ပြည်ထောင်စုလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်က ဝင်တိုက်
Dawei Watch
May 1, 2024မြိတ်မြိုနယ်နှင့် တနင်္သာရီမြို့နယ်အကြား ပြည်ထောင်စုကားလမ်းပေါ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ထံမှ သိရသည်။ ဧပြီလ ၃၀ ရက်နေ့ နံနက် ၅နာရီခွဲခန့်တွင် အနီးကပ်ထိုးစစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ရာက မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ တိုက်ပွဲအတွင်း စစ်ဆေးရေးဂိတ်အနီးရှိ တုံးဗျောကြီးကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး အချက် ၂၀ ခန့် ပစ်ကူပေးရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားကြောင်း ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “သူတို့(စကစ) ဘက်က တနင်္သာရီဘက်က သိန္ဓောစခန်းကိုပဲ အာရုံစိုက်နေတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က သွားဖြို တိုက်ခိုက်ခဲ့တာမျိုးပေါ့။ တိုက်ပွဲအတွင်း သူတို့ဘက်က […]