BREAKING
April 2, 2025

မြိတ်

ဘုတ်ပြင်းရှိ ယုဇနဆီအုန်းခြံအတွင်း အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်

Dawei Watch

March 12, 2025

ဘုတ်ပြင်းမြို့နယ်ရှိ ယုဇနဆီအုန်းခြံအတွင်း လုပ်ငန်းခွင်ဝင်နေသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိသဖြင့် ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ယနေ့(မတ်လ ၁၂ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် ယုဇနကုမ္ပဏီပိုင် ဆီအုန်းခြံအတွင်း အလုပ်လုပ်နေသည့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိခြင်းဖြစ်ကြောင်း ချောင်းမွန်ရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ အမျိုးသမီးမှာ ယုဇနဆီအုန်းကုမ္ပဏီ၏ အလုပ်သမားတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “ဒဏ်ရာက တော်တော်ပြင်းတယ်လို့ ကြားတယ်။ နေ မွန်းတည့်ချိန်ဆိုတော့ သွေးတွေတော်တော်ထွက်ပြီး အထဲကအရိုးတွေတောင် မြင်နေရတယ်” ဟု ချောင်းမွန်ရွာနေ အထက်ပါဒေသခံက ပြောသည်။ ဒဏ်ရာရသွားသည့်အမျိုးသမီးကို ကနဦးကုသပေးပြီးနောက် ဘုတ်ပြင်းဆေးရုံသို့ တင်ပို့လိုက်ကြောင်း ၎င်းက ဆိုသည်။ ဆီအုန်းခြံအတွင်း မိုင်းပေါက်ကွဲသည့်အသံကို ချောင်းမွန်ကျေးရွာအထိ ကြားရကြောင်း […]

တနင်္သာရီ လယ်သစ်ရွာတွင် ဒီတိုနေတာ ပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် မိသားစုဝင် သုံးဦးဒဏ်ရာရ

Dawei Watch

March 12, 2025

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ဥယျာဥ်ခြံအတွင်းက ကောက်လာသည့် ဒီတိုနေတာ(Detonator)ကို ဘက်ထရီဖြင့် စမ်းသပ်ဆက်သွယ်ရာက ပေါက်ကွဲမှုဖြစ်ပြီး မိသားစုဝင် သုံးဦးဒဏ်ရာရသွားကြောင်း ဒေသခံအချို့နှင့်တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။ မတ်လ ၁၀ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် လယ်သစ်ရွာကျေးရွာအနီးရှိ ဥယျာဥ်ခြံအတွင်းက ကောက်လာသည့် ဒီတိုနေတာ ဒေသအခေါ် ကစ်သီးကို နေအိမ်ရှိ ဘက်ထရီနှင့်ဆက်သွယ်ကြည့်ရာက ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း အသက် ၄၄ နှစ်အရွယ် ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။ ဒီတိုနေတာ ဆိုသည်မှာ ပေါက်ကွဲစေတတ်သည့် ပစ္စည်းဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းများတွင် စနက်တံအဖြစ် ထည့်သွင်းအသုံးပြုလေ့ရှိကာ ဘက်ထရီနှင့်တွဲသုံးရသည်မျိုးရှိသလို မီးရှို့သုံးရသည်မျိုးလည်းရှိသည်။ ထိုသို့ ပေါက်ကွဲချိန်တွင် နေအိမ်အတွင်း မိသားစုဝင်ငါးဦးရှိနေရာက အသက် ၄၃ နှစ်နှင့် ၃၀ နှစ်အရွယ် အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦးတို့ […]

မြိတ်မြို့တွင် တစ်ညတည်း ဆိုင်ကယ်တိုက်မှုသုံးကြိမ်ဖြစ်ပြီး အမျိုးသားလေးဦးဒဏ်ရာရ

Dawei Watch

March 12, 2025

မြိတ်မြို့၊ ကမ်းနားလမ်းနှင့် ထားဝယ်ကမ်းရပ်တွင် မတ်လ ၁၁ရက် ညပိုင်းက ဆိုင်ကယ်တိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားလေးဦး ဒဏ်ရာရကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် မြို့ခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ ကမ်းနားလမ်းတွင် ည ၉ နာရီဝန်းကျင်၌ ဆိုင်ကယ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရကြောင်း ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။ ညနေ ၆ နာရီဝန်းကျင်တွင်လည်း မြိတ်မြို့ ထားဝယ်ကမ်းရပ် မီးပွိုင့်တွင် ဆိုင်ကယ်တိုက်မှုတစ်ခုဖြစ်ခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရကာ မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသေးကြောင်း ၎င်းက ဆိုသည်။ မြိတ်မြို့တွင် ယခုမတ်လဆန်းတွင် ယာဥ်တိုက်မှု အဖြစ်များလာပြီး ယာဥ်တိုက်မှု အများစုသည် ကမ်းနားလမ်းတွင် ဖြစ်ကာ ညဘက်တွင်အဖြစ်များလေ့ရှိကြောင်း မြိတ်မြို့အခြေစိုက် လူနာတင်ယာဥ်မောင်းသူတစ်ဦးက ပြောဆိုသည်။ “ကမ်းနားလမ်းမှာက ညဘက်ဆို ဘီယာဆိုင်ကပြန်၊ ဘားက […]

