BREAKING
May 4, 2025

မြိတ်

မြိတ်တွင် ဝန်ကြီးဟောင်းနေအိမ် ဗုံးပေါက်၊ မိသားစုဝင်တစ်ဦး ဒဏ်ရာရ

Dawei Watch

December 13, 2023

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တနင်္သာရီတိုင်း ဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဦးသိန်းလွင်၏ နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၂ ရက် ညဦးပိုင်းအချိန်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ချိန် ဝန်ကြီးဟောင်း ဦးသိန်းလွင်မှာ နေအိမ်တွင် မရှိကြောင်း မြို့ခံအချို့က ဆိုသည်။ “သူက (ဝန်ကြီးဟောင်းဦးသိန်းလွင်) အိမ်မှာမရှိတဲ့အချိန် (ဗုံး) ပေါက်တာ။ ခရီးသွားနေတယ်လို့ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ ဦးသိန်းလွင်၏ သမီးဖြစ်သူတွင်မူ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည့်အပြင် နေအိမ်၊ ကားတို့ ဗုံးစထိမှန်ပျက်စီးမှုရှိကြောင်း မြို့ခံအချို့က ဆိုသည်။ ဗုံးပေါက်သည့်နေရာသို့ စစ်ကောင်စီကတပ်က လာရောက်စစ်ဆေးခဲ့ပြီး သေနတ်ပစ်ဖောက်မှုများပြုလုပ်ခဲ့သည့်အပြင် နေအိမ်များကိုလည်း ရှာဖွေစစ်ဆေးခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၁၃ ရက်တွင်လည်း မြိတ်မြို့နေရာအချို့တွင် စစ်ဆေးမှုများရှိနေဆဲဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ ကြံ့ခိုင်ရေးပါတီဝင် ဦးသိန်းလွင်မှာ တနင်္သာရီတိုင်းအစိုးရအဖွဲ့တွင် […]

စစ်ကောင်စီတပ်ကားသုံးစီးကို ပုလောတွင် ပစ်ခတ်တိုက်ခိုက်

Dawei Watch

December 13, 2023

စစ်ကောင်စီတပ်ကားသုံးစီးကို ပုလောမြို့နယ် ၇ မိုင်အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး တပ် မြိတ်ခရိုင်တပ်ရင်း(၁)က ယနေ့ (ဒီဇင်ဘာ ၁၃) ထုတ်ပြန်ထားသည်။ ပုလောမြို့ကနေ ပလောက်မြို့ဘက်ထွက်ခွာလာသည့် စစ်ကောင်စီကားသုံးစီးကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၇ ဦး ဒဏ်ရာရခဲ့ပြီး မနက် ၉ နာရီခန့်တွင် သစ်လှတောကျေးရွာအနီးတွင် ထပ်ပြီးမိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် ကားတစ်စီးပျက်စီးခဲ့သဖြင့် စစ်ကောင်စီတပ်က နေရာမှာပင်စွန့်ပစ်ခဲ့ပြီး ယင်းကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် လမ်းပေါ်ဖြတ်သွားသည့် အရပ်သားကားတစ်စီးကို တားဆီးယူဆောင်သွားသည်ဟု အထက်ပါအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။ သို့သော်ယင်းဖြစ်စဉ်ကြောင့် စစ်ကြောင်းထိုးခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများမရှိဟု ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားသည်။

တနင်္သာရီ စစ်ကောင်စီတပ်ကို တောင်ပိုင်းညီနောင်စစ်ကြောင်း ဝင်တိုက်

Dawei Watch

December 10, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ရေဖြူရွာရှိစစ်ကောင်စီတပ်ကို တောင်ပိုင်းညီနောင်စစ်ကြောင်း (SBA)က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တောင်ပိုင်းညီနောင်စစ်ကြောင်း ထံမှသိရသည်။ ရေဖြူကျေးရွာ၊ စစ်ကောင်စီဗျူဟာကုန်းနှင့် မလှမ်းမကမ်းရှိ ကမ္ဘောဇဆီအုန်းကုမ္ပဏီရှေ့ရှိ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲခန့်က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု တောင်ပိုင်းညီနောင်သုံးဖွဲ့တွင်ပါဝင်သည့် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း ကထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်များသည် လမ်းသွားလမ်းလာများကို စစ်ဆေးနေချိန် ခရီးသည်မရှိခိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကာ တောင်ပိုင်းညီနောင်စစ်ကြောင်းဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါခဲ့သည်ဟု ထုတ်ပြန်ထားသည်။ တိုက်ပွဲဖြစ်ပြီးနောက် ရေဖြူရွာနှင့်ချောင်းလမုရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ကပြောသည်။ “လက်နက်ကြီးနဲ့ပစ်လို့ ထမင်းတောင်မချက်စားရဘူး။ အိမ်အောက်မှာ ဆင်းဝပ်ပြီးနေရတယ်”ဟု ရေဖြူရွာနေ […]

