တနင်္သာရီ မြို့ဟောင်းရွာက မိုင်းနင်းမိသည့်ရွာသား ခြေနှစ်ဖက်စလုံးဆုံးရှုံး
Dawei Watch
January 9, 2024တနင်္သာရီမြို့နယ်၊ မော်တုံးကျေးရွာအုပ်စု၊ မြို့ဟောင်းရွာက မိုင်းနင်းမိသည့် ရွာသားတစ်ဦး ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ မြို့ဟောင်းရွာသား အသက် ၄၅နှစ်အရွယ် အမျိုးသားသည် ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းက ဝါးခုတ်သွားစဉ် အမှတ် ၃၀၆ စစ်ကောင်စီ အမြောက်တပ်ရင်း၏ တောင်ဘက် ပေ ၁ဝဝ ဝန်းကျင်အကွာတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ မိုင်းနင်းမိသည့်နေ့က ဘယ်ဘက် ခြေထောက် ဖြတ်တောက်လိုက်ရပြီး ညာဘက်ခြေထောက်မှာလည်း ဒဏ်ရာပြင်း ထန်သဖြင့် ဇန်နဝါရီလ ၇ရက်တွင် ဖြတ်တောက်လိုက်ရကြောင်း ကူညီပေးနေသူတစ်ဦးက ပြောဆိုသည်။ အဆိုပါအမျိုးသားသည် ဒဏ်ရာပြင်းထန်သဖြင့် ဒီဇင်ဘာလ ၃၁ ရက်တွင် တနင်္သာရီမြို့ဆေးရုံမှတစ်ဆင့် မြိတ်မြို့ရှိ စစ်ဆေးရုံသို့ လွှဲပြောင်းထားရကြောင်း မော်တုံးရွာသားတစ်ဦးက ဆိုသည်။ “တနင်္သာရီမြို့ဆေးရုံကို အရင်ဆုံး သယ်ဆောင်သွားပြီး […]