လက်အောက်ငယ်သားအပေါ် ကိုယ်ထိလက်ရောက်ပြုမူသည့် ပုလော PDF ဒုတပ်ရင်းမှူးကို ရာထူးမှယာယီရပ်ဆိုင်း
Dawei Watch
January 17, 2024လက်အောက်ငယ်သားနှစ်ဦးအပေါ် ကိုယ်ထိလက်ရောက်ပြုမှုခဲ့သည့် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဒုတပ်ရင်းမှူး ကျော်ထင်အောင်ကို ရာထူးမှ ယာယီရပ်ဆိုင်းထားကြောင်း ယင်းတပ်ရင်း၏ တပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဒုတပ်ရင်းမှူးကိစ္စကို KNDO တပ်ရင်း (၇) တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်း ဦးဆောင်ကာ တပ်ဖွဲ့အတွင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဒုတပ်ရင်းမှူးကို တစ်လယာယီရပ်နားလိုက်ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တိုင်ကြားရေးကော်မတီကလည်း စုံစမ်းစစ်ဆေးနေကြောင်း စစ်ဒေသခွဲ အမှတ် (၃) ၊ ဒုစစ်ဒေသခွဲမှူး-၂ ရဲဘော်ဂျူပီတာက ဆိုသည်။ “စုံစမ်းစစ်ဆေးနေတဲ့ ကာလအတွင်း တာဝန်ကနေ ယာယီရပ်ဆိုင်းပါမယ်။ ပြီးရင် စုံ/ခုံနဲ့ စစ်ပါမယ်” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၂၃ ရက်က […]