မြိတ်မီးပွိုင့်အချို့ ပျက်နေသော်လည်း နှစ်လကျော်ကြာသည်အထိ ပြင်ဆင်မှုမရှိ

Dawei Watch

December 10, 2023

မြိတ်မြို့ရှိ အသွားအလာများသည့် လမ်းဆုံ၊ လမ်းခွများတွင် တပ်ဆင်ထားသည့် မီးပွိုင့်အချို့ ပျက်နေသည်မှာ နှစ်လကျော်ကြာလာပြီဖြစ်သော်လည်း ပြင်ဆင်မှုမရှိသေးကြောင်း မြို့ခံများထံမှ သိရသည်။ မြို့ပေါ်ရှိ မီးပွိုင့် ဆယ့်ခြောက်‌နေရာအနက် ခြောက်‌နေရာတွင် အောက်တိုဘာလအစမှစပြီး ပျက်နေခြင်းဖြစ်ကာ ယနေ့အထိ မကောင်းသေးကြောင်း မြို့ခံအချို့က ပြောပြသည်။ “မီးပွိုင့်ကပျက်နေတော့ ယာဉ်ကြောရှုတ်တာပေါ့၊ ယာဉ်ကြောရှုတ်တော့ တိုက်မိမလို့ဖြစ်တာ ခဏခဏပါဘဲ” ဟု ကန်ဖျားရပ် ကုန်စိမ်းဈေးဟောင်းလမ်းဆုံအနီးရှိ သုံးဘီးအငှားယာဉ်မောင်း တစ်ဦးက ပြောသည်။ ကုန်စိမ်းဈေးဟောင်းလမ်းဆုံအပါအဝင် တပ်ပြင်ရပ်ရှိ ( လမ်းဆုံလက်ဖက်ရည်ဆိုင်) လမ်းဆုံ၊ ကန်ဖျားမြေနီလမ်းနှင့် ကြံတောလမ်းဆုံ၊ အောင်ဆန်းလမ်းမကြီးနှင့် ရွှေပြည်တန်လမ်းဆုံ၊ ရာပြည့်လမ်းမကြီးနှင့် အောင်မင်္ဂလာလမ်းဆုံ၊ ဆန်းသီရိလမ်းဆုံ စသည့် မီးပွိုင်ခြောက်နေရာတွင် မီးမလာသည်မှာ နှစ်လအကြာအထိ ရှိနေပြီဖြစ်ကြောင်း အငှားယာဉ်မောင်းအချို့က ပြောပြသည်။ ယင်းမီးပွိုင့်များအနက် ကုန်စိမ်းဈေးဟောင်းလမ်းဆုံ၊ တပ်ပြင်ရပ်ရှိ ( […]

မြိတ်တွင် စပါးဈေး ယမန်နှစ်ထက် နှစ်ဆနီးပါးမြင့်တက်

Dawei Watch

December 8, 2023

မြိတ်ဒေသက ထွက်ရှိသည့် စပါးဈေးနှုန်းသည် ယမန်နှစ်ထက် နှစ်ဆနီးပါးအထိမြင့်တက်လာကြောင်း စပါးစိုက်တောင်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက စပါးတစ်တင်းလျှင် ၁၂၀၀၀ ကျပ်ရှိခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ၁၇၅၀၀ မှ ၂၀၀၀၀ ကျပ်အထိ ရှိလာကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဒီနှစ်က မိုးလေလည်းမှန်တာဆိုတော့ မနှစ်ကထက် စပါးနည်းနည်းပိုရကြတယ်။ စပါးဈေးကလည်း ပိုရတာပေါ့” ဟု ကျွန်းစုမြို့နယ် သဇင်ကျေးရွာမှ လယ်ခုနစ်ဧက ပိုင်ဆိုင်သည့် ‌တောင်သူတစ်ဦးက ပြောသည်။ စပါးဈေးမြင့်တက်လာသော်လည်း အခြားတစ်ဖက်တွင် စိုက်ပျိုးရေးသွင်းအားစုများအပြင် အထွေထွေစရိတ်စကများ မြင့်တက်လာခြင်းကြောင့် အကျိုးအမြတ် နည်းကြောင်း စပါးစိုက်တောင်သူအချို့က ဆိုသည်။ “ဈေးတက်ပေမယ့် သိပ်မကျန်ဘူးပေါ့။ ကိုယ်စိုက်ထားတဲ့ ငွေရင်းနဲ့ စားဖို့အတွက် စပါးကျန်တာပေါ့” မြိတ်မြို့နယ် တောင်ရှည်ရွာရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။ စပါးစိုက်ပျိုးရန် ကုန်ကျထားသည့် […]

