BREAKING
April 21, 2025

မြိတ်

စစ်ကောင်စီက သယ်ယူခွင့်ပိတ်ထား၍ တကူနှင့် သာရဘွင်ရွာများတွင် ဆန်ပြတ်လုနီးပါးဖြစ်

Dawei Watch

April 1, 2025

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုနှင့်သာရဘွင် ကျေးရွာအုပ်စုကို ဝင်ထွက်သွားလာနိုင်သည့် ကားလမ်းများတွင် ကုန်ပစ္စည်း သယ်ဆောင်ခွင့် ပိတ်ပင်ကန့်သတ်ထားသဖြင့် ဆန်ပြတ်လုနီးပါးဖြစ်နေကြောင်း ဒေသခံများနှင့် ဆန်ရောင်းဝယ်သူများထံမှ သိရသည်။ စစ်ကောင်စီတပ်က တကူနှင့်သာရဘွင် ကျေးရွာအုပ်စုကိုသွားသည့် ကားလမ်းများတွင် ကုန်ပစ္စည်းသယ်ဆောင်ခွင့် ပိတ်ထားသည်မှာ သုံးလခန့်ကြာပြီဖြစ်ပြီး လက်ရှိတွင် ဆန်ပြတ်လုနီးပါး ဖြစ်နေကြောင်း ဒေသခံများကဆိုသည်။ တကူနှင့်သာရဘွင်ကျေးရွာများကို တုံးဗျောဆီအုန်းကုမ္ပဏီဘက်မှ လည်ကောင်း၊ ဇဝဲကျေးရွာမှ လည်းကောင်း၊ မရင်းကြီးကျေးရွာဘက်နှင့် ဗောဓိကမ်းရွာဘက်မှလည်းကောင်း သွားရောက်နိုင်သည်။ တကူကျေးရွာအုပ်စုတွင် ကျေးရွာတစ်ဆယ်ကျော်နှင့် သာရဘွင်ကျေးရွာအုပ်စုတွင် ကျေးရွာတစ်ဆယ်ကျော်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်က အဆိုပါလမ်းများအားလုံးကို ပိတ်ထားပြီး အခြားရွာသို့သွားမည့် ကုန်ကားများ ဖြတ်သန်းပါက တကူနှင့်သာရဘွင်ရွာများကိုပို့မည့် ဆန်အိတ်ပါ၊မပါ တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိကြောင်း အသက် ၅၀ အရွယ် တကူရွာဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဆန်တွေက ရွာထဲမှာ […]

မြိတ် လူမှုကယ်ဆယ်ရေးပူးပေါင်းအဖွဲ့ ငလျင်ဘေးကူညီရန် မန္တလေးသို့ ယနေ့ထွက်ခွာ

Dawei Watch

April 1, 2025

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ လူမှုကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့သည် ယနေ့ (ဧပြီ ၁) နံနက် ၅ နာရီခန့်မှစ၍ ငလျင်ဘေး ကူညီရန် မန္တလေးမြို့သို့ စတင်ထွက်ခွာနေပြီဖြစ်ကြောင်း အထက်ပါပူးပေါင်းအဖွဲ့ထံမှ သိရသည်။ မြိတ်ခရိုင် လူမှုကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ကို မြိတ်ခရိုင်ရှိ ချစ်ကြည်ရေးပရဟိတအသင်း(မြိတ်)၊ မာဃလုလင်လူမှုကူညီရေးအသင်း၊ ရှင်သန်ခြင်းပရဟိတအသင်း၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း တို့ပူးပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူကိုစိုးကိုက ပြောသည်။ “ကိုယ်နိုင်ငံသားတွေ ခံစားနေရတာ လူမှုကွန်ရက်မှာတွေ့ ပြီး မခံစားနိုင်လို့ပါ။ အဲဒါကြောင့် ကျွန်တော်တို့ နိုင်တဲ့အားနဲ့ စုဖွဲ့ ပြီး သွားရောက်ကူညီတာပါ”ဟု ၎င်းကပြောသည်။ မြိတ်ခရိုင်လူမှုကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တွင် အဖွဲ့ ဝင် ၁၄ ဦး ခန့်ပါဝင်ပြီး ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် မန္တလေးမြို့ သို့ သွားရောက်ကာ ညီနောင်ပရဟိတအသင်းများ၊ မြန်မာနိုင်ငံ […]

မြိတ် တုံးဗျောရွာတွင် စစ်ကောင်စီရိက္ခာယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

