ပုလောငါးဖမ်းလှေငယ်များ အကန့်အသတ်ဖြင့် ငါးပြန်ဖမ်းခွင့်ပြု
Dawei Watch
October 20, 2023တစ်လကျော်ကြာ ငါးဖမ်းခွင့် ပိတ်ခံထားရသည့် ပုလောမြို့နယ်တွင် ငါးဖမ်းလှေငယ်များကို နေရာအကန့်အသတ်ဖြင့် ပြန်ဖမ်းခွင့်ပြုလိုက်ကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်နေ့မှစပြီး ငါးဖမ်းလှေငယ်များ ပင်လယ်ပြင်မထွက်ရန် စစ်ကောင်စီရေတပ်မှ နှုတ်မိန့်ဖြင့်ပိတ်ပင်ခဲ့ပြီး တစ်လကျော်အကြာ အောက်တိုဘာ ၁၈ ရက်ကစတင်ပြီး ပြန်လည်ဖမ်းဆီးခွင့် ပြုပေးခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “ရေလုပ်သားတွေ အားလုံးက ရာအိမ်မှူးတွေကတစ်ဆင့် ဝိုင်းပြီး တင်ပြတောင်းဆိုတော့ တမြန်နေ့ကခွင့်ပြုချက်ရတယ်။ လက်ရှိတော်တော်များများက ပြန်ထွက်ဖမ်းနေကြပြီ။ မထွက်ရသေးတဲ့ လှေတွေလည်းရှိနေကြတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ပြန်လည်ဖမ်းဆီးခွင့်ပြုရာတွင် ရေတပ်စစ်သင်္ဘောများ ရပ်နားထားသည့် နေရာအနီးသို့ လာရောက်ဖမ်းဆီးခွင့် မပြုကြောင်း ဒေသခံများကဆိုသည်။ “လုံးဇယာကျွန်းဘက်ကိုတော့ လာခွင့်မပေးဘူး။ အဲဒီဘက်မှာ ရေတပ်သင်္ဘောတွေ စောင့်နေကြတယ်”ဟု ဒေသခံနောက်တစ်ဦး ကလည်းပြောဆိုသည်။ လုံးဇယာကျွန်း၏ အရှေ့ဖက်တွင် လက္ကူး၊ကဒဲကျေးရွာအုပ်စုရှိပြီး ကဒဲချောင်းအတွင်းရှိ […]