မြိတ်တွင် တိုက်ပွဲနှစ်ကြိမ်အတွင်း KNDO ရဲဘော်တစ်ဦးကျဆုံး
Dawei Watch
October 23, 2023မြိတ်မြို့နယ်တွင် ပြီးခဲ့ရက်ပိုင်းက တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO က ရဲဘော် တစ်ဦးကျဆုံးကာ စစ်ကောင်စီဘက်ကလည်း သေဆုံးမှုများပြားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ အောက်တိုဘာလ ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် တုံးဗျောကျေးရွာနှင့် ငါးရံ့အင်းရွာဟောင်းတို့တွင် KNDO အပါအဝင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။ တိုက်ပွဲအတွင်း KNDO တပ်ရင်း (၂) တပ်ခွဲ (၃) က ရဲဘော်တစ်ဦးကျဆုံးပြီး မဟာမိတ်ပူးပေါင်းတပ်က ရဲဘော်နှစ်ဦး ဒဏ်ရာရကာ အသက်အန္တရာယ်မူ စိုးရိမ်ဖွယ်ရာမရှိကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ အောက်တိုဘာလ ၂၃ရက်တွင် ထုတ်ပြန်သည်။ “ရဲဘော်တစ်ဦးကျပါတယ်။ အသက်ကတော့ လေးဆယ်လောက်ရှိပါပြီ” ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အောက်တိုဘာလ ၂၀ […]