Dawei Watch

April 1, 2025

တနင်္သာရီမြို့ဘက်သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်တန်းကို မြိတ်မြို့နယ် တုံးဗျောရွာတွင် မတ်လ ၃၁ ရက် နံနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများကို ရိက္ခာပို့ရန် မြိတ်ဘက်မှ လာသည့် ကား ၇ စီးပါ ယာဉ်တန်းကို ယင်းနေ့ နံနက် ၈ နာရီခွဲအချိန်တွင် တုံးဗျောကျေးရွာအုပ်စု လသာရွာအနီး၌ မြိတ်ပကဖက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။ မြိတ်မြို့မှ တနင်္သာရီဘက်လာသည့် စစ်ကောင်စီတပ် ရိက္ခာကား ၇ စီးကို ဆွဲမိုင်း ၆ လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောသည်။ အဆိုပါစစ်ကောင်စီယာဥ်တန်းသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကား ၅ စီးသာ တနင်္သာရီဘက်သို့ ဆက်လက် မောင်းနှင်သွားပြီး နှစ်စီးမှာ မိုင်းဆွဲခံရသည့် […]

ပုလောမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

April 1, 2025

ပုလောမြို့ အမှတ် ၄ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ အသက် ၆၀ ကျော်အရွယ် ဦးခင်မောင်ဝင်းသည် အမှတ် ၄ ရပ်ကွက် ရွှေဟင်္သာလမ်းရှိ နေအိမ်တွင်ရှိနေချိန် မတ်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းမြို့ခံကပြောသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် KNDO တပ်ရင်း ၇ တို့ပူးပေါင်းပြီး ဦးခင်မောင်ဝင်အား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ယနေ့ (ဧပြီ ၁) တွင် ထုတ်ပြန်သည်။ စစ်ကောင်စီက ပြဌာန်းထားသည့် အဓမ္မစစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာပြီးနောက် အဆိုပါအုပ်ချုပ်ရေးမှူးသည် လူငယ်များကို ဖိအားပေးပြီး စစ်မှုထမ်းဆောင်ရန်စေခိုင်းခြင်း၊ […]

စစ်ကောင်စီက ကုန်စည်သယ်ခွင့် ပိတ်ထား၍ တနင်္သာရီက ရွာသုံးရွာတွင် ကွမ်းသီးခြောက်စျေးကျ

Dawei Watch

April 1, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ ပဝရွာ၊ လယ်သစ်ရွာနှင့် သရဖုံရွာများကို စစ်ကောင်စီတပ်က ကုန်ပစ္စည်းသယ်ဆောင်ခွင့် ပိတ်ထားသဖြင့် ကွမ်းသီးခြောက်ဈေးကျနေကြောင်း ဒေသခံနှင့်ကွမ်းသီးရောင်းဝယ်သူများ ထံမှသိရသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစကာ ပဝရွာ၊လယ်သစ်ရွာနှင့်သရဖုံရွာသို့ သွားရာလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့် ကန့်သတ်ထားရာ မြိတ်မြို့သို့ ကွမ်းသီးခြောက်တင်ပို့ခွင့်မရသဖြင့် စျေးကျလာကြောင်း ဒေသခံများက ပြောသည်။ ကားလမ်းမပိတ်မီက ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဈေးရှိသော်လည်း လက်ရှိအချိန်တွင် ကျပ် ၁၅၀၀၀ ဝန်းကျင်သာ ဈေးရှိတော့ကြောင်း အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ထိုသို့ဈေးကျနေသော်လည်း တိုက်ပွဲဖြစ်ပွားနိုင်သည့်အခြေအနေများကြောင့် သိုလှောင်မထားတော့ဘဲ ရသည့်ဈေးဖြင့် ထုတ်ရောင်းနေရကြောင်း ၎င်းကပြောသည်။ “အရင်ကလို သိုမထားတော့ဘူး။ ဘယ်အချိန်ဘာနဲ့ ကြုံမယ်မှန်းမသိဘဲ တစ်နေ့ တစ်မျိုးစျေးပြောင်းနေတယ်လေ။ စျေးကျလည်း ရတဲ့စျေးနဲ့ပဲ ရောင်းနေရတယ်” […]

မြိတ်ဘက်မှ တနင်္သာရီသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်တန်းကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်

