တော်လှန်ရေးတပ်များ ပိတ်ဆို့ထားသည့် ပုလောကုန်းစခန်းကို စစ်ကောင်စီတပ်စွန့်ခွာ
Dawei Watch
July 30, 2024မြိတ်ခရိုင် ပုလောမြို့နယ်၊ ပုလောကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်(ပျူစောထီး)များ စခန်းစွန့်ခွာသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယင်းစခန်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်ရှိပြီး စစ်ကောင်စီတပ်၏ ခလရ ၂၈၅ တပ်ရင်းက အာဏာသိမ်းပြီးနောက် ပုလောကုန်းရွာတွင်တပ်စွဲထားခြင်းဖြစ်သည်။ တော်လှန်ရေးတပ်များက ယင်းစခန်းကိုမကြာခဏ တိုက်ခိုက်နေပြီး ပိတ်ဆို့ထားသဖြင့် စစ်ကောင်စီတပ်ဖွဲ့က ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများတင်ပို့၍ မရကြောင်း ပုလောမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ကျွန်တော့်အထင်ပြောရရင် ဒီစခန်းကနေ မဆုတ်ခင် ၅ မိုင်မှာတိုက်ပွဲဖြစ်တယ်၊ ၅ မိုင်တိုက်ပွဲမှာ ဗိုလ်တွေအရာရှိတွေကျတယ်ဆိုတော့ တပ်ရင်းအခြေအနေတွေ ကစဉ့်ကလျားဖြစ်နေလို့ ပြန်ဆုတ်တာလို့ထင်တယ်၊ အခုက သူတို့တပ်ရင်းတွေမှာလည်း အင်အားမလုံလောက်ဘူး။ အင်အားနည်းနေတယ်ပေါ့ တိုက်ပွဲဖြစ်ရင် လာကူနိုင်တဲ့ အနေအထားမရှိတော့ ပြန်ဆုတ်သွားလို့ထင်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။ […]