မြိတ်နှင့်ကော့သောင်းတွင် မိုးသည်း၍ သစ်ပင်များကျိုးကျ
Dawei Watch
June 1, 2024မြိတ်မြို့နှင့် ကော့သောင်းမြို့တို့တွင် မေလ ၃၁ ရက် က မိုးသည်းထန်စွာရွာသွန်းသဖြင့် သစ်ပင်များကျိုးကျကာ နေအိမ်တစ်လုံးသစ်ကိုင်းပိခြင်းနှင့် လမ်းပိတ်ဆို့ခြင်း များဖြစ်ခဲ့ကြောင်း တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ကော့သောင်းမြို့ ၊ အဏ္ဏဝါရပ်ကွက် ပြည်တော်ေအးဘုရားအနီးတွင် မေလ ၃၁ ရက် မနက်ပိုင်းက ပျဉ်ထောင်သွပ်မိုးနေအိမ်တစ်လုံးပေါ်သို့ သရက်ပင်ကျိုးကျကာ ပိမိခဲ့ပြီး မီးသတ်တပ်ဖွဲ့များက သွားရောက်ရှင်းလင်းပေးခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့ထံကသိရသည်။ မြိတ် နှင့် ကျွဲကူးကားလမ်းမပေါ်ရှိ စန္ဒဝတ်ကျေးရွာအုပ်စု ၊ ရွှေပေးရွာတွင်လည်း မေလ ၃၁ ရက် နေ့လယ်ပိုင်းက ညောင်ပင်တစ်ပင် လဲကျကာ ကားလမ်းပိတ်နေသဖြင့် သွားရောက်ရှင်းလင်းခဲ့ရကြောင်း မြိတ်ခရိုင် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ” မနေ့က မနက် ၁၁ လောက်ကတည်းကစရွာတယ် ။တစ်နေကုန်ရွာတယ်။ လေလည်းတိုက်တယ်။ အခုမနက်ကတော့ […]