ကျွန်းစု မင်းဂုတ်ရွာတွင် တိုက်ပွဲဖြစ်နေ

Dawei Watch

December 8, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ မင်းဂုတ်ရွာတစ်ဝိုက်တွင် ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတို့က ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် မင်းဂုတ်ရွာနှင့် မောင်းလှော်ရွာ ဒေသခံများ ထွက်ပြေးနေကြရကြောင်းဒေသခံများက ပြောဆိုသည်။ “လှေတွေနဲ့ ထွက်ပြေးတဲ့သူ ထွက်ပြေး၊ တချို့ မပြေးနိုင်တဲ့သူကလည်း ဘုန်းကြီးကျောင်းမှာ သွားနေကြရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားသည့် အကြောင်းအရင်း၊ တိုက်ပွဲနောက်ဆက်တွဲ အခြေအနေများနှင့်ပတ်သက်ပြီး Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းကလည်း မင်းဂုတ်ကျေးရွာရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ လာရောက်တိုက်ခိုက်ခဲ့သေးသည်။ တိုက်ပွဲဖြစ်နေသည့် […]

တနင်္သာရီ ထုံခါအကျဥ်းစခန်းကို တောင်ပိုင်းညီနောင်စစ်ကြောင်းမီးရှို့

Dawei Watch

December 4, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ထုံခါရွာရှိ စစ်ကောင်စီအကျဥ်းစခန်းကို တောင်ပိုင်းညီနောင် စစ်ကြောင်းက မီးရှို့လိုက်ကြောင်း ကော်သူးလေတပ်မတော် KTLA (tcjf) ထံမှသိရသည်။ ထုံခါရွာရှိ ဆင်ဖြူရှင် (၄) အကျဥ်းစခန်းကို ဒီဇင်ဘာ ၃ ရက်တွင် တောင်ပိုင်းညီနောင်စစ်ကြောင်းက သွားရောက်မီးရှို့ခြင်းဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၄ရက်တွင် ထုတ်ပြန်ထားသည်။ ပူးပေါင်းတပ်က ဝင်ရောက်မီးရှို့ရာ မီးလောင်ရန် မလွယ်သည့် အဆောက်အအုံ (အုတ်၊ တိုက်) နှစ်ခုသုံးခုမှ လွဲ၍ ကျန်အဆောက်အအုံ အားလုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အကျဥ်းစခန်းမှာက ရဲရော အကျဥ်းသားတွေရော မရှိတော့ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက စွန့်ခွာသွားကြပြီ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဝန်ထမ်းများ စခန်းကိုစွန့်ခွာသွားကြပြီးနောက် စစ်ကောင်စီတပ်များ မကြာခဏ […]

ကင်းမွန်ဈေးကျဆင်းသဖြင့် မြိတ်က ငါးဖမ်းလှေအချို့ အခက်တွေ့

Dawei Watch

December 3, 2023

မြိတ်မြို့ရှိ ရေထွက်ကုန်တစ်မျိုးဖြစ်သည့် ကင်းမွန်ဈေးနှုန်းများ ကျဆင်းနေသဖြင့် ငါးဖမ်းလှေအချို့ အခက်တွေ့နေရကြောင်းကင်းမွန်ဈေးကွက်နှင့် ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်သူတို့မှ သိရသည်။ ကင်းမွန်ငါးဖမ်းလုပ်ငန်းရာသီအား နှစ်စဉ် ( သီတင်းကျွတ်ကာလပြီးနောက်) နိုဝင်ဘာလမှစပြီး ဧပြီလကုန်အထိ လုပ်ကိုင်လေ့ရှိကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက နံပါတ် ၁၊ ၂၊ ၃ ဆိုဒ်ရှိ ကီလိုနှစ်ဆယ်ပါ ကင်းမွန်တစ်ဗန်းလျှင် နှစ်သိန်းတစ်သောင်းငါးထောင်ကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် တစ်သိန်းငါးသောင်းကျပ်၊ နံပါတ် ၅ ဆိုဒ် တစ်သိန်းကျပ်၊ နံပါတ် ၆ ဆိုဒ် ငါးသောင်းကျပ် ရှိခဲ့ကြောင်း ယင်းဈေးကွက်မှ သိရသည်။ နိုဝင်ဘာလကုန်ခန့်မှစပြီး နံပါတ် ၁၊ ၂၊ ၃ ဆိုဒ်ရှိ ကီလိုနှစ်ဆယ်ပါ ကင်းမွန်တစ်ဗန်းလျှင် တစ်သိန်းကိုးသောင်းငါးထောင်ကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် […]