင်ဂိတ်မှ ပတ်သွား၍ ဝင်ရောက်လျှင် ခရီးနှစ်ဆဝေးပြီး သွားလာရလည်းခက်ခဲကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါကျေးရွာများနေ ပြည်သူများသည် […]