ပလမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ
Dawei Watch
April 9, 2024ပုလောမြို့နယ် ပလမြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။ ဧပြီလ ၈ ရက်နေ့ နံနက်၆ နာရီဝန်းကျင်က အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဇာဒီရပ်၊ ဝါးကျောင်းအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၄၅ မိနစ်ခန့်အကြာ ပစ်ခတ်မှုဖြစ်ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ပလမြို့မရဲစခန်းမှ ကင်းလှည့်ထွက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်တို့တပ်ရဲ့ ကင်းပုန်းနဲ့တိုးပြီး ပစ်ခတ်မှုဖြစ်တာပဲ။ သူတို့ဘက်က လက်နက်ကြီး ပစ်ကူပေးပြီး ပြန်ဆုတ်သွားတယ်” ဟု အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ […]