BREAKING
April 21, 2025

မြိတ်

တနင်္သာရီနှင့် ဘုတ်ပြင်းအစပ်က ၁၀၂၀ တောင်စခန်းကို KNLA နှင့် ပူးပေါင်းတပ်များသိမ်းယူ

Dawei Watch

May 11, 2024

တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်အစပ်က ၁၀၂၀ တောင်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်များ ယနေ့ မေလ ၁၁ ရက် နံနက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။ ဧပြီလ ၃၀ ရက်က ၁၀၂၀ တောင်စခန်းကို Black Cobra စစ်ကြောင်းက ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ၁၂ ရက်အကြာတွင် ယနေ့ နံနက်ပိုင်းတွင် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “လက်နက်ကတော့ မရသလောက်ပဲ။ ရန်သူတွေကတော့ ထွက်ပြေးသွားတယ်ပေါ့နော်။ ရန်သူဘယ်လောက် သေတယ်ဆိုတာ မသိရသေးဘူး” ဟု ပဒိုစောအယ်နားက ဆိုသည်။ ၁၀၂၀ တောင်သည် […]

ပုလော၊ ထမင်းမစားရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

Dawei Watch

May 9, 2024

ပုလောမြို့နယ်၊ ထမင်းမစားရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ မေလ ၉ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ တာဝန်ရှိသူနှင့် ဒေသခံအချို့က ပြောသည်။ ထမင်းမစားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မေလ ၂ ရက်က စတင် တိုက်ခိုက်နေပြီး ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီဘက်က K8W ဂျက်ဖိုက်တာတစ်စင်းနှင့် Mi-2 ရဟတ်ယာဉ် တစ်စင်းတို့ဖြင့်တိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အချို့နှင့် ပြန်ကြားရေးတာဝန်ရှိသူတို့က ဆိုသည်။ လေကြောင်းဖြင့် တိုက်ခိုက်သဖြင့် ဒေသခံများထွက်ပြေးကြရကြောင်း ထမင်းမစားကျေးရွာအုပ်စု၊ နန်းပရုပ်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “လေယာဉ်လာတာ နှစ်စီး၊ (ဗုံး)ကြဲတာကတော့ များများကြီးပဲ။ ညီမတို့လည်း ထွက်ပြေးနေရတယ်။ ကြဲတာကတော့ ထမင်းမစားရွာပတ်ချာလည်ကို ကြဲတာပဲ။ ဒေသခံတွေ ထိခိုက်မှုတော့ မကြားရဘူး” […]

သဘောင်းတောင်ရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျွန်းစုပကဖ ပြော

Dawei Watch

May 9, 2024

ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု သဘောင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အသက် ၄၀ အရွယ် ဦးကျော်မြင့်ကို မေလ ၇ရက် နံနက် ၈နာရီခွဲခန့်က သွားရောက်ဖမ်းဆီးရာ ခုခံပစ်ခတ်သည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ကျွန်းစုမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။ “ကျွန်တော်တို့ကို တိုင်ထားတာတွေလည်း ရှိတယ်။ ပြီးတော့ သူကိုယ်တိုင်က ပျူစောထီးခေါင်းဆောင်ဆိုတော့ စစ်ရေး ပစ်မှတ်လို့လည်း သတ်မှတ်လို့ရတယ်။ သွားရောက်ဖမ်းဆီးတော့ အဖမ်းမခံဘဲ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်လိုက်ရတာပါ” ဟု ၎င်းက ပြောသည်။ ဦးကျော်မြင့်သည် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းမည့်သူများကို ငွေကြေးထောက်ပံ့ရန် အကြောင်းပြချက်ဖြင့် သဘောင်းတောင် ကျေးရွာနေ ပြည်သူများထံမှ အဓမ္မငွေကြေးတောင်းခံနေခြင်းကြောင့် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက […]