Dawei Watch

March 31, 2025

မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ ရိက္ခာလာပို့ပြီး ပြန်လာသည့် စစ်ကောင်စီယာဥ်တန်းကို တော်လှန်ရေးတပ်များက တစ်ရက်အတွင်း နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံအချို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ရိက္ခာပို့ရန် မြိတ်ဘက်မှ လာသည့် ကား ၄ စီးပါ ယာဉ်တန်းကို မတ်လ ၂၉ ရက် နံနက် ၇နာရီခွဲအချိန်တွင် ရမ်းဖိုကျေးရွာတွင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။ အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ခမရ ၅၅၆ တပ်ရင်း ၊အမှတ် ၃၀၆ အမြောက်တပ်နှင့် ခမရ ၅၅၇ တပ်များကို ရိက္ခာလာဖြည့်သည့် ကားများဖြစ်ကြောင်း အသက် ၄၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ”ဘိတ်က တက်လာတုန်းကတော့ ကား ၇ စီးဖြစ်တယ်။ ဇဝဲတပ်ထဲမှာ […]

အလှူလုပ်ရန် ဆန် ၄ အိတ်ဝယ်လာသည့် ဘန်းလမွတ်ဒေသခံကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီဖမ်းဆီး

Dawei Watch

March 31, 2025

အလှူလုပ်ရန် မြိတ်မြို့မှ ဆန်အိတ်များဝယ်ပြီး သယ်ဆောင်လာသည့် တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာ ဒေသခံတစ်ဦးကို PDF ထောက်ပို့ဟု စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ မတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မြိတ်မြို့မှ ပြန်လာသည့် ကား(ကုန်ပါတင်သည့် ကားအသေး) ပေါ်တွင် ဆန် ၄ အိတ်တင်ဆောင်လာစဉ် ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခံခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အသက် ၂၉ နှစ်ဝန်းကျင်အရွယ် ကိုနိုင်လင်းသည် ဇဝဲကျေးရွာဘုရားပွဲတွင် အလှူလုပ်ရန် ဆန်အိတ်အပါအဝင် ပစ္စည်းဝယ်ပြီးအပြန်တွင် ဆန် ၄ အိတ်ပါသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဆန်အိတ် ၄ အိတ်ပါလို့ မင်းလားကွ ထောက်ပို့ဆိုပြီး […]

တကူကျေးရွာအုပ်စုတွင် တောခုတ်လုပ်သားရှားနေသည့်အတွက် စရန်ငွေကြိုထုတ်ပေးနေရဟုဆို

Dawei Watch

March 30, 2025

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိရွာများတွင် တောခုတ်အလုပ်သမားရှားပါးနေသည့်အတွက် စရန်ငွေကြိုထုတ်ပေးပြီး ငှားရမ်နေရကြောင်း ဒေသခံများနှင့်ဥယျာဥ်ခြံ လုပ်နေသူများထံမှသိရသည်။ အဆိုပါဒေသတွင် ပြီးခဲ့သည့်နှစ်မှစကာ တောခုတ်အလုပ်သမားရှားပါနေပြီး ယခုနှစ်တွင် စရန်ငွေကြိုတင်ထုတ်ပေးပြီး ငှားရမ်းနေရကြောင်း ဒေသခံတောင်သူများက ဆိုသည်။ တကူကျေးရွာအုပ်စုရှိ ဥယျာဥ်များတွင် ကွမ်းသီးပင်ကို အဓိကစိုက်ပျိုးထားပြီး ငှက်ပျောပင်နှင့် အုန်းပင် အနည်းငယ်ကိုလည်း စိုက်ပျိုးထားကြသည်။ ”အရင်နှစ်တွေက အလုပ်သမားလိုရင် သူတို့နေအိမ်မှာ သွားခေါ်ရတယ်။ အခုက တောခုတ်ချိန်မတိုင်ခင် စရံငွေ ကြိုထုတ်ပေးထားရတဲ့ အခြေအနေတွေဖြစ်လာတယ်”ဟု အသက်၂၆နှစ်ဥယျာဥ်လုပ်နေသူကဆိုသည်။ ပြီးခဲ့သည့်နှစ်က မြက်ခုတ်စက်ဖြင့် တောခုတ်သူတစ်ဦးလျှင် နေ့စားခတစ်ရက် ကျပ်တစ်သောင်းခွဲရှိရာက ယခုနှစ်တွင် ကျပ်နှစ်သောင်းအထိ ဈေးပေါက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထို့အပြင် ကွမ်းပင်အရင်းတွင် ဓားဖြင့်မြက်ရှင်းသူတစ်ဦးလျှင် နေ့စားခအဖြစ် ၁၂၀၀၀ ကျပ်မှ ကျပ်၁၅၀၀၀ အထိ ဈေးပေါက်နေသည်။ ဥယျာဉ်ခြံ အကျယ်အဝန်းအပေါ်မူတည်ကာ အလုပ်သမားတစ်ဦးလျှင် […]