ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းအား ညဖက်အသုံးမပြုရန် PDF တားမြစ်
Dawei Watch
September 15, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းအား ညဖက်အသုံးပြုမောင်းနှင်သွားလာခြင်းမပြုရန် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်တွင် ထုတ်ပြန်ထားသည်။ ပုလောမြို့နယ် ကျေးရွာဒေသအသီးသီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေချိန် မှားယွင်းပစ်ခတ်ခံရခြင်း မဖြစ်စေရန် အသိပေးခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ပြည်ထောင်စုလမ်းအား ည ၇ နာရီမှ နံနက် ၅ နာရီအထိ အသုံးမပြုကြရန် တားမြစ်ထားသည်။ တားမြစ်ထားသောအချိန်အတွင်း ခရီးသွားလာပါက မှားယွင်းပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး အရေးပေါ် သွားလိုပါက ခိုင်လုံသောအကြောင်းပြချက်ဖြင့် ဆက်သွယ်ပြီးသွားလာခွင့်တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ဆက်သွယ်ချင်ရင် ကျွန်တော်တို့ရဲ့(Facebook) Page ဖြစ်တဲ့ (Palaw Regional Defense Force) ဆက်သွယ် နိုင်ပါတယ်။ အဲဒီကတစ်ဆင့် ဖုန်းနံပါတ်ကို ပေးပါလိမ့်မယ်” […]