တနင်္သာရီတွင် စစ်ရှောင်များရှိသည့်နေရာကို စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ပြီး ဒရုန်းဖြင့်ပါဗုံးချ

Dawei Watch

March 12, 2025

တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းရွာက စစ်ဘေးရှောင်များရှိသည့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သလို ဒရုန်းဖြင့်လည်း ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၁၀ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်း က ၁၂၀ မမ လက်နက်ကြီးဖြင့် ခြောက်လုံးပစ်ခတ်ခဲ့ကြောင်း အနောက်မော်တုန်းရွာနေ ဒေသခံများက ပြောသည်။ ထို့အပြင် ညနေ ၄နာရီခွဲဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်က အနောက်မော်တုန်းကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ ရွာက အရပ်သားအများစုရှိတဲ့နေရာတွေကို ကျတာ။ တော်သေးတာက ရှောင်ဖို့ အချိန်ရလိုက်ပြီး ကပ်သီလေးလွဲသွားလို့။ မဟုတ်ရင် ရွာကသူတွေ တော်တော်များများ ထိခိုက်ကြမှာ” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်က […]

မြိတ်၊ ကြေးနန်းတိုင်တံတားဂိတ်တွင် ဖမ်းဆီးခံရသည့်ကားသမားနှစ်ဦး တစ်ပတ်နီးပါးကြာအထိ အဆက်အသွယ်မရ

Dawei Watch

March 12, 2025

မြိတ်မြို့နယ် ကြေးနန်းတိုင်တံတားစစ်ကောင်စီတပ် စစ်ရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ကားသမားနှစ်ဦးကို သီတင်းပတ် တစ်ပတ်နီးပါးအကြာ မတ်လ ၁၂ ရက်အထိ အဆက်အသွယ် မရသေးကြောင်း ကားသမားများ၊ နီးစပ်သူများနှင့် ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၇ ရက်က အဆိုပါဂိတ်တွင် ကုန်ကားတစ်စီးကို စစ်ဆေးပြီးနောက် ကုန်ကားမောင်သူနှင့် ကားနောက်လိုက်တို့ကို ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူအချို့က ပြောသည်။ အဆိုပါကုန်ကားမှာ မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ် မော်တုန်းရွာအနီးဝန်းကျင်ရှိ ကျေးရွာများကို ကုန်စည် ပို့ဆောင်နေသည့် ကားဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။ မတ်လ ၇ရက်တွင် မြိတ်မြို့ဘက်မှ မော်တုန်းရွာဘက်သို့သွားချိန် ကြေးနန်းတိုင်တံတားစစ်ဆေးဂိတ်တွင် အသက် ၅၀ နှစ်အရွယ် ကုန်ကားမောင်းသူနှင့် ၂၆ နှစ်အရွယ် ကားနောက်လိုက်တို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ ”ကုန်ကားဆိုတော့ အစုံတင်တာပေါ့။ စကစဘက်က […]

