BREAKING
April 22, 2025

မြိတ်

PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ အသတ်ခံရသည့်ကိစ္စ စုံစမ်းရေးအဖွဲ့ဖွဲ့၍ စစ်ဆေးနေ

Dawei Watch

January 22, 2024

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့-PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူအသတ်ခံရသည့်ကိစ္စကို စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး စစ်ဆေးမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းအဖွဲ့တွင်ပါဝင်သည့် တပ်ဖွဲ့များက ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အသက် ၄၀ ကျော်အရွယ် ကိုပင်လယ်လူမှာ PRDF တပ်ဖွဲ့မှနုတ်ထွက်ခဲ့သည်မှာ ၉ လ ကျော်ရှိပြီး မိကျောင်းစစ်ကြောင်းတွင် ပြောင်းလဲတာဝန်ထမ်းဆောင်နေသူဖြစ်သည်။ အမျိုးသမီး ကလေးမီးဖွားသည့်ကိစ္စဖြင့် ခန္တီရွာကို ပြန်ရောက်နေသည့် ကိုပင်လယ်လူကို မိကျောင်းစစ်ကြောင်းမှ ကိုဝိုင်လူး ဆိုသူအပါအဝင် လက်နက်ကိုင် ၈ ဦးနှင့် ရွာခံ ၃ ဦးက ယခုလ ၈ ရက်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆွေမျိုးနီးစပ်တော်သူများနှင့် တော်လှန်ရေးအဖွဲ့ဝင်အချို့က အတည်ပြုပြောဆိုထားသည်။ ယင်းသို့ ဖမ်းဆီးသွားပြီးနောက်ရက် နေ့လယ် ၁၁ နာရီခန့်တွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။ ယင်းသို့ အသတ်ခံရသည့်ကိစ္စအတွက် အမှန်တရားကိုလိုချင်ကြောင်း မိသားစုဝင်များက တောင်းဆိုထားသလို […]

ညောင်ပင်ကွင်းတံတားအနီး နှစ်ဖက်ပစ်ခတ်မှုအတွင်း အမျိုးသမီးကြီးတစ်ဦး ကျည်ထိမှန်သေဆုံး

Dawei Watch

January 21, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ တံတားအနီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း အသက် ၆၀ ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ရွာသားများက ပြောသည်။ ဇန်နဝါရီလ ၁၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ရွာသားတို့က ဆိုသည်။ ကျည်ထိမှန်သေဆုံးသူ ညောင်ပင်ကွင်းတံတားထိပ် (အနောက်ဘက်ကမ်း) တွင် နေထိုင်သည့် ဒေါ်အေးဆိုသူဖြစ်ပြီး နေအိမ်အနီးတွင် ကျည်ထိမှန်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ညနေ ၃ နာရီခွဲလောက် လက်နက်ငယ်အသံတွေ စကြားရတယ်ရှင့်။ ဒေါ်အေးက ပုန်းနေသေးတယ်။ သေနတ်သံ ခဏစဲလို့ အပြင်ထွက်ပြီး အမှိုက်ထွက်သိမ်းတဲ့အချိန် သေနတ်ကျည်ထိသွားတယ်။ နှစ်ဖက်ပစ်နေကြတာဆိုတော့ ဘယ်ဘက်ကလာတဲ့ ကျည်ဆန်မှန်းတော့ မသိဘူး” ဟု ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဒေါ်အေး၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၁၉ရက်တွင် ညောင်ပင်ကွင်းရွာအရှေ့ဘက်ကမ်းတွင် သင်္ဂြိုဟ်ခဲ့ကြောင်း […]

မြိတ်မြို့ အလယ်ကျွန်းရပ်ကွက်တွင် နေအိမ်တစ်လုံးမီးလောင်၊ အမျိုးသားနှစ်ဦး ဒဏ်ရာရ

Dawei Watch

January 21, 2024

မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက် ၊ ပုလဲလမ်းတွင် ယနေ့ ဇန်နဝါရီလ ၂၁ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းကြောင်း မြို့ခံများကပြောသည်။ မီးလောင်သည့် နေအိမ်သည် ဦးစိုးလင်းနှင့် ဒေါ်ချစ်သန်းတို့၏ နေအိမ်ဖြစ်သည်ဟု ကနဦးသိရပြီး မီးလောင်ကျွမ်းသည့်အကြောင်းအရင်းကိုမူ မသိရသေးပေ။ “၅နာရီကျော်ကျော်လောက်မှာ မီးညွန့်ကျိုးသွားတယ်။ မီးသတ်တွေကတော့ အခုထိ မီးကြွင်းမီးကျန် ရှင်းလင်းရေးလုပ်နေတုန်းပဲ” ဟု မီးလောင်မှုအနီးရောက်ရှိနေသည့် မြို့ခံတစ်ဦးက ယနေ့ည ၆နာရီဝန်းကျင်က ပြောသည်။ မီးလောင်မှုအတွင်း အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရခဲ့ပြီး လူနာတင်ယာဥ်ဖြင့် မြိတ်ဆေးရုံသို့ ပို့ဆောင်သွားကြောင်း မြို့ခံပရဟိတအဖွဲ့များထံက သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ၂၀ရက်) ညကလည်း မြိတ်မြို့၊ ထားဝယ်စုရပ်ရှိ နတ်မြင်းပျံစက်ပစ္စည်းဆိုင် အဆောက်အအုံတွင် မီးလောင်ပြီး အမျိုးသားတစ်ဦးဒဏ်ရာရခဲ့သေးသည်။