မြိတ်မြို့ရှိ ဧရာနဒီလွန်းကျင်းတွင် ပြုပြင်နေသည့် ငါးဖမ်းစက်လှေတစ်စီး မီးလောင်

Dawei Watch

May 8, 2024

မြိတ်မြို့၊ ကျွဲကူးရွာရှိ ဧရာနဒီအမည်ရှိ စက်လှေပြုပြင်သည့် လွန်းကျင်းတွင် ယနေ့ (မေ ၈) ညနေပိုင်းက ငါးဖမ်းစက်လှေတစ်စီး မီးလောင်မှုဖြစ်ခဲ့သည်။ ဖြိုးကျော်ကျော် ၅ အမည်ရှိ ဝါလတ်ငါးဖမ်းလှေ စက်ခန်း၌ စက်ကြီးအိတ်ဇောပိုက်အား ဂဟေဆော်ရာမှ ဆီကန်ပေါ် မီးပွားကျ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံကသိရသည်။ ညနေ ၄ နာရီ မိနစ် ၂ဝ တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းများ၏ ငြှိမ်းသတ်မှုကြောင့် မိနစ်ပိုင်းအကြာ ၄ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။ “လူထိခိုက်ဒဏ်ရာ ရတာမျိုး မရှိပါဘူး ” ဟု သွားရောက်ကူညီခဲ့သည် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။ မီးလောင်မှုကြောင့် ဂဟေဆော်ပုံးတစ်ပုံး နှင့် စက်လှေပဲ့နင်းခန်း မီးလောင်ပျက်စီးခဲ့‌ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ယခုနှစ် […]

တိုက်ပွဲကြောင့် မြိတ်-ဘုတ်ပြင်းကားလမ်းပိတ်နေသဖြင့် လှေဖြင့်သွားလာသူများလာ

Dawei Watch

May 8, 2024

မြိတ်-ဘုတ်ပြင်းသွားသည့် ပြည်ထောင်စုလမ်းပေါ်ရှိ ၁၀၂၀ တောင်တွင် တိုက်ပွဲများရက်ဆက်ပြင်းထန်နေသည့်အတွက် ကားလမ်းပိတ်ထားသောကြောင့် ရေလမ်းခရီးမှ စက်လှေဖြင့် သွားလာသူများပြားလာကြောင်း ခရီးသွားအချို့နှင့် စက်လှေပိုင်ရှင်အချို့ထံမှ သိရသည်။ ဧပြီလ ၃၀ရက်မှစပြီး မြိတ်-ဘုတ်ပြင်းသွား ကားလမ်းမပေါ်ရှိ ၁၀၂၀တောင်တွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ကားလမ်းပိတ်နေရာ မေလ၇ရက်အထိ သွားလာ၍မရသေးကြောင်း ကုန်တင်ကား မောင်းသူအချို့က ပြောသည်။ ယင်းကဲ့သို့ ကားလမ်းပိတ်နေသည့်အတွက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး အပါအဝင် ခရီးသွားလာချိန်၌ ရေလမ်းကို အားထားအသုံးပြုလာရကြောင်း မြိတ်ဒေသခံအချို့က ဆိုသည်။ ရေလမ်းဖြင့် ခရီးသွားရာတွင် လုံခြုံစိတ်ချရသည့် ခရီးသည်တင် အမြန်ရေယာဉ်ဖြင့် ပြေးဆွဲခြင်း မဟုတ်ဘဲ စက်လှေဖြင့် သွားလာနေရသည့်အတွက် အန္တရာယ်ကျရောက်နိုင်ခြေရှိနေကြောင်း မြိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ “ရေလမ်းလည်းဖြစ်တယ်၊ ညဘက်မှလည်းသွားတယ်ဆိုတော့ အန္တရာယ်အရမ်းများတယ်။ ကြားထဲ ရာသီဥတုမကောင်းရင် ရေလမ်းက […]