ခရုအုန်း ဖမ်းဆီးရရှိမှုနည်းလာပြီး ဈေးလေးဆနီးပါးမြင့်တက်

Dawei Watch

March 12, 2025

မြိတ်တွင် ခရုအုန်း (ခေါ်) အုန်းခရု ရှားပါးလာပြီး တစ်နှစ်ကျော်ကာလအတွင်း ဈေးလေးဆခန့် မြင့်တက်လာကြောင်း ပင်လယ်ထွက်ကုန်ရောင်းဝယ်သူများထံမှ သိရသည်။ ၂၀၂၃ နှစ်ကုန်ပိုင်းက ခရုအုန်း အသားသီးသန့် တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းဝန်းကျင်ဈေးရှိရာက လက်ရှိအချိန်တွင် ကျပ်လေးသောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ပင်လယ်ထွက်ကုန် အဝယ်ဒိုင်ပိုင်ရှင်အချို့က ဆိုသည်။ “ခရုအုန်းက အမြဲတမ်းမရဘူး။ အခု‌နောက်ပိုင်းရှားပါး ရေစာ (ပင်လယ်စာ) ဖြစ်လာတယ်။ ‌ပင်လယ်ငါးဖမ်းလှေတွေဝင်လို့ ကုန်(ပင်လယ်စာ)တွေ သွားယူရင်တောင် ဆယ်ခါတစ်ခါလောက်ပဲ ခရုအုန်းရ‌တော့တယ်” ဟု မြိတ်မြို့ရှိ ပင်လယ်ထွက်ကုန် အဝယ်ဒိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ ပင်လယ်အတွင်း ဖမ်းဆီးရရှိမှု နည်းလာလာသဖြင့် ဈေးတက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ရှားပါးလာတာတော့ ဟုတ်တယ်ဗျ။ အရင်က ပင်လယ်ပြင်မှာ ငါးဖမ်းပိုက်တွေချရင် ခရုအုန်းတွေ ပါပါလာတတ်တယ်။ အခုနောက်ပိုင်း ပိုက်ချရင် […]

တနင်္သာရီ ဘန်းလမွတ်ရွာတွင် လမ်းသွားလမ်းလာအရပ်သား ၂၀ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီး

Dawei Watch

March 11, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာတွင် လမ်းသွားလမ်းလာ အရပ်သား ၂၀ခန့်ကို မတ်လ ၁၀ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သားများသည် ဘန်းလမွတ်ရွာလမ်းဆုံတွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဘန်းလမွတ်ရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “လမ်းသွားလမ်းလာတွေကို တားပြီးဖမ်းတာ။ အစက သူတို့ (စကစ) ယာဉ်တန်းတွေတက်တော့ လူသားဒိုင်းအတွက် ဖမ်းထားတယ်လို့ ထင်တာ။ ယာဉ်တန်းတက်ပြီးတာတောင် ပြန်မလွှတ်တော့ ဘာကြောင့်ဖမ်းလဲဆိုတာကို မပြောတတ်ဘူး” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးခံရသူများမှာ ဘန်းလမွတ်ရွာနေ ဒေသခံများအပြင် အခြားရွာနေသူအချို့ပါ ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ်ကို မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဖမ်းဆီးခံခဲ့ရသူများကို ယနေ့ မတ်လ ၁၁ရက် နေ့လယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းနှင့်အတူ မော်တုန်းရွာအခြေစိုက် အမှတ် (၃၀၆) အမြောက်တပ်ရင်းသို့ […]

မြိတ်တွင် ရေမီတာတစ်ယူနစ် ကျပ် ၃၅၀၀ အထိပေးရ၊ အာဏာသိမ်း ၄ နှစ်တာအတွင်း ၃ ဆခန့်တက်

Dawei Watch

March 11, 2025

စစ်အာဏာသိမ်းပြီး လေးနှစ်ကြာလာချိန်တွင် မြိတ်မြို့တွင်ကောက်ခံနေသည့် ရေမီတာခဈေးနှုန်း သုံးဆနီးပါးမြင့်တက်လာကြောင်း မြို့ခံများနှင့် ရေရောင်းနေသူများထံမှ သိရသည်။ မြိတ်မြို့တွင် အစိုးရ၏ ရေပေးဝေစနစ်မရှိဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များက အဝီစိတွင်းများတူးကာ တစ်နိုင်တစ်ပိုင် ဖြန့်ဖြူးရောင်းချနေကြခြင်းဖြစ်သည်။ အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလက ရေမီတာခဈေးနှုန်းမှာ တစ်ယူနစ်လျှင် ၁၂၀၀ ဝန်းကျင်ခန့်သာရှိရာက ၂၀၂၄ ဇန်နဝါရီလတွင် ၂၆၀၀ ကျပ်ဝန်းကျင်အထိ တက်လာကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လက်ရှိ ၂၀၂၅ ခုနှစ်တွင် ရေတစ်ယူနစ်လျှင် ကျပ် ၃၀၀၀ ကျော်အထိ ကောက်ခံနေပြီး ရပ်ကွက်တည်နေရာ အပေါ်မူတည်ကာ တစ်ယူနစ်လျှင် ၃၅၀၀ ကျပ် အထိ ပေးနေရဟု ဒေသခံများကဆိုသည်။ ထိုသို့ဈေးတက်လာသည့်အတွက် ရေအတွက် ကုန်ကျစရိတ်ပိုများလာပြီး ချွေတာသုံးစွဲနေရကြောင်း မြိတ်မြို့တွင် အလှပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ “အခက်အခဲကတော့ ရေဆိုတာက […]