မြိတ်မြို့ စက်ပစ္စည်းအရောင်းဆိုင်တစ်ခုတွင် မီးလောင်

Dawei Watch

January 21, 2024

မြိတ်မြို့ ၊ ထားဝယ်စုရပ်တွင် ဖွင့်လှစ်ထားသည့် နတ်မြင်းပျံ စက်ပစ္စည်း အရောင်းဆိုင်တွင် ယမန်နေ့(ဇန်နဝါရီလ ၂၀ ရက်) ည ၈ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။ စက်ပစ္စည်းအရောင်းဆိုင်နှင့် လူနေအိမ်တွဲ၍ တည်ဆောက်ထားသည့် ၅ ထပ်အဆောက်အဦး မီးလောင်မှုကြောင့် စတုတ္ထမြောက်အထပ်ရှိ အခန်းတစ်ခန်း ပျက်စီးသွားခဲ့ကြောင်း မီးငြှိမ်းသတ်ရာတွင် သွားရောက်ကူညီခဲ့သည့် ပရဟိတအဖွဲ့ထံမှသိရသည်။ မီးလောင်မှုအတွင်း အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်း ၎င်းတို့ကဆိုသည်။ “မီးငြှိမ်းသတ်တာကတော့ ဆယ်မိနစ်လောက်နဲ့ မီးထိန်းနိုင်သွားတယ်။ အိမ်ထဲမှာ မီးခိုးတွေ သန့်ရှင်းပြန်လုပ်တာနဲ့ ရှင်းလင်းရေး ပြန်လုပ်တာပါရောဆိုရင်တော့ တစ်နာရီလောက်ကြာသွားတယ်” ဟု ဖြစ်စဥ်အတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြို့ခံလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မြိတ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမရှိသဖြင့် […]

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်တစ်ဦး လှေပေါ်တွင် ကလေးမွေး

Dawei Watch

January 19, 2024

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်တစ်ဦး လှေပေါ်တွင် ကလေးမွေးဖွားကြောင်း တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေး အဖွဲ့ထံမှ သိရသည်။ ဗိုက်နာသဖြင့် သွားရောက်သယ်ဆောင်လာစဉ် ယနေ့ ဇန်နဝါရီလ ၁၉ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ပဝချောင်းထဲရှိ လှေပေါ်၌ အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်ကျန်းမာရေးတာဝန်ရှိသူများက အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ “ဗိုက်နာလို့ ခေါ်တော့ ကျွန်တော်တို့ (လှေနဲ့) သွားသယ်ပေးတယ်။ ဆရာမတွေကို သွားခေါ်လာပြီး အဲဒီလှေပေါ်မှာပဲ မွေးပေး လိုက်ရတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောဆိုသည်။ မွေးကင်းစကလေးမှာ ၇ ပေါင်နှင့် ရှစ်အောင်စရှိပြီး ယောက်ျားလေးဖြစ်ကာ မိခင်နှင့် ကလေးပါ ကျန်းမာကြောင်း ၎င်းက ဆိုသည်။ ကလေးမွေးဖွားသည် မိခင်မှာ တနင်္သာရီမြို့နယ် ဆင်ဒင်ပြင်‌ဝေါရွာဇာတိဖြစ်ပြီး တိုက်ပွဲများကြောင့် လွန်ခဲ့သည့် ၅ လခန့် ကတည်းက တနင်္သာရီစစ်ဘေးရှောင်ယာယီစခန်းတွင် […]