မြိတ်မြို့တွင် ခိုးမှု၊ လုယက်မှုများဖြစ်နေ

Dawei Watch

May 7, 2024

မြိတ်မြို့တွင် ယခုလပိုင်းအတွင်း ခိုးမှု၊ လုယက်မှုများဖြစ်ပွားနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် မြို့ခံတို့က ပြောသည်။ မြိတ်မြို့တွင် နေအိမ်ပေါ်တက်ပြီး ဖုန်း၊ ငွေသား ခိုးယူမှုများဖြစ်ပွားနေသလို ဆိုင်ကယ်စီးသွားလာစဉ် လုယက်ခံရမှုလည်း ရှိနေကြောင်း ၎င်းတို့က ဆိုသည်။ မြိုတ်မြို့ ကန်ဖျားရပ်ကွက်တွင် မေလ ၆ရက် ညနေ ၇နာရီခန့်က အမျိုးသမီးနှစ်ဦး ဆိုင်ကယ်စီးလာစဉ် လုယက်ခံရကြောင်း လုယက်ခံရသည့် ကာယကံရှင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ လူငယ်အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ဘေးချင်းကပ်လိုက်လာပြီး ဆိုင်ကယ် လက်ကိုင်အောက်တွင်ရှိသော ပစ္စည်းထည့်သည့် ဘောက်တွင်ထည့်ထားသည့် ဖုန်းကို လုယူသွားကြောင်း ၎င်းက ဆိုသည်။ “သတိတော့ထားမိတယ်။ လမ်းကွေ့တစ်ခုနားရောက်တော့ သူတို့လည်း နီးနီးကပ်ကပ် ကွေ့လာပြီး ဖုန်းကို လုတာ၊ ကျွန်မတို့လည်း ပြန်လုသေးတယ်။ ဒါပေမဲ့ အမျိုးသမီးတွေဆိုတော့ ရန်လုပ်နေမှာ ကြောက်လို့ လျှော့ပေးလိုက်ရတယ်။ လမ်းသွားလမ်းလာတွေလည်း […]

တနင်္သာရီမြို့နယ်တွင် PDF နှစ်ဦးနှင့် ဆေးတပ်သားတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

Dawei Watch

May 6, 2024

တနင်္သာရီမြို့နယ် ဘန်းပြည့်နှင့် သိန္ဒေါရွာတို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ဆေးတပ်သားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များ၏ တာဝန်ရှိသူတို့က အတည်ပြုသည်။ ဘန်းပြည့်ရွာတွင် မေလ ၃ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အဆိုပါတပ်ဖွဲ့ဝင်နှစ်ဦးမှာ မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း – ၁ တွင် ပါဝင်သည့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဘန်းပြည့်ရွာက နေအိမ်တစ်အိမ်တွင် ခေတ္တဝင်နားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ တပ်စစ်ကြောင်းက ဝင်ဝိုင်းသဖြင့် PDF နှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ “သူတို့နှစ်ယောက်ကိုတော့ ဝင်ဝိုင်းတဲ့အချိန်မှာ အရှင်မိသွားတာပေါ့။ ကျန်တဲ့လူတွေကတော့ ပစ်ခတ်ပြီးတော့ လွတ်မြောက် သွားတယ်။ ညှင်းပန်းနှိပ်စက်ပြီးမှ ခေါင်းဖြတ် […]

တနင်္သာရီ-ဘုတ်ပြင်းနယ်စပ် 1020 တောင်တွင် လေးရက်ဆက် တိုက်ပွဲပြင်းထန်

Dawei Watch

May 3, 2024

တနင်္သာရီ-ဘုတ်ပြင်းမြို့နယ် အစပ်ရှိ 1020 (ဝမ်းဇီးရိုးတူးဇီးရိုး)တောင်တွင် စစ်ကောင်စီတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်တို့ ဧပြီလ ၃၀ ရက်မှစတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။ ယနေ့ (မေ ၃)မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲဆက်ဖြစ်နေပြီး မနေ့က မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းပေါ်ရှိ ဝမ်းဇီးရိုးတူးဇီးရိုးတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို Black Cobra စစ်ကြောင်းက တိုက်ခိုက်နေခြင်းဖြစ်သည်။ Black Cobra စစ်ကြောင်းတွင် KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်) တပ်ရင်း ၁၁၊ KTLA (ကော်သူးလေတပ်) နှင့် PDF တပ်ဖွဲ့ဝင်များပါဝင်သည်။ ဘုတ်ပြင်းမြို့နယ်မှ ဝမ်းဇီးရိုးတူးဇီးရိုးတောင်တိုက်ပွဲကို စစ်ကူလာသည့် စစ်ကောင်စီတပ်ကို လမ်းဖိုးကမ်းရွာအနီးတွင် Black Cobra စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ရရှိခဲ့သည်ဟု […]