တနင်္သာရီမြို့နယ်တွင် လူနာတင်ယာဥ်တစ်စီးတိမ်းမှောက်

Dawei Watch

January 19, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ဗြဟ္မစိုရ် သွေးနှင့် ကျန်းမာရေးအထောက်အကူပြုအသင်း၏ လူနာတင်ယာဥ်တစ်စီး ယနေ့ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁၂နာရီခန့်က တိမ်းမှောက်ကြောင်း ယင်းအသင်းထံက သိရသည်။ ညောင်ပင်ကွင်းအုပ်စု၊ အနောက်ဘက်ကမ်းရွာက အသက် ၈၂ နှစ်အရွယ် လူနာအဘိုးတစ်ဦးအား ပျို့အိုင်ရွာ နေအိမ်သို့ ပို့ဆောင်ပေးပြီးနောက်ပြန်လာစဥ် သရက်ပင်စု (ဒေသအခေါ်) အနီးတွင် ဘယ်ဘက် အရှေ့တာယာ ပွင့်ထွက်၍ အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲထိုးကျ တိမ်းမှောက်ခြင်းဖြစ်ကြောင်း အသင်းထံမှ သိရသည်။ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နှင့် ယာဥ်ပေါ် လိုက်ပါသူများ ထိခိုက်မှု မရှိသော်လည်း လူနာတင်ယာဥ်၏ မှန်နှင့်ကိုယ်ထည် အစိတ်အပိုင်းအချို့ ကြေကွဲပျက်စီးခဲ့ကြောင်း ယင်းအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယာဥ်တိမ်းမှောက်မှု နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်၍ “ကျွန်တော်တို့ဘက်မှာ ဖုန်းလိုင်းတွေ သိပ်မကောင်းလို့ ဖုန်းတွေ အချင်းချင်းဆက်လို့မရသေးဘူး။ […]

PRDF တပ်ဖွဲ့ဝင်ဟောင်းကို မိကျောင်းစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ဟုဆို

Dawei Watch

January 18, 2024

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့-PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူကို မိကျောင်းစစ်ကြောင်းက ဇန်နဝါရီလ ၈ ရက်က ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်အချို့နှင့် ဆွေမျိုးနီးစပ်သူများက ပြောသည်။ အသက် ၄၀ ကျော်အရွယ် ကိုပင်လယ်လူမှာ PRDF တပ်ဖွဲ့မှ နုတ်ထွက်ခဲ့သည်မှာ ၉ လ ကျော်ရှိပြီး မိကျောင်းစစ်ကြောင်း တွင် ပြောင်းလဲတာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်း၏ အမျိုးသမီး ကလေးမီးဖွားမည့်ကိစ္စဖြင့် မိကျောင်းစစ်ကြောင်းထံ ခွင့်တစ်လယူပြီး ရွာတွင် ပြန်လာနေထိုင်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ အမျိုးသမီးဖြစ်သူမှာ ဗိုက်ခွဲကလေးမွေးထားရသဖြင့် ခွင့်နှစ်လကျော်ကြာသွားခဲ့ပြီးနောက် ဇန်နဝါရီလ ၈ ရက်ညပိုင်းတွင် မိကျောင်းစစ်ကြောင်းက ဝိုင်လူး ဆိုသူအပါအဝင် လက်နက်ကိုင်လူ ရှစ်ဦးခန့်နှင့် ရွာခံသုံးဦးတို့က ကိုပင်လယ်လူကို လာရောက် ဖမ်းဆီးသွားကြောင်း ၎င်းက ဆိုသည်။ “သူအရင်နေခဲ့တဲ့ […]

တနင်္သာရီပကဖ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေ

Dawei Watch

January 18, 2024

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ များပြားနေကြောင်း မြို့နယ်ပကဖ၏ ဆေးမှူးတာဝန်ခံက ပြောသည်။ ဇန်နဝါရီလဆန်းမှစကာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါကျေးရွာတွင် လူဦးရေ တစ်ရာကျော် ရှိသည့်အနက် ခြောက်ဆယ်ရာခိုင်နှုန်းခန့် ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။ အဆိုပါကျေးရွာမှာ တနင်္သာရီမြစ်နှင့် နီးကပ်ပြီး အပူချိန်မြင့်တက်လာချိန်တွင် ရေခမ်းခြောက်လေ့ရှိကြောင်း ၎င်းက ပြောဆိုသည်။ “ရေနဲ့လည်းဆိုင်တယ်။ အပူချိန်မြင့်လာတော့ ရေခမ်းခြောက်လေ့ရှိတယ်။ မြစ်ရေသုံးတဲ့အခါမှာ ရေကို ကျိုချက်ပြီး မသောက်တဲ့အချိန်ကျတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်ပေါ့” ဟု အဆိုပါ ဆေးမှူးက ပြောသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အဆိုပါကျေးရွာမှာ PDF စိုးမိုးနေရာတွင်တည်ရှိသဖြင့် အခြားမြို့များတွင် ဆေးကုသရန် သွားပါက စစ်ကောင်စီတပ်ဂိတ်များက အစစ်အဆေးတင်းကြပ်လေ့ရှိကြောင်း အထက်ပါဆေးမှူးက ဆိုသည်။ လက်ရှိတွင်ပင် ဆေးကုသနေရသူ ဆယ်ဦးဝန်းကျင်ရှိနေပြီး ဝမ်းပျက်ဝမ်းလျှောနှင့် ပတ်သက်သည့် ဆေးဝါးလိုအပ်ချက် […]